၈၈ အရေးတော်ပုံကြီးထက် ၂၁ လူထုအရေးတော်ပုံကြီးကသာတယ်လို့ တချို့လူငယ်တွေကပြောကြတယ်။ ဒါပြိုင်စရာမဟုတ်သလို ငြင်းစရာလည်း မဟုတ်ဘူး။ သူ့နည်းနဲ့သူကြီးမြတ်ကြတာချည်း။ ၈၈ ကသာတာတွေရှိသလို ၂၁ ကသာတာတွေလည်းရှိတယ်။
၈၈ ကသာတဲ့အချက်တချက်က မြို့တိုင်းမှာ သပိတ်ကော်မတီရှိတယ်။ သပိတ်ကော်မတီနဲ့ ကျောင်းသားသမဂ္ဂတွေက မြို့တိုင်းကို အုပ်ချုပ်တယ်။ လူကြီးအသင်းက သပိတ်ကော်မတီ၊ လူငယ်အသင်းက ကျောင်းသားသမဂ္ဂ။ ပါတီကောင်စီဆိုတာ သပိတ်ကာလမှာ တုတ်တုတ်တောင် မလှုပ်ရဲဘူး။ မဆလ ပါတီဝင်တွေဟာ သူတို့ရဲ့ ပါတီဝင်ကတ်ပြားတွေကို သူ့ထက်ငါဦးအောင် မီးရှို့ပြကြရတယ်။ သပိတ်ကိုကြောက်လို့။ ကိုယ့်ရပ်ကွက်ထဲက မဆလလူကြီးဆိုရင် ကိုယ်တို့ဆီကို တောင်းတောင်းပန်ပန်နဲ့လာပြီး ငါ့သားလေးတွေကို ကျောင်းသားသမဂ္ဂထဲထည့်ပေးပါကွာလို့ တောင်းပန်ရှာတယ်။ သူ့သားတွေရဲ့လုံခြုံရေးကို စိုးရိမ်ပူပန်လာလို့။ ဒီနေ့ခေတ်လို ဘယ်ဒလန်မှ ပေါ်တင်ခေါင်းမထောင်ရဲဘူး။ ခေါင်းထောင်ရင်ဇက်ပြတ်မှာပဲ။ အဲဒါ ၈၈ ရဲ့အားသာတဲ့တချက်။
ဒီမိုကရေစီစနစ်မို့ အမြင်မတူတာကို လက်ခံရမယ်၊ အတိုက်အခံပါတီကို ရပ်တည်ခွင့်ပေးရမယ်ဘာညာဆိုတဲ့ သဘောထားကြီးသယောင်ယောင် ယောင်လုံးတွေကြောင်လုံးတွေ ဝင်လာမှာကိုတော့ လက်မခံကြနဲ့။ အခုအချိန်ဟာ ကြောင်ရမယ့်အချိန်မဟုတ်တော့ဘူး။ လူငယ်တွေသေတာ ၆၀၀ ကျော်နေပြီဆိုတာ သတိရကြ။ ဒါတော်လှန်ရေးဖြစ်နေတာ။ သူ့ဘက်က ရက်ရက်စက်စက်သတ်နေသလို ကိုယ်ကလည်း လုပ်သင့်တာကို ပြတ်ပြတ်သားသားလုပ်ရမယ်။ တော်လှန်ရေးဆိုတာ အမှိုက်သရိုက်တွေကို တိုက်စားနင်းချေသွားရတာထုံးစံပဲ။
အခုမြို့တိုင်းမှာ ဒလန်ဆိုတာရှိနေတယ်။ ဒလန်ကခေါ်လာလို့၊ ဒလန်ကအိမ်လိုက်ပြလို့၊ ဒလန်ကသွားတိုင်လို့၊ ဒလန်ကဖော်လိုက်လို့၊ ဒလန်ကသတင်းပေးလိုက်လို့ဆိုတဲ့ အကြောင်းတွေကြောင့် အသက်သေဆုံးရတဲ့သူတွေဟာ မနည်းမနောရှိနေပြီ။ အဲဒီဒလန်ဆိုတာ ဘာကောင်တွေလဲလို့ လိုက်ကြည့်တော့ နေရာတိုင်းမှာ ကြံ့ဖွတ်ကောင်တွေ ချည်းပဲ။
အခုဒီအရေးခင်းကြီးမှာ အသံမထွက်ဘဲ နောက်ကနေ လူအသတ်ဆုံးအဖွဲ့အစည်းဟာ ကြံ့ဖွတ်ပဲ။ ကြံ့ဖွတ်ဟာ ရွံစရာ အကောင်းဆုံး စက်ဆုတ်စရာအကောင်းဆုံးပါတီပဲ။ အဲဒါကြောင့်လည်း လူထုက ဘယ်တုန်းကမှ လက်မခံတာပဲ။ လူထုက လက်မခံတဲ့အဆုံးမှာ စစ်တပ်ကို လက်ကိုင်ဒုတ်လုပ်ပြီး အာဏာသိမ်းတဲ့အထိရောက်လာတာဟာလည်း ကြံ့ဖွတ်စနက်ပဲ။ သူတို့ကမီးစရှို့ပေးတာ။
