Friday, September 17, 2021

စစ်တပ်ဘာ့ကြောင့်အာဏာသိမ်းသလဲ ?

,

အများစုသိထားသလို မင်းအောင်လှိုင်ဟာ  သမ္မတဖြစ်ချင်တဲ့နိုင်ငံရေးလောဘတခုတည်းနဲ့ သိမ်းလိုက်တာတော့မဟုတ်ပါဘူး ။ 


စစ်တပ်ဟာ သူ့လူတချို့ကို စစ်ရာဇဝတ်မှုနဲ့ အရေးယူဖို့ လုပ်နေရတာကြာပီ ။ လုပ်ချင်လွန်းလို့လုပ်နေတာတော့ မဟုတ်ဘူး ။ အဓိကကတော့ နိုင်ငံတကာဖိအားကြောင့် ။ 


NLD ကိုယ်တိုင်လည်း အစိုးရဖြစ်နေတုန်းက စစ်တပ်နဲ့ အလိုတူအလိုပါ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပီး ၂၀၁၉ လောက်ကျမှ စစ်တပ်ကို ထိုးချပီး ကိုယ်လွတ်ရုန်းဖို့လုပ်လာတယ် ။ ဒေါ်စုရဲ့ ရခိုင်အကြံပေးကော်မရှင်က စစ်ရာဇဝတ်မှုစုံစမ်းရေးအဖွဲ့ဖွဲ့ပီး အရေးယူရမဲ့တပ်ရင်းမှူး နဲ့စစ်ကြောင်းမှူး ၁၀ ယောက်မကဘူး စာရင်းထုတ်ပြခဲ့တယ် ။ မင်းအောင်လှိုင်ကလည်း အစိုးရမူဝါဒအတိုင်းပါပဲလို့ ခေါင်းငြိမ့်ထားခဲ့ရတယ် ။ 


မင်းအောင်လှိုင်ဟာ ၂၀၁၇ ရိုဟင်ဂျာဂျင်နိုဆိုဒ်တုန်းက သူခိုင်းခဲ့တဲ့ တိုင်းမှူးအပါအဝင်တပ်မှူးတချို့ကို ပင်စင်ပေးထားတယ် ။ ဒါပေမဲ့ ပင်စင်စားစစ်ဘက်ပုဂ္ဂိုလ်တွေကိုလည်း နောက်ကြောင်းပြန်အရေးယူလို့ရတဲ့ ဥပဒေပြဌာန်းခဲ့တယ် ။ ဒါက ပီးခဲ့တဲ့ လွှတ်တော်သပ်တမ်းမှာတင်လုပ်သွားတာ ။ တန်းပီးတော့ အရေးယူတာတော့ မလုပ်သေးဘူး ။ သူတွက်ထားပုံက ၂၀၂၀ မှာ NLD အပြတ်မနိုင်တော့ပဲ ညွန့်ပေါင်းပုံစံဖြစ်လာချိန်မှ သူကသမ္မတတက်လုပ်ပီး ထိုးချစရာရှိတဲ့ကောင်ကို ထိုးချမယ် ။ သမ္မတဖြစ်သွားရင် သူ့ကိုယ့်သူလည်း နိုင်ငံတကာဝရမ်းတွေကနေ အကာအကွယ်ရပီးသားဖြစ်သွားလိမ့်မယ်ဆိုတာပဲ ။ ဒါ့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်လေးမှာတင် ရလဒ်ကို လက်ခံပါ့မယ်ပြောနေတာ ။ တကယ်မဲစာရင်းမှားတာကို ပြဿနာရှာချင်ရင် ရွေးကောက်ပွဲမဲစာရင်းပြုစုနေကတည်းက ပြဿနာရှာပါမှာပေါ့ ။ 


ဒါပေမဲ့ ရွေးကောက်ပွဲမှာ NLD နိုင်သွားပီး တပ်ဟာ စစ်ရာဇဝတ်မှုနဲ့ ထိုးချခံရတော့မယ်ဆိုတာ သေချာသွားချိန်မှာ အာဏာသိမ်းတော့တာပါပဲ ။ 


လျင်သူစားစတမ်း

------------

NLD က စစ်ရာဇဝတ်ခုံရုံးဖွဲ့ပီး တပ်ကို ထိုးချတာထက် တပ်ကအာဏာသိမ်းပီး စစ်ရာဇဝတ်ခုံရုံးဖွဲ့ NLD နဲ့ လက်အောက်တပ်မှူးတချို့ကို ထိုးချပစ်တာက တပ်အတွက်သက်သာလိမ့်မယ်ဆိုတဲ့အတွေး တပ်ထိပ်သီး ၆ ယောက် တွေးကိုတွေးမှာပဲ ။ 


