Friday, October 2, 2020

အမျိုးသားရေး၊ အမျိုးသားအကျိုးစီးပွါးဆိုတာ

,

ကနေ့ မြန်မာ့နိုင်ငံရေးသမားတွေ အတော်များများက ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိဆိုတဲ့စကားပုံလို ဖြစ်နေကြတယ်။ နိုင်ငံရေးလုပ်ပြီး မသုံးသင့်တဲ့ နိုင်ငံရေး ဝေါဟာရတွေ (Political Terms)ကို မိမိစိတ်ထင်သလို တာဝန်မဲ့ ဆွဲယူသုံးစွဲနေကြတယ်။

ဒစကကိုယ်တိုင်က နိုင်ငံတော်အဆင့် ကော်မတီတွေ ဖွဲ့စည်းရာမှာ အင်မတန် ကျယ်ပြန့် ပြည့်စုံခိုင်မာတဲ့ နိုင်ငံတော်အဆင့်ဆိုတဲ့ စကားလုံးကို သုံးရမယ့်အစား ကျဉ်းမြောင်းသေးသိမ်တဲ့ အမျိုးသားအဆင့်လို့ တမင်ပြောင်းသုံးနေပြန်တော့ လွန်ခဲ့တဲ့ နှစ်(၇၀)ကျော်က သူ့အဖေ ဦးအောင်ဆန်ရဲ့ နိုင်ငံရေးအသိမျိုး၊ အဆင့်မျိုး၊ သိက္ခာမျိုး၊ ကျင့်ဝတ်မျိုး မရှိတာ ထင်ရှားနေပြန်တယ်။

အမျိုးသားရေးတို့၊ အမျိုး ဘာသာ သာသနာဆိုတာတို့က နယ်ချဲ့အောက်က လွတ်မြောက်ရေးအတွက် အသုံးပြုရာမှာ လိုအပ်ခဲ့သော်လည်း အခုလို ပြည်ထောင်စု တည်ဆောက်ရာမှာ အင်မတန်အန္တရာယ်ရှိတဲ့ ပြည်ထောင်စုဖြိုခွဲရေး စကားလုံးတွေဖြစ်လို့ ဦးအောင်ဆန်းကိုယ်တိုင် လွန်ခဲ့သောနှစ်(၇၀)ကျော် ပင်လုံစာချုပ် မချုပ်ခင်ကတည်းက ပြတ်ပြတ်သားသား ပယ်ချခဲ့တဲ့ လူမျိုးရေး/ဘာသာရေး အစွန်းရောက်အတွေးအခေါ်ဖြစ်တယ်ဆိုတာကို သိတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဘယ်နှစ်ယောက်ရှိလဲဆိုတာကိုလည်း စဉ်းစားနေမိတယ်။

ဦးအောင်ဆန်းက အမျိုးသားရေးဆိုတဲ့ စကားလုံးနဲ့ ပြည်ထောင်စု တည်ဆောက်လို့ မရနိုင်တဲ့အတွက် နိုင်ငံသားကောင်းစိတ်ဓါတ် Patriotismနဲ့ အစားထိုး သုံးစွဲရမယ်လို့ ပြောကြားခဲ့တယ်။

အမှန်တစ်ကယ်တော့ အမျိုးသားရေး Nationalismဆိုတာ နာဇီဟစ်တလာ၊ နာဇီ မူဆိုလီနီနဲ့ ဖက်ဆစ်ဂျပန်တို့လို အာဏာရှင်တွေက မိမိလူမျိုးတွေကို လူမျိုးရေးအစွန်းရောက်စိတ် သွတ်သွင်းပြီး အခြားလူမျိုး အခြားနိုင်ငံတွေကို တိုက်ခိုက်စော်ကားဖို့နဲ့ မိမိအာဏာတည်မြဲရေးအတွက် သုံးစွဲခဲ့တဲ့ ဝေါဟာရဖြစ်တယ်။ 

ကနေ့လည်း နာဇီလက်သစ်တွေ (Neo-Nazi)၊ လက်ျာအစွန်းရောက်တွေ(Far-right Extremists)၊ လူဖြူကြီးစိုးရေးဝါဒီ(White Supremists)တွေက မိမိနိုင်ငံသားချင်း မတူတဲ့လူမျိုး မတူတဲ့ သာသနာတွေကို တိုက်ခိုက်စော်ကားဖို့သာ သုံးနေကြတဲ့ စကားလုံးလည်းဖြစ်တယ်။

