Tuesday, April 20, 2021

ပြညိတွင်းစစ် စပြီလော

,

တနင်္ဂ‌‌ နွေ့ နေ့က မြင်းခြံ ရှိ ပြည်သူ့ တို့၏ လမ်းမတော် ခံတပ်ကြီး အား အာဏာသိမ်းတပ်များ၏ ဝင်ရောက်စီးနင်းခြင်း ခံခဲ့ရသည်။


အာဏာသိမ်းတပ်များက အင်အား ၂၀၀ ခန့်ဖြင့် နေ့လည်မှ စ၍ ည ဆယ်နာရီခန့်

အထိ တိုက်ခိုက်ခဲ့ကြသည်။ မဲမဲမြင်ရာလိုက်လံ ပြစ်ခတ်နေကြသော်လည်း ပြည်သူများဖက်မှ လုပ်သေနတ်များ၊ တူမီး သေနတ်များ ဖြင့်ပြန်လည် ခုခံခဲ့၍ အာဏာသိမ်း တပ်များ ဖက်မှ ၆ ယောက် သေပြီး ၁၃ ယောက် ဒဏ်ရာများရရှိသွား ခဲ့သည်ဟု ဧရာဝတီတွင် ရေးသားထားသည်။ 


တိုက်ပွဲအတွင်း ပြည်သူများဖက်မှ အကျအဆုံး မရှိပဲ ၁၃ နှစ် အရွယ် ကလေး တဦး

အပါအဝင် လူ ၆ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။


ကနီ မြို့တွင်လည်း ပြည်သူများ နှင့် အာဏာသိမ်း တပ်များ အကြား တိုက်ပွဲ

ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိသည်။


ကနီ တော်လှန်ရေး တပ်သားများက မင်းကင်းမှ ဖမ်းဆီးလာသူများကို သယ်ဆောင်လာသည့် စစ်ထရပ်ကားတန်းအား လာပို ‌ရွာအနီးတွင် ခြုံခိုတိုက်ခိုက်ခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ အာဏာသိမ်း တပ်များဖက်မှ စစ်ကူများ ရောက်လာပြီး တနင်္လာနေ့ မနက်အထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့သည်။


မိုးမောက်မြို့နယ် အတွင်းတွင်လည်းကချင်လွတ်မြောက်ရေး တပ်တော် ကေအိုင်အေ နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ကျေးရွာများရှိ လူပေါင်း ၁,၅၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားခဲ့ရသည်။


ပဲခူးမြို့တွင် ဂျပန်ခေတ် အတွင်းတွင်ပင်မကြုံဖူးသည့် ဖြစ်ရပ်ကြီး ပေါ်ပေါက်လာ

ခဲ့သည်၊ ဤသည်ကား အာဏာသိမ်းတပ်ဖွဲ့များက ပဲခူးမြို့ရှိ ဆင်ဖြူရှင် သင်္ချိုင်းသို့

ရောက်လာပြီး ကျဆုံးသွားသူ သူရဲကောင်း၁၂ ဦးအား အတူတကွ မြုပ်နှံထားသည်

ကို တူးဖေါ်ဖျက်ဆီးကာ အလောင်းများကိုမြေပေါ်တွင် ထား၍ ထွက်သွားကြသည်ဟု မြန်မာနောင်းတွင် ဖေါ်ပြထားသည်။


ဖမ်းဆီး ထားသူများအား နှိပ်စက်ညှင်းပမ်းသည့် ဓါတ်ပုံများအား ပြောင်ပြောင်တင်း

တင်းပင် ထုတ်ပြလာခဲ့သည်။ ၎င်းတို့သည်ကမ်းကုန်အောင် ရက်စက်ပြမည်ဟု လူထု

အား အကြောက်တရားဖြစ်‌‌ လာအောင်ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်၊ ၎င်းတို့အဖို့ကား အသက်ရှင် ရပ်တည်သွားနိုင်ဖို့ အတွက် လူထု အုံကြွမှုကြီး ကို နည်းမျိုးစုံ ဖြင့် ဖြို့ခွင်းနိုင်မှသာ ဖြစ်တော့မည် ဆိုသည် သဘောကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။


အာဏာသိမ်း တပ်များ အဖို့ ဗမာပြည်ွကွန်မြူနစ် ပါတီ သည် အရှေ့မြောက် ဒေသသို့ ဆုတ်ခွာ သွားခဲ့ချိန်မှစ၍ ပထမဆုံးအကြိမ် အဖြစ် ပြည်မတွင် လက်နက်ကိုင် တိုက်ပွဲများ နှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။


ဂျပန် အစိုးရ အဖွဲ့ အတွင်းဝန်ချုပ်မှ ဖမ်းဆီးခံလိုက်ရသော ဂျပန် သတင်းထောက်ကို ပြန်လွှတ်ပေးရန် တောင်းဆို လိုက်ပြန်သည်။


