ကျင်းပပြီးစီးခဲ.သော မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲကြီးတွင် လူပြောအများဆုံးအရာမှာကြိုတင်မဲကိစ္စဖြစ်သည် ။ အရပ်ထဲတွင်ပေးရသော ကြိုတင်မဲများသည် ကိုဗစ် ၁၉ ရောဂါဘေးကြောင့် အသက် ၆၀ ကျော်များကို ထပ်တိုးပြီးကောက်ခံခြင်း ကြောင့် ခါတိုင်းနှစ်များနှင့်မတူပဲကြိုတင်မဲပိုမိုများပြားခဲ့သည် ။ လူပြောသူပြော ပိုများခဲ့သည် ။ ထောက်ပြဝေဖန်စရာတွေပေါ်ထွက်ခဲ့သည် ။ တစ်ဖက်တွင်လည်း တပ်တွင်းကြိုတင်မဲများနှင့်ပတ်သက်၍ ဝေဖန်စရာများရှိခဲ့သည်။ ကြိုတင်မဲအများစုသည် ပယ်မဲနည်းပါးခြင်း ၊ ပြည်ခိုင်ဖြိုးပါတီကိုသာအများစုကဆန္ဒပြုထားခြင်းတို.မှာလည်း ဝေဖန်စရာဖြစ်သည် ။ မြန်မာတစ်ပြည်လုံးတွင် မဲဆန္ဒနယ်အများစု၌ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ပါတီ ကိုမဲဆန္ဒပြုသူများပါလျက် တပ်မတော်မှလာသောကြိုတင်မဲလက်မှတ်များတွင်ကြိုတင်မဲအားလုံးနီးပါး ပြည်ခိုင်ဖြိုးဖြစ်နေခြင်းကလည်း တပ်မတော်သည်ပြည်သူနှင်.တစ်သားတည်းရှိသည်ဟူသောကြွေးကြော်သံကိုပျက်ရယ်ပြုနေသလိုရှိပါသည် ။ တပ်မတော်၏ကြိုတင်မဲများအား စစ်ဆေးခွင့်မရမှုနှင့်ပတ်သက်ပြီး လာမည့်ရွေးကောက်ပွဲများတွင် ပြန်လည်သုံးသပ်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံအကြံပြုစာပေးပို့မည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဇေယျာသီရိ မြို့နယ်ဥက္ကဌ ဦးသက်ထွေး ကပြော၏ ။ ဇေယျာသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးမောင်မောင်က လည်း
“ မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်မဲတင်လာရင် သူတို့အမှန်တကယ်ဟုတ်မဟုတ်ဆိုတာ ကျွန်တော်တို့ ကသူတို့ရဲ့ပေးလာတဲ့ စာရင်းဇယား အပေါ်မှာပဲ ဆောင်ရွက်ခွင့်ရှိပါတယ် ။ ဒီလိုတွေဟုတ်မဟုတ်ဆိုတာ ကျွန်တော်တို့က တပ်ရင်း၊တပ်ဖွဲ့တွေကိုသွားပြီး စစ်ဆေးပိုင်ခွင့် ဆိုတာမရှိပါဘူး “
ဟုပြောဆိုသည် ။ ထို့ကြောင့် ပါတီများအနေဖြင့်ကြိုတင်မဲကိုဝေဖန်ထောက်ပြရာတွင် အရပ်သားများ၏ကြိုတင်မဲကိစ္စသာမက ၊ တပ်မတော်သားများ၏ကြိုတင်မဲကိစ္စကိုပါထည့်သွင်းဝေဖန်ထောက်ပြပါမှ သမာသမတ်ကျပေမည် ။
