Saturday, October 17, 2020

ဟောဒီမှာ အချက်အလက် အထောက်အထား

,

မွတ်စလင်တွေအတွက် ဖွတ်လည်း မကောင်းဘူး။ လဒလည်း မကောင်းဘူး။ တခြားပါတီတွေ၊ တသီးပုဂ္ဂလတွေကို မဲပေးပါလို့ အကြိမ်ကြိမ် အကျိုးအကြောင်းနဲ့ ရှင်းပြနေတာ ကြာပြီ။ တချို့လည်း သဘောပေါက်ကြတယ်။ တချို့လည်း အခုထက်ထိ နားထူနေကြတုန်း။ 

ဟောဒီမှာ အချက်အလက် အထောက်အထား

ဝီရသူနဲ့ ဘူးလက်က အစ္စလာမ်သာသနာကော၊ အစ္စလာမ်သာသနာဝင်တွေကိုကော စော်ကားနေတာ ကြာပြီ။ 

ဒေါ်စုကြည်က ဒါတွေကို သိသိကြီးနဲ့ မသိချင်ဆောင် လွှတ်ပေးထားတာလည်း ကြာပြီ။

သူတို့နှစ်ယောက် ဝါးရမ်းပြေးဖြစ်ရတာ မွတ်စလင်နဲ့ ဘာမှမဆိုင်ဘူး။ ဒေါ်စုကြည်ကို တိုက်ခိုက်လို့သာဖြစ်တယ်။ မွတ်စလင်ကို တိုက်နေပြီး သူ့ကို မတိုက်ခိုက်သရွေ့ ဒေါ်စုကြည်က အင်မတန် သဘောကျပါတယ်။

ဝီရသူကို ဒေါ်စုကြည်လက်ထက်မှာ အရေးယူမှု နှစ်ကြိမ်ရှိခဲ့တယ်။ ပထမအကြိမ် ဝီရသူအရေးယူခံခဲ့ရပုံကို ရှင်းပြမယ်။

၂၀၁၂လောက်မှာ ဝီရသူက ကရင်ပြည်နယ်ကစပြီး မွတ်စလင်တွေကို ယူမယ့်အစား ခွေးကိုယူဆိုပြီး အရှိန်မြှင့်တိုက်ခိုက်နေတာ ဒေါ်စုကြည် မသိချင်ယောင် ဆောင်နေတယ်။ ကရင်ပြည်နယ်ကတဆင့် ပုသိမ်ရောက်တော့ ဝီရသူက ဒေါ်စုကြည်ကို ဗြောင်တိုက်ခိုက်တော့မှ သူ့ကို တရားဟောခွင့် တစ်နှစ်ပိတ်ခဲ့တာဖြစ်တယ်။

ဒုတိယအကြိမ်က ဒီလို။ 

တစ်နှစ်အပိတ်ခံရပြီးနောက်မှာလည်း ဝီရသူနဲ့ ဘူးလက်က မွတ်စလင်တွေနဲ့ အစ္စလာမ်ကို ဆက်လက် စော်ကားနေပြန်တာပါပဲ။ ဒေါစုကြည်ကလည်း ဆက်လက် မသိချင်ယောင်ဆောင်နေပြန်တာပါပဲ။

ရန်ကုန်မှာ ဝီရသူနဲ့ ဘူးလက်က ဒေါ်စုကြည်ကို ဗြောင်နာမည်တပ် တိုက်လာတော့မှ သူတို့နှစ်ယောက် ဝါးရမ်းပြေးဖြစ်ခဲ့ရတာပါ။

သူတို့နှစ်ယောက် ဝါးရမ်းပြေးဖြစ်ရတာ မွတ်စလင်ကို စော်ကားလို့ လုံးဝ မဟုတ်ဘူး။ 

မွတ်စလင်ကို စော်ကားရင် ဦးသိန်းစိန်ကမှ မတတ်သာရင် အရေးယူသေးတယ်။ ဒေါ်စုကြည်က မွတ်စလင်ကို စော်ကားတဲ့သူတွေကို အရေးယူလိုက်ရင် ပိုဆိုးမယ်လို့ သူ့ရဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးသိန်းဝင်းကတဆင့် ခင်ဗျားတို့လို အင်မတန်တုန်းတဲ့ မွတ်တွေသိအောင် လူသိရှင်ကြား ပြောခိုင်းခဲ့ပါသေးတယ်။

ဒါတောင်မှ ခင်ဗျားတို့ မယုံရင် ဦးသိန်းစိန်လက်ထက်မှာ မွတ်စလင်တွေနဲ့ သူတို့ရဲ့ သာသနာကို စော်ကားလို့ အရေးယူခဲ့တဲ့ သာဓကအချို့ရှိပါတယ်။ ဒေါ်စုကြည်လက်ထက်မှာ မွတ်စလင်နဲ့ အစ္စလာမ်ကို စော်ကားလို့ အရေးယူခဲ့တာ လုံးဝ မရှိပါဘူး။ သူတက်တက်ချင်းဖြစ်ခဲ့တဲ့ သူရဲသမိန်နဲ့ ဆိုင်းတောင်က ပလီတွေဖျက် မွတ်စလင်တွေ အကြမ်းဖက်ခံရမှုမှာ ဒေါ်စုကြည်ရဲ့ တစ်ချက်လွှတ်အမိန့်အရ အကြမ်းဖက်သမားတွေကို လုံးဝ အရေးယူခဲ့တာ မရှိခဲ့ဘူး။ ရှိရင် ပြ။ 

