မှတ်ပုံတင် လုပ်ရာမှာ လဝကဌာနက ဟိုလွှတ် ဒီလွှတ် လျှောက်လွှတ်နေခွှင့်မရှိပါဘူး . ဥပဒေအရ ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက် ဆောင်ရွက်ရမှာပါ ...
မှတ်ပုံတင်လုပ်တဲ့နေရာမှာ မိဘ ၂ ပါးမှာ နိုင်ကဒ် သို့မဟုတ် အမျိုးသားမှတ်ပုံတင် ၃ ခေါက်ချိုးရှိနေပါလျှက် မင်းအဖေဘက်က ဒါလိုလို့ ,, အမေဘက်က ဒါလိုလို့ ဆိုပြီး ယုတ်မာစွာ ရစ်နေမယ်ဆိုရင် . ပြတ်ပြတ်သားသား တစ်ခွန်းတည်း ပြန်မေးလိုက်ပါ ....
ဒါဆို ကျွန်တော့်အဖေဘက်က ( သို့မဟုတ် ) အမေဘက်က ဒါတွေလိုအပ်တယ်ဆိုရင် ဘာကြောင့်များ ကျွန်တော့်အဖေ( သို့မဟုတ် ) အမေကို နိုင်ငံသားကဒ်ထုတ်ပေးခဲ့ရတာလဲ ?
သူတို့ကို သေချာစီစစ်ပြီးမှ ထုတ်ပေးခဲ့တာမဟုတ်လား ? ဒါဆို အထောက်အထားလိုအပ်ရဲ့သားနဲ့ ကျွန်တော့် အဖေ ( သို့မဟုတ် ) အမေကို မှတ်ပုံတင်ထုတ်ပေးခဲ့တဲ့ ခင်ဗျားတို့ရဲ့ စီနီယာလဝကကို ခင်ဗျားတို့ ပြန်ပြီး တရားစွဲပါ ...
ဥပဒေအရ ဟိုလွှတ် ဒီလွှတ် လျှောက်လွှတ်လို့မရပါဘူး .. ပြည်သူ့လစာကို စားထားတဲ့ သူတို့အနေနဲ့ နည်းပညာခေတ်ကြီးထဲမှာ မိမိတို့ဌာနဆိုင်ရာ အချင်းချင်း ချိတ်ဆက် ဆောင်ရွက်ကြရမှာပါ ..
နောက်တစ်ချက်က ကိုယ့်မှာအထောက်အထားပြည့်စုံနေပါရဲ့ ဟိုလွှတ် ဒီလွှတ် လျှောက်လွှတ်နေမယ်ဆိုရင် မိမိမြို့နယ်ရဲ့ လွှတ်တော်အမတ်ထံကို တင်ပြပါ . အကူအညီတောင်းပါ ...
အစိုးရက လဝကနဲ့ ပတ်သက်ပြီး တာဝန်ယူမှုမရှိလောက်အောင်ကို ပြည်သူတွေရဲ့ ခံစားချက်တွေကို ထည့်မတွက်တာလား ???
ဘယ်နိုင်ငံမှာမှ ပြည်သူတစ်ယောက်ကို မှတ်ပုံတင်လုပ်ရာမှာ ဟိုလွှတ် ဒီလွှတ် နဲ့ ဒုက္ခပေးမနေပါဘူး ..
နေ့တစ်ဓူဝ ပြည်သူတွေ ဒီလောက်တောင် တင်ပြနေတာတွေက်ု Action ယူသင့်ပါပြီ ..
ပြတ်ပြတ်သားသားကို အရေးယူသင့်ပါပြီ .....
ကမ္ဘာ့ဒီမိုကရေစီ ဘယ်နိုင်ငံမှာမှ ဒီလိုအကျည်းတန်တဲ့ လုပ်ရပ်မျိုးနဲ့ ပြည်သူတွေကို စိတ်ဆင်းရဲခြင်း / လူဆင်းရဲခြင်း ဒုက္ခတွေကို မပေးကြပါဘူး ...
ဒါတွေက အမေစုရဲ့ မူတွေ မဟုတ်ဘူးဆိုတာကို ကျွန်တော် ရိုးသားစွာယုံကြည်ပါတယ် ..
သို့သော်ငြား အမေစု အစိုးရအနေနဲ့ ဒီလိုအကျည်းတန်တဲ့ လုပ်ရပ်တွေကို အတတ်နိုင်ဆုံး ထိရောက်စွာ တားဆီးပိတ်ပင်ပေးပါလို့ ပြည်သူတစ်ယောက်အနေနဲ့ ရိုသေလေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်ဗျာ .......
စိတ်ဆင်းရဲခြင်း ဒုက္ခများမှ ကင်းဝေးကြပါစေ 💙💙💙
ကိုသားကြီး ( သာကေမြေ )
https://m.facebook.com/story.php?story_fbid=3349707461773768&id=100002036403855