ဤဆောင်းပါးတွင် ကျွန်တော်ထောက်ပြဆွေးနွေးလိုသောအချက်မှာကြိုတင်မဲကိစ္စသာမဟုတ် မြန်မာ.တပ်မတော်သားများ မဲပေးခွင်.ရှိမရှိဟူသော ပြသနာဖြစ်သည် ။ ကျွန်တော်.အမြင်ပြောရလျှင် မြန်မာနိုင်ငံ၌တပ်မတော်သားများသည် ၂၀၀၈ အခြေခံဥပဒေကိုမပြင်နိုင်မီအချိန်အထိ ရွေးကောက်ပွဲ၌မဲပေးခွင်.မရှိသင်.ဟုယုံကြည်ပါသည် ။ အကြောင်းကိုရှင်းပြပါမည် ။ ပြည်ထောင်စုမြန်မာနိုင်ငံ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေအရ တပ်မတော်သား ၂၅ ရာခိုင်နှုန်းသည် ပြည်သူ.လွှတ်တော်နှင်. အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီးနှင်.ပြည်နယ်လွှတ်တော်များတွင်ရွေးကောက်ပွဲဝင်စရာမလိုပဲပါဝင်ခွင်.ရရမည် ဟုပြဌာန်းထားပြီးသားဖြစ်သည် ။ ထိုသဘောတူညီချက်အရ တပ်မတော်သား ၁၆၆ ယောက်သည် ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်နေပြီးသားဖြစ်သည် ။ ထိုတပ်မတော်သား ၁၆၆ ယောက်သည် မြန်မာ.တပ်မတော်မှ ကြည်းရေလေတပ်မတော်သားပေါင်း ငါးသိန်းခန်.ကို ကိုယ်စားပြု၍လွှတ်တော်ထဲသို.ရောက်လာကြခြင်းဖြစ်ရာ တပ်မတော်သည် သူ.နယ်မြေတွင် ပါဝင်ရမည်.လွှတ်တော်အမတ်များကို ရွေးကောက်တင်မြှောက်ပြီးဖြစ်သည်ဟုယူဆရမည်ဖြစ်သည် ။ တပ်မတော်ကိုယ်စားလှယ်များ သတ်မှတ်လိုက်ခြင်းသည် တပ်မတော်ကိုကိုယ်စားပြုမှု လုပ်လိုက်ခြင်းဖြစ်သည် ။ ထို.ကြောင်.တပ်မတော်သားများသည် မြန်မာတနိုင်ငံလုံး၏ တပ်မတော်သားများကိုယ်စား ၁၆၆ ယောက်ကိုရွေးချယ်မှုပြုပြီးပြီဟုယူဆရမည်ဖြစ်သည် ။ တပ်မတော်သားငါးသိန်းအတွက် လူ ၁၆၆ ဦးရွေးချယ်လိုက်ရာ လူ ၃၀၁၂ ယောက်အတွက် ကိုယ်စားလှယ်တစ်ယောက်နှုန်းရွေးချယ်ခွင်.ရခဲ.ခြင်းဖြစ်သည် ။ မြန်မာတပြည်လုံးတွင်မဲပေးခွင်.ရှိသူ (၃၇ )သန်း ရှိပြီး ၎င်းတို.အထဲမှပြည်သူလူထုက ပြည်ထောင်စုလွှတ်တော်အတွက်ကိုယ်စားလှယ်ပေါင်း ၄၉၈ ဦး ရွေးချယ်ပေးရသည်ဖြစ်ရာ အချိုးချကြည်.ပါက အရပ်သားပြည်သူလူထုသည် လူပေါင်း ၇၄၂၉၇ (ခုနစ်သောင်းလေးထောင့်နှစ်ရာကိုးဆယ့်ခုနစ်ယောက် ) တွင်မှ ကိုယ်စားလှယ်တစ်ယောက် နှုန်းရွေးချယ်ခွင်.ရခြင်းဖြစ်သည် ။ တပ်မတော်သားများသည် လူ သုံးထောင်ခန်.တွင် တစ်ယောက်နှုန်းအချိုးကျစနစ်ဖြင်. ၁၆၆ ဦးရွေးခွင်.