ကပ်ရောဂါကာလအတွင်း လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးနေသောနိုင်ငံရေးပါတီများကို အရေးမယူနိုင်ဘဲ ကိုဗစ် ကာကွယ်ရေး ချမှတ်ထားသည့် စည်းကမ်းများ လိုက်နာရန်သာပြောဆိုနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောကြားသည်။
နိုင်ငံရေးပါတီများသည် ကိုဗစ်ကာလအတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်ကမ်းချက်များဖြစ်သည့် Stay at Home မြို့နယ်များတွင် မဲမဆွယ်ရ၊ လူ ၅၀ ထက်မပိုရ၊ တစ်ဦးနှင့် တစ်ဦးခြောက်ပေခြား သွားလာရန် အစရှိသည့် အချက်များ လိုက်နာရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ စက်တင်ဘာ ၈ ရက်နေ့မှစတင်ကာ နိုင်ငံတစ်ဝန်းတွင် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ အပြန်အလှန် အင်အားပြမဲဆွယ်ပွဲများအပြင် အင်အားကြီးတိုင်းရင်းသားပါတီများ၏ လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးရေးလှုပ်ရှား မှုများကိုတွေ့ မြင်ရသည်။
"နိုင်ငံရေးပါတီတွေက စည်းရုံးတာ မဟုတ်ဘဲနဲ့၊ နိုင်ငံရေးပါတီများက သွားပြီးတော့ ဟောပြောတာမဟုတ်ဘဲနဲ့ မဲဆန္ဒရှင်ဝန်းရံသူတွေက ပါတီဝန်းရံသူ ကိုယ်တိုင်ကထောက်ခံပြီးတော့ ပြုလုပ်နေတာတွေ့ရတယ်။ ကျွန်တော်တို့ (စည်းကမ်း) လိုက်နာပါ။ လိုက်နာလို့ပဲပြောနိုင်တယ်" ဟု UEC အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုသည်။
နိုင်ငံရေးပါတီများ အင်းအားပြ လှည့်လည်ရာတွင် ပါတီဝန်းရံထောက်ခံသူ များပြားလာ၍ လူစုလူဝေးဖြစ်ပေါ်မှုကို တားဆီးနိုင်ခြင်းမရှိကြောင်း၊ ကိုဗစ် စည်းကမ်းများလိုက်နာရန်သာ ပြောကြားနိုင်ကြောင်း ၎င်းက ပြောကြားသည်။
"Campaign နဲ့ပတ်သက်ပြီး အင်အားကြီးပါတီတွေ၊ တိုင်းရင်းသားပါတီတွေလည်း လူစုလူဝေးနဲ့ မဲဆွယ် စည်းရုံးနေတာတွေ့ရတယ်။ အဲဒီပါတီတွေ က လူထုထောက်ခံမှုများပြားတဲ့ပါတီတွေ ဖြစ်တော့ မဲဆွယ် စည်းရုံးတဲ့အခါလူစု လူဝေးဖြစ်တယ်" ဟု လွတ်လပ်မျှတသောရွေးကောက်ပွဲပံ့ပိုးကူညီရေးကွန်ရက် ((Mynfrel) မှ Heard of Program ဦးမြတ်မင်းဦးက သုံးသပ်ပြောကြားသည်။
ကိုဗစ် စည်းကမ်းသတ်မှတ်ချက်များဖြစ်၍ မဲဆွယ်စည်းရုံးရာတွင် လူစုလူဝေး ဖြစ်ပေါ်စေသော နိုင်ငံရေးပါတီများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက အရေးယူနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့ အစည်းများက ထိထိရောက်ရောက် အရေးယူရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းအပြင် ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေးတွင်အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း ၊ ဘာသာရေး နှင့်လူမျိုးရေးကိုအကြောင်းပြစည်းရုံးခြင်း များအပါအဝင် ဆူပူမှုဖြစ်ပေါ်အောင် ဆောင်ရွက်နေသောကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေနှင့် တည်ဆဲဥပဒေများနှင့် ထိရောက်စွာအရေးယူရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အမိန့် ထုတ်ပြန်ထားသည်။
#Zawgyi
လူစုလူဝေးဖြင့်မဲဆွယ်နေသောပါတီကို စည်းကမ်းလိုက်နာရန်သာ ပြောဆိုနိုင်ကြောင်း UEC ဆို
