Monday, October 5, 2020

ဥပဒေအရ ရင်ဆိုင်ဖို့လိုပြီ။

,

နိုင်ငံတော်အစိုးရက မြန်မာပြည်က မွတ်စလင်များအပေါ်  တည်ဆဲဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်၍ လူမျိုးရေး ဘာသာရေးအရ တရားမဲ့ ခွဲခြား ပြုကျင့်မှုတွေကို ဥပဒေအရ ရင်ဆိုင်ဖို့လိုပြီ။

ရိုဟင်ဂျာအပါအဝင် မြန်မာမွတ်စလင်တိုင်းသည် တည်ဆဲဥပဒေများအရ မွေးရာပါ တင်းပြည့်နိုင်ငံသားများ Bona fide Citizen ဖြစ်ကြသည်။ ရှင်းပြပါမယ်။

(၁) ၁၉၄၇ခုနှစ်မှာ ဦးအောင်ဆန်းဦးစီးတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုပြဌာန်းခဲ့ပြီး ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ကာ ကျင့်သုံးခဲ့သည့် မြန်မာ့ပထမ ဖွဲ့စည်းအုပ်ချုပ် အခြေခံဥပဒေ ပုဒ်မ(၁၁)အရ - 

မိမိဘိုးဘွား တစ်ဦးဦးသည် တိုင်းရင်းသားများဖြစ်ကြသော သို့မဟုတ် မြန်မာ့နယ်နိမိတ်အတွင်း မွေးဖွားခဲ့ကြသော ရိုဟင်ဂျာအပါအဝင် ကနေ့ မြန်မာမွတ်စလင်များအားလုံးသည် တင်းပြည့်နိုင်ငံသားဖြစ်တယ်။

(၂) မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့အတူ တရားဝင် နိုင်ငံသားဖြစ်ပြီးသူ မြန်မာမွတ်စလင်အားလုံးသည် ၁၉၈၂နိုင်ငံသားဥပဒေ ပုဒ်မ(၆)အရလည်း နိုင်ငံသားအဖြစ် အလိုအလျောက် ဆက်ဖြစ်နေသူများဖြစ်တယ်။ 

(၃) ထို့ကြောင့် ၁၉၄၇ကတည်းက နိုင်ငံသားဖြစ်သော ဘိုးဘွားများက ဆင်းသက်လာကြသည့် ကနေ့သက်ရှိထင်ရှား ရှိနေကြသော မြန်မာမွတ်စလင်များအားလုံးသည် နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ထပ်မံလျောက်ထားရန် မလိုဘူး။ ထပ်မံ အစိစစ်ခံရန် မလိုဘူး။ လိုအပ်သော စာရွက်စာတမ်းများကို ဖြည့်သွင်း တင်ပြရန်သာ လိုအပ်တယ်။

(၄) ၁၉၈၂ နိုင်ငံသားဥပဒေ ပြဌာန်းပြီးနောက်မှာဖြစ်ဖြစ်၊ မတိုင်ခင်ဖြစ်ဖြစ် နိုင်ငံသားကဒ် လက်ဝယ် မရသေးတဲ့ မြန်မာမွတ်စလင်များသည် နိုင်ငံသားများဖြစ်ပြီးဖြစ်သော်လည်း လိုအပ်သော စာရွက်စာတမ်း အထောက်အထားများ မပြနိုင်ပါက တည်ဆဲဥပဒေအရ အခြားနိုင်ငံသားများကဲ့သို့ ရပ်ကွက်ထဲမှ ၄င်းမြန်မာမွတ်စလင်၏ မိဘဘိုးဘားကိုသိသော လူငါးဦး၏ ထောက်ခံချက်ဖြင့် တင်းပြည့် နိုင်ငံသားကဒ်ကို အလွယ်တကူ ထုတ်ပေးရမည်။