ရထားပြီးဖြစ်ရာ လူ ခုနစ်သောင်းလေးထောင်တွင်တစ်ယောက်သာရွေးချယ်ခွင်.ရသောပွဲ၌ ထပ်မံပါဝင်စရာအကြောင်းမရှိတော.ပေ ။ထိုသို.အရပ်သားတို.မဲပေးပွဲတွင်ထပ်မံပါဝင်ခြင်းဖြင်. တပ်တော်သားများသည် မဲနှစ်ကြိမ်ပေးခွင်.ရသကဲ.သို.ရှိကာ နှစ်ထပ်ကွမ်းကိုယ်စားပြုခွင်.ရနေမည်ဖြစ်သည် ။ တပ်မတော်အနေဖြင်. အရပ်သားပြည်သူလူထုနှင်.အတူ မဲပေးချင်သည်ဆိုလျှင် ပြည်ထောင်စုလွှတ်တော်တွင် ခွဲတမ်းယူထားသော ကိုယ်စားလှယ် ၁၆၆ ယောက်ကိုအရင်ရုပ်သိမ်းပေးရမည်ဖြစ်သည် ။ ထိုသို.မရုပ်သိမ်းနိုင်ပဲ ၁၆၆ ယောက် မူသေယူထားချင်သည်ဆိုလျှင် တပ်မတော်ကိုယ်စားပြုရွေးချယ်မှုပြီးမြောက်ခဲ.ပြီဖြစ်သဖြင်. အရပ်သားကိုယ်စားပြု ၄၉၈ ဦးရွေးချယ်ရာတွင် ထပ်မံဝင်ရောက်မဲပေးခွင်. မပြုသင်.တော.ပေ ။ထိုသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်မပေးသင့်ကြောင်းကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသတ်မှတ်နိုင်ကြောင်း အခြေခံဥပဒေ ပုဒ်မ ၃၉၂ တွင် အောက်ပါပုဂ္ပိုလ်များသည် ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရဟုဆိုထားပြီး
"၃၉၂(င) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေအရ တားမြစ်ခြင်းခံရသူများ မဲပေးခွင့်မရှိ"ဟူ၍ပြဌာန်းထားသည်ဖြစ်ရာ ပြည်ထောင်စုလွှတ်တော် ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အခြေခံဥပဒေခုံရုံးတို့က ဤကိစ္စကို ပြန်လည်စဉ်းစားသင့်လေသည် ။
ကျွန်တော်တို.သည် အာဏာပိုင်များမဟုတ် သဖြင်. ဆုံးဖြတ်ချက်ချသောအလုပ်ကိုမလုပ်နိုင်ပါ ။ အကျိုးအကြောင်း အဆိုးအကောင်းဝေဖန်ထောက်ပြသော အလုပ်ကိုသာလုပ်နိုင်ပါသည် ။လက်တွေ.လုပ်ဆောင်ရမည်က ခေါင်းဆောင်များဖြစ်သည် ။ လူတစ်ယောက်သည်ရွေးကောက်ပွဲတွင်တစ်ကြိမ်သာမဲဆန္ဒပေးခွင်.ရှိတာ တစ်ကမ္ဘာလုံးလက်ခံထားသောစနစ်ဖြစ်ပါသည် ။လက်ရှိမြန်မာ.နိုင်ငံရေးစနစ်တွင် တပ်မတော်က နှစ်ကြိမ်ကိုယ်စားပြုခွင်. ယူထားခြင်းမှာ တရားသောယှဉ်ပြိုင်ခြင်းဟုတ်မဟုတ်စဉ်းစားကြရန်ဖြစ်ပါသည် ။ကြိုတင်မဲထက်ဆိုးသည်မှာ မဲပေးခွင်.နှစ်ကြိမ်ရသလိုဖြစ်နေသော ကိစ္စပင်ဖြစ်သည် ။
သရ၀ဏ်(ပြည်)
https://www.facebook.com/100010098195181/posts/1341149279564999/