ဒါကြောင့် ဒီနေ့ ယဉ်ကျေးတဲ့ကမ္ဘာကြီးမှာ အမျိုးသားရေး Nationalismဆိုတဲ့ စကားလုံးကို သုံးစွဲရင် သုံးစွဲတဲ့ ခေါင်းဆောင်ကို နာဇီ ဖက်ဆစ် လူမျိုးရေး ဘာသာရေး အစွန်းရောက်သူလို့ သတ်မှတ်ပြီး ရှုတ်ချခံရမှာ အသေအချာဖြစ်တယ်။ 

သို့သော် ကျနော်တို့ရဲ့ ကမ္ဘာငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒီမိုကရေစီ မိခင်၊ လူ့အခွင့်အရေး အိုင်ကွန်ကြီး ဒစကက ၂၀၁၉ ဇွန်လ(၆)ရက်နေ့မှာ ဥရောပတစ်တိုက်လုံးက ဖယ်ကျဉ်ရွံရှာခြင်း ခံနေရတဲ့ လူမျိုးရေးအစွန်းရောက် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအိုဗန်နဲ့ သူတော်ချင်းချင်း သတင်းလွေ့ပြီး မွတ်စလင်မုန်းတီးရေး ကြေညာချက်ကို မရှက်မကြောက် ထုတ်ပြန်ခဲ့တယ်ဗျာ။

ကျနော်တို့ဟာ ခေတ်မှီ တိုးတက် ငြိမ်းချမ်း တရားမျှတတဲ့ စက်ာပူလို တစ်ကယ်ပဲဖြစ်ချင်ရင် မြန်မာအစိုးရနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက စက်ာပူလို လူမျိုး/ဘာသာ/ယဉ်ကျေးမှုအရ ခွဲခြားမှုတွေ ရပ်တန်းကရပ်ပြီး စက်ာပူလို အားလုံး တန်းတူညီတူတဲ့ နိုင်ငံသားကောင်းစိတ်ဓါတ်၊ လွန်ခဲ့သော နှစ်(၇၀)ကျော်ကတည်းက ဦးအောင်ဆန်း လမ်းပြခဲ့တဲ့လမ်းကြောင်းဖြစ်တဲ့ နိုင်ငံသားကောင်းစိတ်ဓါတ် Patriotismအတိုင်း လိုက်နာကျင့်သုံးကြဖို့ လိုတယ်ဗျာ။

========================

အမျိုးသားရေး၊ အမျိုးသားအကျိုးစီးပွါးဆိုတာ

ကနေ့ မြန်မာ့နိုင်ငံရေးသမားတွေ အတော်များများက ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိဆိုတဲ့စကားပုံလို ဖြစ်နေကြတယ်။ နိုင်ငံရေးလုပ်ပြီး မသုံးသင့်တဲ့ နိုင်ငံရေး ဝေါဟာရတွေ (Political Terms)ကို မိမိစိတ်ထင်သလို တာဝန်မဲ့ ဆွဲယူသုံးစွဲနေကြတယ်။

ဒစကကိုယ်တိုင်က နိုင်ငံတော်အဆင့် ကော်မတီတွေ ဖွဲ့စည်းရာမှာ အင်မတန် ကျယ်ပြန့် ပြည့်စုံခိုင်မာတဲ့ နိုင်ငံတော်အဆင့်ဆိုတဲ့ စကားလုံးကို သုံးရမယ့်အစား ကျဉ်းမြောင်းသေးသိမ်တဲ့ အမျိုးသားအဆင့်လို့ တမင်ပြောင်းသုံးနေပြန်တော့ လွန်ခဲ့တဲ့ နှစ်(၇၀)ကျော်က သူ့အဖေ ဦးအောင်ဆန်ရဲ့ နိုင်ငံရေးအသိမျိုး၊ အဆင့်မျိုး၊ သိက္ခာမျိုး၊ ကျင့်ဝတ်မျိုး မရှိတာ ထင်ရှားနေပြန်တယ်။

အမျိုးသားရေးတို့၊ အမျိုး ဘာသာ သာသနာဆိုတာတို့က နယ်ချဲ့အောက်က လွတ်မြောက်ရေးအတွက် အသုံးပြုရာမှာ လိုအပ်ခဲ့သော်လည်း အခုလို ပြည်ထောင်စု တည်ဆောက်ရာမှာ အင်မတန်အန္တရာယ်ရှိတဲ့ ပြည်ထောင်စုဖြိုခွဲရေး စကားလုံးတွေဖြစ်လို့ ဦးအောင်ဆန်းကိုယ်တိုင် လွန်ခဲ့သောနှစ်(၇၀)ကျော် ပင်လုံစာချုပ် မချုပ်ခင်ကတည်းက ပြတ်ပြတ်သားသား ပယ်ချခဲ့တဲ့ လူမျိုးရေး/ဘာသာရေး အစွန်းရောက်အတွေးအခေါ်ဖြစ်တယ်ဆိုတာကို သိတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဘယ်နှစ်ယောက်ရှိလဲဆိုတာကိုလည်း စဉ်းစားနေမိတယ်။

