Sunday, April 18, 2021

ပန်ဆယ်လို အကောင့်ကိုကျစေခဲ့တဲ့ ပိုစ့်ပါ. . .

,

 (နာရီပိုင်းအတွင်း Report ထိပြီးကျသွားတဲ့ပိုစ့်မို့ တန်ဖိုးထားစွာ ပြန်တင်ပေးလိုက်တယ်) 

ခွေးတောင်မစားနိုင်တဲ့ ဆန်ကွဲကြိုကို ငှက်ပျောဖက်ပေါ်တင်စားရတဲ့ကောင်တွေက ဒါမျိုးစားနိုင်လားတဲ့။ ငှက်ပျောအူစုပ်၊ ခြင်းကျားလွယ်၊ အာကာထွန်းဘောင်းဘီ၊ သရေဖိနပ်စုတ်နဲ့ ငါတို့လို နေနိုင်လားတဲ့။

မစားနိုင်ပါဘူး။ မနေနိုင်ပါဘူး။

အ, လို့ ခံတာ ခံပေါ့။ 

တိုင်းပြည်ဆင်းရဲချိန်မှာ စစ်သုံးဘက်ဂျက်ကို အစစ်အဆေးမခံ တောင်းသလောက်ပေး အမြင့်ဆုံးယူခဲ့ပြီး အပေါ်ပိုင်းသူခိုးတွေ ထားစရာမရှိအောင်ချမ်းသာနေချိန် အောက်ခြေကကောင်တွေကို ခွေးလိုထားတာ ခံတဲ့၊ ကျွန်လိုထားခံရတာ ဂုဏ်ယူနေတဲ့ စစ်ခွေးတွေလောက် နုံအတဲ့ အသိုက်အဝန်းကို အံ့ဩလို့ မဆုံးဘူး။ 


ဒေါ်အောင်ဆန်းစုကြည် အစိုးရမတက်ခင် စစ်အစိုးရ၊ စစ်တစ်ပိုင်းအစိုးရလက်ထက်မှာလည်း နင်တို့ ပထွေးတွေက နင်တို့ကို ငှက်ပျောအူပဲ စုပ်ခိုင်းတာ။ ဒေါ်အောင်ဆန်းစုကြည်လက်ထက် စစ်အသုံးဘက်ဂျက် တောင်းသလောက်ပေးနေရချိန်မှာလည်း နင်တို့အဘတွေက နင်တို့ကို ငှက်ပျောအူပဲ စုပ်ခိုင်းတာ။ ကိုယ်ငတ်တာ ဘယ်မအလကြောင့်လဲ မသိဘဲ ပြည်သူကို စားနိုင်လား မေးနေမယ့်အစား ပထွေးကို သွားမေး။ အံကပ်တောင် ပြုတ်သွားဦးမယ်။ စစ်ခွေးလို့ ပြောရင်နာတယ်။ ပါးစပ်မှာ အစွယ်တယားယား၊ အကိုက် တသန်သန်နဲ့။ 

နင်တို့ပထွေး မင်းအောင်လှိုင်ရဲ့ တစ်ကိုယ်စာ အကျိုးစီးပွါးအတွက် အာဏာသိမ်းတာ။ အာဏာမသိမ်းခင်ထိ ဒီတိုင်းပြည်အခြေအနေသည် COVID လို ကပ်ဘေးမှာတောင် ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့တယ်။ မငြိမ်းချမ်းလို့ အာဏာသိမ်းတာ မဟုတ်ဘူး။ အာဏာသိမ်းလို့ မငြိမ်းချမ်းတာ။ 

အာဏာရူးတာ နင်တို့ပထွေး၊ အကျိုးအမြတ်ယူမှာ နင်တို့ပထွေး။ အေး... သွေးစွန်းတော့ နင်တို့လက်တွေ။ စစ်မြေပြင်မှာ လက်နက်ကိုင်ထားသူချင်း အပြိုင်အဆိုင်တိုက်တိုင်း ဘောင်းဘီချွတ်ဖင်ကုန်းပေးခဲ့သမျှ လက်နက်မဲ့ ပြည်သူကိုကျ အငုံ့စိတ်တွေ လာဖောက်ခွဲပြီး အကြမ်းဖက်သတ်ဖြတ်တဲ့ သရဲဘောကြောင်တဲ့ကောင်တွေ။

နေတော့ မြေကြီးပေါ်၊ စားတော့ နပ်မမှန်ဘူး၊ ဝတ်တော့ အာကာထွန်းဘောင်းဘီ၊ ခြင်းကျားလွယ်ပြီး ဘီလျံနာသူခိုးတစ်စုကို တိုင်းပြည်အမှတ်နဲ့ကာကွယ်ပေးနေတဲ့ ဦးနှောက်ချည်း Rape ခံထားရတဲ့ ကောင်တွေပါးစပ်က ပြည်သူကို သတ်ဖြတ်ပြီး တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ပါတယ်ဆိုတဲ့စကား ကြားရတာ အော့နှလုံး အနာဆုံးပဲ။ 

ပြောတော့ စစ်သားတဲ့။ ဘယ်ကောင်သေရဲလဲဆိုတဲ့စကားကို သေနတ်ပါမှ ပြောရဲတဲ့ ကမကလစစ်သား။  မအိမ်လုံးစစ်သား။ ခွေးသူတောင်းစား ကလေကဝများ။ 

လူသတ်ကျွန်ဖြစ်ဖို့ အမွေးဖွားခံရတဲ့ ဂင်းနစ်မှတ်တမ်းဝင် လူစိတ်ပျောက် ခွေးစိတ်ပျောက် အောက်တန်းစားတွေ။ နင်တို့မယားတွေ မဲဖောက်ပြီး နောက်လင်ယူဖို့ မှန်းပျော်နေပြီဆိုတာ တွေးထားကြ မသာလောင်းများ။

နာကျည်းလွန်းလို့သာ ပြောရတာ 

မအိမ်လုံးတွေက Wifi လည်း ရမှာမဟုတ်ဘူး။

(ထပ်ကျရင် ထပ်တင်မှာနော်။ အခုလို နင်တို့ ထွန့်ထွန့်လူးပြီး တပ်ရင်းလိုက် Report ထု၊ ဆားထိသွားတာ သိပ်ဝမ်းသာတာပဲ။ မဖတ်ရဘူးထင်နေတာ... ဖတ်ရကြောင်း သိရတော့ ကျေနပ်တယ် အခါတစ်သိန်း) 

Crd ပန်ဆယ်လို နဲ့ ရှဲသူများ😅


https://www.facebook.com/100053294651603/posts/267006201752533/





0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ပန်ဆယ်လို အကောင့်ကိုကျစေခဲ့တဲ့ ပိုစ့်ပါ. . .”

Post a Comment

Related Posts Plugin for WordPress, Blogger...