Saturday, October 3, 2020

မိစ္ဆာသူကြွယ်များနဲ့ စစ်အဘများ။ အပိုင်း (၂)

,

ကျူံယွယ် ကုမ္ပဏီ က ပြည်သူတွေရဲ့ ငွေကြေးသန်းပေါင်းများစွာကို ယူဖို့ ကျော်မြင့်နဲ့

မွေးရေ ဝန်ကြီး မောင်မောင်သိန်းတို့ကို နောက်ကွယ်ကနေ အဓိက ကြိုးကိုင်ခဲ့သူကတော့ က

မ္ဘာ့ရတနာ ဘဏ်ကို တည်ထောင်သူ ဗိုလ်ချူပ်သူရရွှေမန်းပါဘဲ။ ဒီငွေတွေကို စစ်ထောက်က

ရာထူးကြီးတချို့ရယ်၊ တရားရုံးချူပ်က ရှေ့နေကြီးတဦးရယ်နဲ့ ပူးပေါင်း အမှုဆင်အကွက်

ဆင် ဒေဝါလီခံပြီး ကမ္ဘာ့ ရတနာ ဘဏ်ကို ပြောင်း ရွှေ့ခဲ့တာပါ။ ကျော်မြင့်ကို UWSA နဲ့

ပတ်သက်ပြီး စီးပွား ကိစ္စတွေ ကြောင့်ဆိုတဲ့ပုံစံနဲ့ရယ် ငွေကြေး အရှုပ်အရှင်းတွေ ရှိတယ်

ဆိုတာကြောင့် ရယ်နဲ့ အကွက်ရွှေ့ထောင်ထဲပို့ပြီး နောက် ရှမ်းပြည်နဲ့ နီးတဲ့ မန်းလေး ထောင်

ကို ပြောင်း ရွှေ့ကာ ထွက်ပြေးခိုင်းလိုက်ပါတယ်။ ရရှိထားတဲ့ သတင်းအချက်အလက်တွေ

အရ ကျော်မြင့်ကို ထိုင်းအထိ ရောက်အောင်ခေါ်ဆောင်သွားသူတွေဟာ 14k ဂိုဏ်းက လူတွေ

ဖြစ်နေတာပါဘဲ။ လက်ရှိ DKBA နဲ့ ကရင်ပြည်မှာ မြို့သစ်တည်နေတဲ့ လူမိုက်ဂိုဏ်းခေါင်း

ဆောင် သွားကျိုး ဆိုသူနဲ့ ဆက်နွယ်ပတ်သက်နေ တာ က စဉ်း စားစရာပါ။ 

         ကျော်မြင့် ရန်ကုန်ပြန်ရောက်တယ်။ ပါတီထောင်တယ်။ မူးယစ်ဆေးဝါးလုပ်တယ်။ ခင်

ရွှေနဲ့ ပေါင်းပြီး။ ခင်ရွှေရဲ့ ဇေကမ္ဘာ ဝင်းထဲမှာ မိခဲ့တဲ့ မူးယစ်ဆေးပြား သန်း၂၀ ကျော်ဟာ ခင်

ရွှေနဲ့ ကျော်မြင့်တို့ရဲ့ စီးပွားရေးတခုပါဘဲ။ ကျော်မြင့်ကို ပါတီထောင်ဖို့ မြန်မာပြည်ပြန်လာဖို့ စီ

စဉ်တာက စစ်အုပ်စုပါ။ ရွှေမန်း ရဲ့ လက်ရာပါ။ ခင်ညွှန့်နဲ့ ကျော်မြင့် လည်း မကြာခဏ တွေ့ဆုံ

လေ့ရှိပါတယ်။ ကျော်မြင့်ဟာ တရုတ်ကပြား ဖြစ်တာကြောင့် လူရည်လည်ပြီး မြန်မာပြည်

က အာဏာရှိ အဖွဲ့အစည်း အသိုင်းအဝိုင်းအားလုံးနဲ့ ပတ်သက်မှုတွေရှိနေပါတယ်။ UWSA ရဲ့

မူးယစ်ဆေးဝါး စီးပွားရေးတာဝန်ခံ တယောက်လည်း ဖြစ်ခဲ့ပါသေးတယ်။  လက်ရှိ ကမ္ဘာ့ရတ

နာ ဘဏ်က ဒါရိုက်တာ ဖြစ်သူ မောင်မောင်သိန်းနဲ့ လည်း အဆက်သွယ်မပြတ်ရှိနေဆဲပါ။ ပြည်သူတွေဆီက ခေါင်းပုံဖြတ်ခဲ့တဲ့ ကျူံယွမ်က ငွေတွေကို နောက်ကွယ်မှာ ဝေစု တိတ်တ

ဆိတ် ခွဲခဲ့ကြတာပါ။ လက်ရှိ ကျော်မြင့်ရဲ့ ပါတီဟာ အဲ့ဒီကရတဲ့ ငွေကြေးတွေ နဲ့ လည်ပတ်နေ

တာပါ။ တခြား မူးယစ်ဆေး ဝါးကရတဲ့ ငွေကြေးတွေလဲ ပါဝင်ပါတယ်။ 

        အခုလို ထောင်ပြေး၊ ငွေလိမ်၊ မူးယစ်ဆေးလုပ်နေတဲ့ ကျော်မြင့်လို မိစ္ဆာ သူကြွယ်ကို မြန်

မာ့ နိုင်ငံရေးမှာ ပါဝင်လာအောင် စစ်အုပ်စုကလုပ်ပေးတာ ကောင်းသော ရည်ရွယ်ချက်တော့

မဟုတ်ပါဘူး။ ဆက်လက်ခွင့်ပြုမယ်ဆိုယင်တော့ တိုင်းပြည်အတွက် ရင်လေးစရာပါ။ တရုတ် သံအရာရှိက ကျော်မြင့်နဲ့ တွေ့တာဟာမြန်မာပြည်မှာရှိတဲ့ တရုတ်လူမျိုးတွေရဲ့ အကျိုး

စီးပွားတွေကို ကူညီပေးဖို့ မှာကြားတာပါ။

Ra Thu Ra


#ko ko lwin



https://m.facebook.com/story.php?story_fbid=190069735904855&id=100047054886934

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မိစ္ဆာသူကြွယ်များနဲ့ စစ်အဘများ။ အပိုင်း (၂)”

Post a Comment

Related Posts Plugin for WordPress, Blogger...