တဖက်တွင် အာဏာသိမ်း အဖွဲ့သည် ၎င်းတို့အား ထောက်ခံသူများ အကြား ပိုမိုယုံကြည်မှု ရှိလာစေရန် နှင့် ခြံစည်းရိုး ‌ခွထိုင်နေသူများ ပိုမို ပူးပေါင်းလာစေရန် ကျောင်းများ ပြန်ဖွင့်ခြင်း (ဇော်မင်းထွန်း ပညာရေး) ၊ စီဒီအမ် ဝန်ထမ်းများအား အတင်းအကျပ် ခြိမ်းချောက်ကာ အလုပ်ပြန်ဆင်းစေပြီး ယန္တယား ကြီးအား လည်ပတ်နိုင်အောင် အတင်းအကျပ် ကြိုးစားလာနေသည်။


ဘဏ်များ ယခုထိ ပြန်လည် မလည်ပတ်နိုင်ခြင်း၊ မိုဘိုင်း ဒေတာများ ဖြတ်တောက်ထားခြင်းများကြောင့် စီးပွားရေးသည်မည်သို့မျှ နာလံ မထူနိုင်အောင် ရှိနေသော်

လည်း ၎င်း ခန့်ထားသည့် အရပ်သား လက်ပါးစေ များက နောင်လာ နောင်ခါဈေး ဆိုကာ တခုခု လုပ်ပြနိုင်ရန်သာ အားသန်နေကြသည်။


ဤသို့ဖြင့် ပြည်တွင်းတွင် လုပ်ငန်းဆောင်တာများ မလည်ပတ်နိုင် ဖြစ်လာပြီး လူထုအား ဝန်ဆောင်မှူ မပေးနိုင်သည့် အနေအထား ရေရှည်လာချိန်တွင် အာဏာသိမ်း အဖွဲ့ အဖို့ မည်သို့မျှ ဆက်လက် ရပ်တည်နိုင်စွမ်း ရှိမည်မဟုတ်တော့ပေ။ ထို့အတွက် စီဒီအမ်သည် လက်

နက်ကိုင် တော်လှန်ရေး နှင့် အတူ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိနေသည်။


Nikkei Asia Review စာစောင်အဆိုအရ

မူ တိုတယ် မှ လွဲ၍ ကျန် ပြည်ပ ကုမ္ပဏီများ အားလုံးက သဘာဝဓိါတ်ငွေ့ ထုတ်လုပ်ခြင်း လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်ဟု သိရသည်။ ထိုင်း နှင့် တရုတ်နိုင်ငံများသို့  ဓါတ်ငွေ့တင်ပို့နေမှူသည် တနှစ်လျှင် ‌ဒေါ်လာ သုံးဘီလီယံ ခန့်ဝင်ငွေရှိနေပြီး စုစုပေါင်း ပြည်ပ ပို့ကုန်၏

၂၀% ရှိနေသည်။


အာဏာသိမ်း အဖွဲ့ သင်္ကြန်ရေကစားပြကာ အပူရုပ်ကို ဟန်လုပ်နေရသော်လည်း အခြေအနေများက ဆိုးဝါးလာနေပြီ ဖြစ်သည်၊ သို့သော် တတိုင်းပြည်လုံး သစ်ငုတ်များသာ ကျန်စေဦး ဆက်ပြီးအုပ်ချုပ်သွားမည့်လူများ ဖြစ်၍ မဖြစ်မနေ မောင်းချနိုင်ဖို့က အရေးကြီးနေပြီ ဖြစ်သည်။


နိုင်ငံတကာ မှ NUG အား အသိအမှတ်ပြုရန် လိုအပ်နေပြီး အမေရိကန်၊ စင်္ကာပူ နှင့်

အခြားနေရာများတွင် ထိန်းချုပ်ထားသောဘဏ်ငွေစာရင်းများ ကို NUG အား လွှဲ

ပြောင်းပေးရန် လိုသည်၊ ထို့အတွက် အိမ်နီးချင်း နိုင်ငံများ ၏ ဘဏ္ဍာရေး ဈေးကွက်ထဲ မှတဆင့် လှုပ်ရှားခွင့် ပေးသင့်သည်ဟု ဂျပန် ရှိ The Diplomat အွန်လိုင်း ဂျာနယ်တွင် ဆောင်းပါးရှင် Phillip Annawitt က ပြည်တွင်းစစ်ကြီး စတင်လာချေပြီ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားထားသည်။


အကယ်၍ အာဆီယံ မှ လူသားချင်း စာနာ

ထောက်ထားသည့် ချန်နယ်တခု ဖွင့်လှစ်လာမည်ဆိုကလည်း အသုံးဝင်လာမည် ဖြစ်သည်၊ အာဏာသိမ်း အဖွဲ့ ထံ တိုက်ရိုက် ရောက်သွားမည်ကို မည်သူမျှ လက်ခံကြမည် မဟုတ်ဟုလည်း ပါရှိသည်။


ယခုအချိန်ထိ အာဏာသိမ်း အဖွဲ့သည် တပ်မတော်အား ထင်သလို စေခိုင်း

နိုင်သည့် အဆင့်တွင် ရှိနေသော်လည်းအရေးနိမ့်သည့် အရိပ်လက္ခဏာများ မြင်

လာရသည်နှင့် ဒုတိယတန်းစား ဗိုလ်ချုပ်များက အပေးအယူ လုပ်လာကြတော့မည်

ဖြစ်သည်ဟုလည်း ရေးသားထားသည်။


ထိုင်းဝန်ကြီးချုပ် ပရာရွတ်သည် အကြောင်း ပြချက် မပေးပဲ လာမည် အာဆီယံ အစည်းအဝေးသို့ မတက်ရောက်ရန်