ဦးအောင်ဆန်းက အမျိုးသားရေးဆိုတဲ့ စကားလုံးနဲ့ ပြည်ထောင်စု တည်ဆောက်လို့ မရနိုင်တဲ့အတွက် နိုင်ငံသားကောင်းစိတ်ဓါတ် Patriotismနဲ့ အစားထိုး သုံးစွဲရမယ်လို့ ပြောကြားခဲ့တယ်။

အမှန်တစ်ကယ်တော့ အမျိုးသားရေး Nationalismဆိုတာ နာဇီဟစ်တလာ၊ နာဇီ မူဆိုလီနီနဲ့ ဖက်ဆစ်ဂျပန်တို့လို အာဏာရှင်တွေက မိမိလူမျိုးတွေကို လူမျိုးရေးအစွန်းရောက်စိတ် သွတ်သွင်းပြီး အခြားလူမျိုး အခြားနိုင်ငံတွေကို တိုက်ခိုက်စော်ကားဖို့နဲ့ မိမိအာဏာတည်မြဲရေးအတွက် သုံးစွဲခဲ့တဲ့ ဝေါဟာရဖြစ်တယ်။ ကနေ့လည်း နာဇီလက်သစ်တွေ (Neo-Nazi)၊ လက်ျာအစွန်းရောက်တွေ(Far-right Extremists)၊ လူဖြူကြီးစိုးရေးဝါဒီ(White Supremists)တွေက မိမိနိုင်ငံသားချင်း မတူတဲ့လူမျိုး မတူတဲ့ သာသနာတွေကို တိုက်ခိုက်စော်ကားဖို့သာ သုံးနေကြတဲ့ စကားလုံးလည်းဖြစ်တယ်။

ဒါကြောင့် ဒီနေ့ ယဉ်ကျေးတဲ့ကမ္ဘာကြီးမှာ အမျိုးသားရေး Nationalism ဆိုတဲ့ စကားလုံးကို သုံးစွဲရင်၊ သုံးစွဲတဲ့ ခေါင်းဆောင်ကို နာဇီ ဖက်ဆစ် လူမျိုးရေး ဘာသာရေး အစွန်းရောက်သူလို့ သတ်မှတ်ပြီး ရှုတ်ချခံရမှာ အသေအချာဖြစ်တယ်။ 

သို့သော် ကျနော်တို့ရဲ့ ကမ္ဘာငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒီမိုကရေစီ မိခင်၊ လူ့အခွင့်အရေး အိုင်ကွန်ကြီး ဒစကက ၂၀၁၉ ဇွန်လ(၆)ရက်နေ့မှာ ဥရောပတစ်တိုက်လုံးက ဖယ်ကျဉ်ရွံရှာခြင်း ခံနေရတဲ့ လူမျိုးရေးအစွန်းရောက် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအိုဗန်နဲ့ သူတော်ချင်းချင်း သတင်းလွေ့ပြီး မွတ်စလင်မုန်းတီးရေး ကြေညာချက်ကို မရှက်မကြောက် ထုတ်ပြန်ခဲ့တယ်ဗျာ။

ကျနော်တို့ဟာ ခေတ်မှီ တိုးတက် ငြိမ်းချမ်း တရားမျှတတဲ့ စက်ာပူလို တစ်ကယ်ပဲဖြစ်ချင်ရင် မြန်မာအစိုးရနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက စက်ာပူလို လူမျိုး/ဘာသာ/ယဉ်ကျေးမှုအရ ခွဲခြားမှုတွေ ရပ်တန်းကရပ်ပြီး စက်ာပူလို အားလုံး တန်းတူညီတူတဲ့ နိုင်ငံသားကောင်းစိတ်ဓါတ်၊ လွန်ခဲ့သော နှစ်(၇၀)ကျော်ကတည်းက ဦးအောင်ဆန်း လမ်းပြခဲ့တဲ့လမ်းကြောင်းဖြစ်တဲ့ နိုင်ငံသားကောင်းစိတ်ဓါတ် Patriotismအတိုင်း လိုက်နာကျင့်သုံးကြဖို့ လိုတယ်ဗျာ။https://www.theguardian.com/world/2019/jun/06/aung-san-suu-kyi-finds-common-ground-with-viktor-orban-over-islam

https://www.facebook.com/100002036403855/posts/3348994955178352/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အမျိုးသားရေး၊ အမျိုးသားအကျိုးစီးပွါးဆိုတာ”

Post a Comment

Related Posts Plugin for WordPress, Blogger...