(၅) ၁၉၈၂ နိုင်ငံသားဥပဒေ ပုဒ်မ(၁၈)အရ နိုင်ငံသားကဒ်ကို ဥပဒေမဲ့ ရယူထားသူဖြစ်ပါက မည်သူမဆို (မြန်မာမွတ်စလင်ဖြစ်စေ၊ အခြားမည်သည့်လူမျိုးပင်ဖြစ်စေ) ဥပဒေအရ အရေးယူ အပြစ်ပေးခံရမည်။

(၆) နိုင်ငံသားတိုင်း မည်သူမဆို ဥပဒေချိုးဖောက်ပါက ဥပဒေချိုးဖောက်ကြောင်းကို အစိုးရက သက်သေထူရမှာဖြစ်တယ်။ နိုင်ငံသားတိုင်းကို ဥပဒေ မချိုးဖောက်ကြောင်းကို အစိုးရက သက်သေပြခိုင်းလို့ မရဘူး။ ထိုနည်းတူစွာ မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့အတူ တင်းပြည့် မွေးရာပါ နိုင်ငံသားများဖြစ်ပြီးသော မြန်မာမွတ်စလင်အားလုံးကို နိုင်ငံသား မဟုတ်ဘူးလို့ သိမ်းကြုံး စွပ်စွဲ ခွဲခြား ဖိနှိပ်ပြီး နိုင်ငံသားဖြစ်ကြောင်း သက်သေပြခိုင်းခြင်းသည် ဥပဒေမဲ့ ပြုကျင့်မှုဖြစ်တယ်။ နိုင်ငံတော်အစိုးရ၏ တရားဥပဒေ ချိုးဖောက်မှုသာဖြစ်တယ်။ နိုင်ငံတော်အစိုးရ ကိုယ်တိုင်က ၁၉၈၂ နိုင်ငံသားဥပဒေကို ဆန့်ကျင်လုပ်ဆောင်နေခြင်းသာဖြစ်တယ်။ 

တနည်းအားဖြင့်ဆိုသော် တရားဝင် မွေးရာပါ တင်းပြည့် မြန်မာမွတ်စလင်များကို နိုင်ငံမဲ့များအဖြစ် အချိန်မရွေး ပယ်ဖျက်ကန်ထုတ်နိုင်သည့် ပြုနိုင်ငံသား/ဧည့်နိုင်ငံသားများဖြစ်အောင် လက်ရှိအစိုးရကပါ စီမံချက်ဖြင့် ရည်ရွယ်ချက်ရှိရှိ လိုလားလားနဲ့ ဆက်လက်ကျင့်သုံးနေခြင်းသာ ဖြစ်တယ်။


အကြံပြုချက်


မြန်မာမွတ်စလင်ထဲမှာ တရားလွှတ်တော် ရှေ့နေကြီးများဖြစ်သော ဦးခင်မောင်ချို၊ ဦးရန်နိုင်၊ ဦးအုံးမောင်နှင့် ကျနော်မသိသော အခြားထင်ရှားကျော်ကြားသော ရှေ့နေကြီးများလည်း ရှိနေပါတယ်။ ၄င်းရှေ့နေကြီးများသည် မျိုးဆက်ပေါင်းများစွာနှင့် နောင်လာမည့် မျိုးဆက်များကိုပါ မတရားဥပဒေမဲ့ ခွဲခြားဖိနှပ်ခံနေရသော မြန်မာမွတ်စလင်ထုအကျိုးအတွက် မိမိတို့အကြား အမြင်မတူမှုများ ရှိနေပါက ဖယ်ထုတ်ပြီး ဥပဒေကြောင်းအရ စုဖွဲ့လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်။

ထိုသို့လုပ်ဆောင်ရာမှာ အခြားထင်ရှားကျော်ကြားသော ဦးရောဘတ်စန်းအောင်၊ ဦးသိန်းသန်းဦးကဲ့သို့သော တရားလွှတ်တော် ရှေ့နေကြီးများကိုလည်း ဖိတ်ကြား အကြံယူကြစေချင်ပါတယ်။

