Tuesday, April 20, 2021

တစ်ရွာလုံးနီးပါး ရှောင်တိမ်းနေရ

,

ဝမ်းတွင်းမြို့နယ် ခင်ကြီးစံပြကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် တစ်ရွာလုံးနီးပါး ရှောင်တိမ်းနေရ

DVB


မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ခင်ကြီးစံပြကျေးရွာမှာ ဧပြီလ ၁၉ ရက်နေ့က Non-CDM ဆရာမတွေ ကျောင်းပြန်ဖွင့်ဖို့ သန့်ရှင်းရေးလုပ်ရာမှာ ပြည်သူများက သံပုံးတီးမောင်းထုတ်ခဲ့ပါတယ်။ 


မကြာခင်မှာ စစ်ကား ၅ စီး ရောက်လာပြီး အသံဗုံး ၄ ချက်ခွဲကာ ရွာထဲမှ လူငယ် ၃ ယောက်ကို ဖမ်းဆီးသွားကာ တစ်ယောက်ကို ၅ သိန်း နဲ့ ပြန်ရွေးခဲ့ရတယ်လို့ သိရပါတယ်။


 ဧပြီလ ၂၀ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကားများ ထပ်ရောက်လာပြီး အိမ်တွေထဲထိ ဝင်ရောက်ရှာဖွေကာ ရွှေငွေ အစရှိတဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို ယူသွားပြီး ဆိုင်ကယ်တွေကိုလည်း ဖျက်ဆီးသွားတာပါ။


 နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာသား အယောက် ၄၀ ဝန်းကျင်ကို ဖမ်းဆီးသွားတယ် လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။ 


အခုအချိန်မှာတော့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် တစ်ရွာလုံးနီးပါး ရှောင်တိမ်းနေရတယ်လို့လည်း သိရပါတယ်။


https://www.facebook.com/191574990881009/posts/4245873805451087/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တစ်ရွာလုံးနီးပါး ရှောင်တိမ်းနေရ”

Post a Comment

Related Posts Plugin for WordPress, Blogger...