အခုဒလန်ဆိုတဲ့ဟာတွေထဲမှာ ကြံ့ဖွတ်အပြင် မဘသတို့ စွမ်းအားရှင်တို့ လူမိုက်တွေတို့လည်းပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံးနေရာတိုင်းမှာ ဒလန်ဆိုတာရှင်သန်နိုင်အောင် ကွန်ရက်ရှိနေတာဟာ ဖွတ်ကောင်တွေလက်ချက်ပဲ။ ဖွတ်ကောင်တွေက ပါတီယန္တရားကို အသုံးပြုပြီး ဒလန်ယန္တရားဖြစ်ပေါ်လာအောင် စနစ်တကျအလုပ်အကျွေးပြု အထောက်အကူပေးနေလို့ တနိုင်ငံလုံးမှာ ဒလန်ပြဿနာကြီးကြီးမားမားရှိနေတာပဲ။ ဒလန်ဆိုတာ ကြံ့ဖွတ်ပါတီပဲ။ ပါတီယန္တရားကိုသုံးနေလို့ ဒလန်ကွန်ရက်ရှိနေတာပဲ။
တော်လှန်ရေးသမားတွေဟာ စစ်တပ်ကို အာရုံပြုနေတဲ့အတွက် ဖွတ်တွေကို မှုလောက်စရာမရှိဘူးလို့သဘောထား တာကို အခွင့်ကောင်းယူနေကြတာ။
၈၈ လူထုအရေးတော်ပုံကြီး အစပိုင်းမှာကတည်းက မဆလပါတီပြိုကျသွားတယ်။ ဘယ်တော့မှပြန်မထောင်နိုင်တော့ဘူး။ အရေးတော်ပုံတလျှောက်မှာလည်း မဆလပါတီဖျက်ပစ်၊ တပါတီ အာဏာရှင်စနစ်အလိုမရှိ၊ down with BSPP ဆိုတဲ့ ဆိုင်းဘုတ်တွေ ပလူပျံနေခဲ့တယ်။ အခု ကြံ့ဖွတ်အလိုမရှိဆိုတဲ့ ကြွေးကြော်သံ ဘယ်မှာမှမကြားရဘူး။ ကြံ့ဖွတ်အသက်ရှင်နေသေးရုံမက၊ ဒုက္ခပေးနေတယ်။ ကြံ့ဖွတ်ကို မမုန်းလို့တော့မဟုတ်ဘူး။ မှုလောက်တယ်မထင်လို့ လွှတ်ထားတာပဲဖြစ်မယ်။ အခုတော့ ကြံ့ဖွတ်ကြောင့် အပြစ်မဲ့ ပြည်သူတွေသေတာ အလွန်ကိုများနေပြီ။ ဒီကောင်တွေကို ဘောက်ချာမဆုတ်လို့ မရတော့ဘူး။
ရပ်ကွက်ရုံးတွေကို ဒန်ပေါက်ကျွေးနေကြတာ ခုဆိုရင် တော်တော်တောင် အီနေပြီ။ ကြံ့ဖွတ်တွေမှာတော့ အရေးတော်ပုံစကတည်းက ခိုးစားခွင့်မရကြလို့ တော်တော်ငတ်နေရှာတယ်။ သူတို့ကို ဘာလို့ ဒန်ပေါက်ကလေး၊ ပလာတာလေး မြိုးမြိုးမြက်မြက်မကျွေးကြတာလဲ။ အဲသလောက်လည်း သဒ္ဓါတရားမနည်းကြပါနဲ့။ အဝကျွေးလိုက်ကြစမ်းပါ။ သူတို့အလှည့်ဟာ ရောက်သင့်တာထက်တောင် နောက်ကျနေပါပြီ။
ကြံ့ဖွတ်ရုံးလည်းမမြင်ချင်ဘူး။ ကြံ့ဖွတ်လူလည်းမမြင်ချင်ဘူး။ အစိမ်းကောင်ဆိုတာလည်း မကြားချင်ဘူး။ ရဲဘော်တို့ ပြတ်ပြတ်သားသား အရေးယူစို့။
ဇော်ဝင်း
၈၈ ဗကသ
https://www.facebook.com/100002953801365/posts/3655165791258512/