အမြန်ဆုံး လုပ်ဆောင်ကြဖို့ မေတ္တာရပ်ပါတယ်။

=====================


နိုင်ငံတော်အစိုးရက မြန်မာပြည်က မွတ်စလင်များအပေါ်  တည်ဆဲဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်၍ လူမျိုးရေး ဘာသာရေးအရ တရားမဲ့ ခွဲခြား ပြုကျင့်မှုတွေကို ဥပဒေအရ ရင်ဆိုင်ဖို့လိုပြီ။

ရိုဟင်ဂျာအပါအဝင် မြန်မာမွတ်စလင်တိုင်းသည် တည်ဆဲဥပဒေများအရ မွေးရာပါ တင်းပြည့်နိုင်ငံသားများ Bona fide Citizen ဖြစ်ကြသည်။ ရှင်းပြပါမယ်။

(၁) ၁၉၄၇ခုနှစ်မှာ ဦးအောင်ဆန်းဦးစီးတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုပြဌာန်းခဲ့ပြီး ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ကာ ကျင့်သုံးခဲ့သည့် မြန်မာ့ပထမ ဖွဲ့စည်းအုပ်ချုပ် အခြေခံဥပဒေ ပုဒ်မ(၁၁)အရ - 

မိမိဘိုးဘွား တစ်ဦးဦးသည် တိုင်းရင်းသားများဖြစ်ကြသော သို့မဟုတ် မြန်မာ့နယ်နိမိတ်အတွင်း မွေးဖွားခဲ့ကြသော ရိုဟင်ဂျာအပါအဝင် ကနေ့ မြန်မာမွတ်စလင်များအားလုံးသည် တင်းပြည့်နိုင်ငံသားဖြစ်တယ်။

(၂) မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့အတူ တရားဝင် နိုင်ငံသားဖြစ်ပြီးသူ မြန်မာမွတ်စလင်အားလုံးသည် ၁၉၈၂နိုင်ငံသားဥပဒေ ပုဒ်မ(၆)အရလည်း နိုင်ငံသားအဖြစ် အလိုအလျောက် ဆက်ဖြစ်နေသူများဖြစ်တယ်။ 

(၃) ထို့ကြောင့် ၁၉၄၇ကတည်းက နိုင်ငံသားဖြစ်သော ဘိုးဘွားများက ဆင်းသက်လာကြသည့် ကနေ့သက်ရှိထင်ရှား ရှိနေကြသော မြန်မာမွတ်စလင်များအားလုံးသည် နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ထပ်မံလျောက်ထားရန် မလိုဘူး။ ထပ်မံ အစိစစ်ခံရန် မလိုဘူး။ လိုအပ်သော စာရွက်စာတမ်းများကို ဖြည့်သွင်း တင်ပြရန်သာ လိုအပ်တယ်။

(၄) ၁၉၈၂ နိုင်ငံသားဥပဒေ ပြဌာန်းပြီးနောက်မှာဖြစ်ဖြစ်၊ မတိုင်ခင်ဖြစ်ဖြစ် နိုင်ငံသားကဒ် လက်ဝယ် မရသေးတဲ့ မြန်မာမွတ်စလင်များသည် နိုင်ငံသားများဖြစ်ပြီးဖြစ်သော်လည်း လိုအပ်သော စာရွက်စာတမ်း အထောက်အထားများ မပြနိုင်ပါက တည်ဆဲဥပဒေအရ အခြားနိုင်ငံသားများကဲ့သို့ ရပ်ကွက်ထဲမှ ၄င်းမြန်မာမွတ်စလင်၏ မိဘဘိုးဘားကိုသိသော လူငါးဦး၏ ထောက်ခံချက်ဖြင့် တင်းပြည့် နိုင်ငံသားကဒ်ကို အလွယ်တကူ ထုတ်ပေးရမည်။

(၅) ၁၉၈၂ နိုင်ငံသားဥပဒေ ပုဒ်မ(၁၈)အရ နိုင်ငံသားကဒ်ကို ဥပဒေမဲ့ ရယူထားသူဖြစ်ပါက မည်သူမဆို (မြန်မာမွတ်စလင်ဖြစ်စေ၊ အခြားမည်သည့်လူမျိုးပင်ဖြစ်စေ) ဥပဒေအရ အရေးယူ အပြစ်ပေးခံရမည်။