နောက်ပြီး ဒေါ်စုကြည်လက်ထက်မှာ မွတ်စလင်အတွက် မှတ်ပုံတင်ကိစ္စ၊ ပတ်စ်ပို့ကိစ္စတွေမှာ ဦးသိန်းစိန်လက်ထက်မှာထက် အများကြီး ပိုမိုတင်းကြပ်ခဲ့၊ အခက်အခဲတွေ ပိုများစေခဲ့တယ်။ ပိုအစော်ကားခံရတယ်။ နယ်စပ်ဖြတ်ကျော် ဆင်းရဲသား မွတ်စလင်တွေ အလုပ်လုပ်ရေးကိစ္စတွေမှာ မွတ်စလင်ဆိုရင် လုံးဝ ကူးသန်းခွင့်၊ သက်တန်းတိုးခွင့် မပေးခဲ့တာက ဒေါ်စုကြည်လက်ထက်မှာသာ ဖြစ်နေရတာပါ။

ဒါတင်မက ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်ချောက်ခြားစေခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုကြီးမှာ စစ်တပ်က လူ့အခွင့်အရေး မချိုးဖောက်ဘူး။ နယ်မြေရှင်းလင်းရေး လုပ်နေတာပါလို့ ဒေါ်စုကြည်က စစ်တပ်ကို အကြိမ်ကြိမ် အကာအကွယ်ပေး မြှေက်ပေးနေခဲ့တဲ့အပြင် ရိုဟင်ဂျာ မိန်းခလေးငယ်တွေ၊ မိခင်တွေကို ဗမာစစ်သားတွေက ရက်ရက်စက်စက် မုဒိန်းကျင့် သတ်ဖြတ်နေတာကိုလည်း ဒေါ်စုကြည်က Fake Rape မုဒိန်းအတုဆိုပြီး ကမ္ဘာသိအောင် သရော်ပြောင်လှောင်ခဲ့တယ်ဗျာ။


===================


မွတ်စလင်တွေအတွက် ဖွတ်လည်း မကောင်းဘူး။ လဒလည်း မကောင်းဘူး။ တခြားပါတီတွေ၊ တသီးပုဂ္ဂလတွေကို မဲပေးပါလို့ အကြိမ်ကြိမ် အကျိုးအကြောင်းနဲ့ ရှင်းပြနေတာ ကြာပြီ။ တချို့လည်း သဘောပေါက်ကြတယ်။ တချို့လည်း အခုထက်ထိ နားထူနေကြတုန်း။ 

ဟောဒီမှာ အချက်အလက် အထောက်အထား

ဝီရသူနဲ့ ဘူးလက်က အစ္စလာမ်သာသနာကော၊ အစ္စလာမ်သာသနာဝင်တွေကိုကော စော်ကားနေတာ ကြာပြီ။ 

ဒေါ်စုကြည်က ဒါတွေကို သိသိကြီးနဲ့ မသိချင်ဆောင် လွှတ်ပေးထားတာလည်း ကြာပြီ။

သူတို့နှစ်ယောက် ဝါးရမ်းပြေးဖြစ်ရတာ မွတ်စလင်နဲ့ ဘာမှမဆိုင်ဘူး။ ဒေါ်စုကြည်ကို တိုက်ခိုက်လို့သာဖြစ်တယ်။ မွတ်စလင်ကို တိုက်နေပြီး သူ့ကို မတိုက်ခိုက်သရွေ့ ဒေါ်စုကြည်က အင်မတန် သဘောကျပါတယ်။

ဝီရသူကို ဒေါ်စုကြည်လက်ထက်မှာ အရေးယူမှု နှစ်ကြိမ်ရှိခဲ့တယ်။ ပထမအကြိမ် ဝီရသူအရေးယူခံခဲ့ရပုံကို ရှင်းပြမယ်။

၂၀၁၂လောက်မှာ ဝီရသူက ကရင်ပြည်နယ်ကစပြီး မွတ်စလင်တွေကို ယူမယ့်အစား ခွေးကိုယူဆိုပြီး အရှိန်မြှင့်တိုက်ခိုက်နေတာ ဒေါ်စုကြည် မသိချင်ယောင် ဆောင်နေတယ်။ ကရင်ပြည်နယ်ကတဆင့် ပုသိမ်ရောက်တော့ ဝီရသူက ဒေါ်စုကြည်ကို ဗြောင်တိုက်ခိုက်တော့မှ သူ့ကို တရားဟောခွင့် တစ်နှစ်ပိတ်ခဲ့တာဖြစ်တယ်။