ဆုံးဖြတ်ပြီး နိုင်ငံခြားရေးဝန်ကြီးသာ စေ

လွှတ်မည်ဟု ဘန်ကောက်ပို့စ် တွင် ရေးသားထားသည်။ လက်ရှိတွင် မင်းအောင်လှိုင်အား ဂျကာတာ သို့ ဖိတ်ခေါ်မှုအတွက် အာဆီယံ အဖွဲ့ကြီး အဖို့ အပြင်းအထန် ဝေဖန်မှူများ နှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။


တနင်္လာ‌ နေ့က ဥရောပ သမဂ္ဂ အီးယူမှမင်းအောင်လှိုင်၏ အာဏာသိမ်း အဖွဲ့တွင်

ပါဝင်နေသူ ၁၀ ဦး နှင့် ၎င်းတို့ ချယ်လှယ်ကြီးစိုးထားသည့် ဦးပိုင် ကုမ္ပဏီကြီး နှစ်ခု

စလုံးအား စီးပွားရေး အရ အရေးယူ ပိတ်ဆို့လိုက်ပြီ ဖြစ်သည်။


အာဏာသိမ်း အဖွဲ့သည့် အကြမ်းဖက် လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေပြီး

တိုင်းပြည်အား မျှော်လင့်ချက် မဲ့သည့်အနေအထား ရောက်အောင် တွန်းပို့နေသည့်

အတွက် ဖိအားများ ပေးရန် လိုအပ်လာ၍ဖြစ်သည်ဟု ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး

ဟေးကို မာစ် က သတင်းထောက်များကိုထုတ်ဖေါ်ပြောကြားလိုက်သည်။


အီးယူသည် စစ်ဘေးရှောင် ဒုက္ခသည်များကူညီရေးအတွက် ယူရို ၉ သန်းအား ကုလ၊အင်ဂျီအို နှင့် ကြက်ခြေနီ အဖွဲ့အစည်းများသို့ ပေးအပ်သွားမည်ဟု ကြေငြာခဲ့သည်။


ကမ္ဘာအလုပ်သမား သမဂ္ဂ ဖက်ဒရေးရှင်းမှအမျိုးသား ညီညွတ်ရေး အစိုးရသစ်အားကြိုဆိုလိုက်ပြီး ကမ္ဘာနိုင်ငံများအားလည်းအသိအမှတ် ပြုကြရန် တိုက်တွန်းကြောင်းကြေညာချက် ထုတ်ပြန်ခဲ့သည်။


အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်း

လိုက်မှုသည် ပါးစပ်ကလေးဖြင့်သာ တုန့်ပြန်နေဆဲ ဖြစ်သော နိုင်ငံများသို့ ထပ်မံ

စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်သဖြင့်မည်သို့ တုန့်ပြန်ရမည် ဆိုသည်အပေါ်

အကျပ်ရိုက်လာနေပြီ ဖြစ်သည်။


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မှ မြန်မာ

နိုင်ငံ အတွင်း အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်မှုများ နှင့် ဖိနှိပ်မှု များ အဆုံးသတ်သွားရေး အတွက် အာဆီယံ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါသော အနေအထားတွင် ရောက်ရှိနေပြီ ဖြစ်သည်ဟု လုံခြုံရေး ကောင်စီ နှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးတွင် ပြောဆိုသွားခဲ့သည်။


၎င်း၏ အထူး သံတမန်ဖြစ်သူ ခရစ်စတင်း ဘာဂင်ဂါလည်း ဘန်ကောက်တွင် ရှိနေပြီးအာဏာသိမ်း အဖွဲ့နှင့် ကော အခြား ပတ်သက်ရာ ပတ်သက်ကြောင်းများနှင့်ပါဆွေးနွေးရန် အသင့်ရှိနေသည်ဟုလည်း ဆိုသည်။


ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းကလည်း အာဏသိမ်း အဖွဲ့၏ လုပ်ရပ်

ကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ

ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်၊ ကုလသမဂ္ဂ အပါအဝင် ကမ္ဘာအဖွဲ့အစည်းများ ‌အနေဖြင့် မြန်မာအား ငြိမ်းချမ်း ဖွံ့ဖြိုးသော လမ်းကြောင်းပေါ်သို့ ပြန်လည် ဆွဲတင်နိုင်ရန် အချိန် မဆိုသလောက်သာ ရှိတော့သည်ဟု သတိပေး

လိုက်သည်။


အရေးတော်ပုံ အောင်ရမည်!!!


ဓါတ်ပုံ - RFA

-Hla Soewai


https://www.facebook.com/100010098195181/posts/1448825062130753/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပြညိတွင်းစစ် စပြီလော”

Post a Comment

Related Posts Plugin for WordPress, Blogger...