(၆) နိုင်ငံသားတိုင်း မည်သူမဆို ဥပဒေချိုးဖောက်ပါက ဥပဒေချိုးဖောက်ကြောင်းကို အစိုးရက သက်သေထူရမှာဖြစ်တယ်။ နိုင်ငံသားတိုင်းကို ဥပဒေ မချိုးဖောက်ကြောင်းကို အစိုးရက သက်သေပြခိုင်းလို့ မရဘူး။ ထိုနည်းတူစွာ မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့အတူ တင်းပြည့် မွေးရာပါ နိုင်ငံသားများဖြစ်ပြီးသော မြန်မာမွတ်စလင်အားလုံးကို နိုင်ငံသား မဟုတ်ဘူးလို့ သိမ်းကြုံး စွပ်စွဲ ခွဲခြား ဖိနှိပ်ပြီး နိုင်ငံသားဖြစ်ကြောင်း သက်သေပြခိုင်းခြင်းသည် ဥပဒေမဲ့ ပြုကျင့်မှုဖြစ်တယ်။ နိုင်ငံတော်အစိုးရ၏ တရားဥပဒေ ချိုးဖောက်မှုသာဖြစ်တယ်။ နိုင်ငံတော်အစိုးရ ကိုယ်တိုင်က ၁၉၈၂ နိုင်ငံသားဥပဒေကို ဆန့်ကျင်လုပ်ဆောင်နေခြင်းသာဖြစ်တယ်။ 

တနည်းအားဖြင့်ဆိုသော် တရားဝင် မွေးရာပါ တင်းပြည့် မြန်မာမွတ်စလင်များကို နိုင်ငံမဲ့များအဖြစ် အချိန်မရွေး ပယ်ဖျက်ကန်ထုတ်နိုင်သည့် ပြုနိုင်ငံသား/ဧည့်နိုင်ငံသားများဖြစ်အောင် လက်ရှိအစိုးရကပါ စီမံချက်ဖြင့် ရည်ရွယ်ချက်ရှိရှိ လိုလားလားနဲ့ ဆက်လက်ကျင့်သုံးနေခြင်းသာ ဖြစ်တယ်။


အကြံပြုချက်


မြန်မာမွတ်စလင်ထဲမှာ တရားလွှတ်တော် ရှေ့နေကြီးများဖြစ်သော ဦးခင်မောင်ချို၊ ဦးရန်နိုင်၊ ဦးအုံးမောင်နှင့် ကျနော်မသိသော အခြားထင်ရှားကျော်ကြားသော ရှေ့နေကြီးများလည်း ရှိနေပါတယ်။ ၄င်းရှေ့နေကြီးများသည် မျိုးဆက်ပေါင်းများစွာနှင့် နောင်လာမည့် မျိုးဆက်များကိုပါ မတရားဥပဒေမဲ့ ခွဲခြားဖိနှပ်ခံနေရသော မြန်မာမွတ်စလင်ထုအကျိုးအတွက် မိမိတို့အကြား အမြင်မတူမှုများ ရှိနေပါက ဖယ်ထုတ်ပြီး ဥပဒေကြောင်းအရ စုဖွဲ့လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်။

ထိုသို့လုပ်ဆောင်ရာမှာ အခြားထင်ရှားကျော်ကြားသော ဦးရောဘတ်စန်းအောင်၊ ဦးသိန်းသန်းဦးကဲ့သို့သော တရားလွှတ်တော် ရှေ့နေကြီးများကိုလည်း ဖိတ်ကြား အကြံယူကြစေချင်ပါတယ်။

အမြန်ဆုံး လုပ်ဆောင်ကြဖို့ မေတ္တာရပ်ပါတယ်။



https://www.facebook.com/100002036403855/posts/3358715097539671/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဥပဒေအရ ရင်ဆိုင်ဖို့လိုပြီ။”

Post a Comment

Related Posts Plugin for WordPress, Blogger...