ရန်ကုန်၊ အောက်တိုဘာ ၂၁
ကပ်ရောဂါကာလအတွင်း လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးနေသောနိုင်ငံရေးပါတီများကို အရေးမယူနိုင်ဘဲ ကိုဗစ် ကာကွယ်ရေး ချမှတ်ထားသည့် စည်းကမ်းများ လိုက်နာရန်သာပြောဆိုနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောကြားသည်။
နိုင်ငံရေးပါတီများသည် ကိုဗစ်ကာလအတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်ကမ်းချက်များဖြစ်သည့် Stay at Home မြို့နယ်များတွင် မဲမဆွယ်ရ၊ လူ ၅၀ ထက်မပိုရ၊ တစ်ဦးနှင့် တစ်ဦးခြောက်ပေခြား သွားလာရန် အစရှိသည့် အချက်များ လိုက်နာရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ စက်တင်ဘာ ၈ ရက်နေ့မှစတင်ကာ နိုင်ငံတစ်ဝန်းတွင် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ အပြန်အလှန် အင်အားပြမဲဆွယ်ပွဲများအပြင် အင်အားကြီးတိုင်းရင်းသားပါတီများ၏ လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးရေးလှုပ်ရှား မှုများကိုတွေ့ မြင်ရသည်။
"နိုင်ငံရေးပါတီတွေက စည်းရုံးတာ မဟုတ်ဘဲနဲ့၊ နိုင်ငံရေးပါတီများက သွားပြီးတော့ ဟောပြောတာမဟုတ်ဘဲနဲ့ မဲဆန္ဒရှင်ဝန်းရံသူတွေက ပါတီဝန်းရံသူ ကိုယ်တိုင်ကထောက်ခံပြီးတော့ ပြုလုပ်နေတာတွေ့ရတယ်။ ကျွန်တော်တို့ (စည်းကမ်း) လိုက်နာပါ။ လိုက်နာလို့ပဲပြောနိုင်တယ်" ဟု UEC အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုသည်။
နိုင်ငံရေးပါတီများ အင်းအားပြ လှည့်လည်ရာတွင် ပါတီဝန်းရံထောက်ခံသူ များပြားလာ၍ လူစုလူဝေးဖြစ်ပေါ်မှုကို တားဆီးနိုင်ခြင်းမရှိကြောင်း၊ ကိုဗစ် စည်းကမ်းများလိုက်နာရန်သာ ပြောကြားနိုင်ကြောင်း ၎င်းက ပြောကြားသည်။
"Campaign နဲ့ပတ်သက်ပြီး အင်အားကြီးပါတီတွေ၊ တိုင်းရင်းသားပါတီတွေလည်း လူစုလူဝေးနဲ့ မဲဆွယ် စည်းရုံးနေတာတွေ့ရတယ်။ အဲဒီပါတီတွေ က လူထုထောက်ခံမှုများပြားတဲ့ပါတီတွေ ဖြစ်တော့ မဲဆွယ် စည်းရုံးတဲ့အခါလူစု လူဝေးဖြစ်တယ်" ဟု လွတ်လပ်မျှတသောရွေးကောက်ပွဲပံ့ပိုးကူညီရေးကွန်ရက် ((Mynfrel) မှ Heard of Program ဦးမြတ်မင်းဦးက သုံးသပ်ပြောကြားသည်။
ကိုဗစ် စည်းကမ်းသတ်မှတ်ချက်များဖြစ်၍ မဲဆွယ်စည်းရုံးရာတွင် လူစုလူဝေး ဖြစ်ပေါ်စေသော နိုင်ငံရေးပါတီများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက အရေးယူနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့ အစည်းများက ထိထိရောက်ရောက် အရေးယူရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းအပြင် ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေးတွင်အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း ၊ ဘာသာရေး နှင့်လူမျိုးရေးကိုအကြောင်းပြစည်းရုံးခြင်း များအပါအဝင် ဆူပူမှုဖြစ်ပေါ်အောင် ဆောင်ရွက်နေသောကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေနှင့် တည်ဆဲဥပဒေများနှင့် ထိရောက်စွာအရေးယူရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အမိန့် ထုတ်ပြန်ထားသည်။
https://m.facebook.com/story.php?story_fbid=727108221223792&id=116494362285184