ဒုတိယအကြိမ်က ဒီလို။ 

တစ်နှစ်အပိတ်ခံရပြီးနောက်မှာလည်း ဝီရသူနဲ့ ဘူးလက်က မွတ်စလင်တွေနဲ့ အစ္စလာမ်ကို ဆက်လက် စော်ကားနေပြန်တာပါပဲ။ ဒေါစုကြည်ကလည်း ဆက်လက် မသိချင်ယောင်ဆောင်နေပြန်တာပါပဲ။

ရန်ကုန်မှာ ဝီရသူနဲ့ ဘူးလက်က ဒေါ်စုကြည်ကို ဗြောင်နာမည်တပ် တိုက်လာတော့မှ သူတို့နှစ်ယောက် ဝါးရမ်းပြေးဖြစ်ခဲ့ရတာပါ။

သူတို့နှစ်ယောက် ဝါးရမ်းပြေးဖြစ်ရတာ မွတ်စလင်ကို စော်ကားလို့ လုံးဝ မဟုတ်ဘူး။ 

မွတ်စလင်ကို စော်ကားရင် ဦးသိန်းစိန်ကမှ မတတ်သာရင် အရေးယူသေးတယ်။ ဒေါ်စုကြည်က မွတ်စလင်ကို စော်ကားတဲ့သူတွေကို အရေးယူလိုက်ရင် ပိုဆိုးမယ်လို့ သူ့ရဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးသိန်းဝင်းကတဆင့် ခင်ဗျားတို့လို အင်မတန်တုန်းတဲ့ မွတ်တွေသိအောင် လူသိရှင်ကြား ပြောခိုင်းခဲ့ပါသေးတယ်။

ဒါတောင်မှ ခင်ဗျားတို့ မယုံရင် ဦးသိန်းစိန်လက်ထက်မှာ မွတ်စလင်တွေနဲ့ သူတို့ရဲ့ သာသနာကို စော်ကားလို့ အရေးယူခဲ့တဲ့ သာဓကအချို့ရှိပါတယ်။ ဒေါ်စုကြည်လက်ထက်မှာ မွတ်စလင်နဲ့ အစ္စလာမ်ကို စော်ကားလို့ အရေးယူခဲ့တာ လုံးဝ မရှိပါဘူး။ သူတက်တက်ချင်းဖြစ်ခဲ့တဲ့ သူရဲသမိန်နဲ့ ဆိုင်းတောင်က ပလီတွေဖျက် မွတ်စလင်တွေ အကြမ်းဖက်ခံရမှုမှာ ဒေါ်စုကြည်ရဲ့ တစ်ချက်လွှတ်အမိန့်အရ အကြမ်းဖက်သမားတွေကို လုံးဝ အရေးယူခဲ့တာ မရှိခဲ့ဘူး။ ရှိရင် ပြ။ 

နောက်ပြီး ဒေါ်စုကြည်လက်ထက်မှာ မွတ်စလင်အတွက် မှတ်ပုံတင်ကိစ္စ၊ ပတ်စ်ပို့ကိစ္စတွေမှာ ဦးသိန်းစိန်လက်ထက်မှာထက် အများကြီး ပိုမိုတင်းကြပ်ခဲ့၊ အခက်အခဲတွေ ပိုများစေခဲ့တယ်။ ပိုအစော်ကားခံရတယ်။ နယ်စပ်ဖြတ်ကျော် ဆင်းရဲသား မွတ်စလင်တွေ အလုပ်လုပ်ရေးကိစ္စတွေမှာ မွတ်စလင်ဆိုရင် လုံးဝ ကူးသန်းခွင့်၊ သက်တန်းတိုးခွင့် မပေးခဲ့တာက ဒေါ်စုကြည်လက်ထက်မှာသာ ဖြစ်နေရတာပါ။

ဒါတင်မက ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်ချောက်ခြားစေခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုကြီးမှာ စစ်တပ်က လူ့အခွင့်အရေး မချိုးဖောက်ဘူး။ နယ်မြေရှင်းလင်းရေး လုပ်နေတာပါလို့ ဒေါ်စုကြည်က စစ်တပ်ကို အကြိမ်ကြိမ် အကာအကွယ်ပေး မြှေက်ပေးနေခဲ့တဲ့အပြင် ရိုဟင်ဂျာ မိန်းခလေးငယ်တွေ၊ မိခင်တွေကို ဗမာစစ်သားတွေက ရက်ရက်စက်စက် မုဒိန်းကျင့် သတ်ဖြတ်နေတာကိုလည်း ဒေါ်စုကြည်က Fake Rape မုဒိန်းအတုဆိုပြီး ကမ္ဘာသိအောင် သရော်ပြောင်လှောင်ခဲ့တယ်ဗျာ။


https://www.facebook.com/100002036403855/posts/3392901967454317/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဟောဒီမှာ အချက်အလက် အထောက်အထား”

Post a Comment

Related Posts Plugin for WordPress, Blogger...