အာဏာသိမ်းပီး သိပ်မကြာဘူး စစ်တပ်လွှင့်တဲ့ ဝါဒဖြန့်ဇာတ်ကားထဲမှာ တိုင်းမှူးသား ဗိုလ်မှူးတယောက်တောင် စစ်ရာဇဝတ်မှုနဲ့ စွဲချက်အတင်ခံရပီး စုံခုံထိတယ် စစ်တရားရုံးအတင်ခံရတယ်ဆိုတဲ့ ဇာတ်ကွက် ၁ နာရီကျော်လောက်ပါလာတယ် ။ အဲ့ဒီဗိုလ်မှူးရဲ့စစ်ကြောင်းတခုလုံး စုံခုံသက်ချုပ်နဲ့ စစ်ဘက်တရားရုံးအတင်ခံရတဲ့ ဇာတ်ကား ။ 


နောက်ပီး မင်းအောင်လှိုင်က မြန်မာရာဇသတ်ကြီးမှာ လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးတိုက်ဖျက်ရေးကွန်ဗင်းရှင်းအတိုင်း ဥပဒေထည့်သွင်းတယ် ။ ကမ္ဘောဒီးယားမှာ ခမာနီတပ်မှူးဟွန်ဆင်က သူ့အထက်ဆရာခမာနီခေါင်းဆောင်တွေကို ဒီနည်းနဲ့ သမဖူးတယ် ။ တကယ်စစ်စစ်ပေါက်ပေါက်စုံစမ်းရင် ဟွန်ဆင်လည်းရာဇဝတ်ကောင်ပဲ ။ ဒါပေမဲ့ သူက ကမ္ဘောဒီးယားရာဇသတ်ကြီးနဲ့ သူ့ဆရာသမားတွေကို ပြည်တွင်းခုံရုံးတင်ပီး သူက ဝန်ကြီးချုပ်တက်လုပ်နေတာ ခုထိ ။ 


ပြည်တွင်းစစ်ရာဇဝတ်ခုံရုံးနဲ့ ထိုးချဖို့ မင်းအောင်လှိုင် ပြင်ဆင်နေတာ အဆင့် ၄ ဆင့်တော့ ကျနော် မြင်လိုက်ရပီ ။ 


NLD မြင်မမြင်တော့ ကျနော်မသိဘူး ။ 


၂ ဖက်လုံး ညိထားတယ်

----------------

NLD က ဘာအပြစ်မှ မရှိဘူး ။ ရိုဟင်ဂျာတွေကို လုပ်သမျှ စစ်တပ်က လုပ်တာလို့ ပြောရင် မှားတယ်ဗျ ။ကိုယ်ထိလက်ရောက်သတ်ဖြတ်တာမုဒိန်းကျင့်တာ စစ်တပ်ကဆိုရင် အဲ့ဒါတွေလုပ်ခွင့်ရဖို့ အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပိုင်းဆိုင်ရာလမ်းခင်းပေးတာ NLD ဖြစ်နေတယ် ။

ဥပမာ _ ရိုဟင်ဂျာရွာတရွာကို စစ်တပ်က စီးနင်းဖို့ဆိုရင် ကာဖျူးမိန့်တွေကြိုထုတ်ပေးပီး ရွာကို ပိတ်ဆို့မိန့်ပေးတာ အရပ်ဘက်တရားသူကြီးတွေနဲ့ NLD ခန့်တဲ့ ထွေအုပ်က လုပ်ပေးတာ ။ ထွေအုပ်ကို ပြည်ထဲရေးအောက်ကဆွဲထုတ်ထားပီးသားမို့ ဒီကိစ္စကျ အရပ်သား NLD အစိုးရမှာပဲ တာဝန်ရှိသွားတယ် ။ စစ်တပ်ဘက်က လွန်လွန်ကျူးကျူးလုပ်ရင်တောင်မှပဲ အောက်ခြေစစ်ကြောင်းမှူးနဲ့တပ်သားတွေလုပ်ပါတယ်လို့ ခေါင်းရှောင်လို့ရသွားတယ် ။ 


အထာတခုရှိတယ်

------------ 

NUG ရဲ့ genocide နဲ့ပတ်သတ်ပီးချည်းကပ်ပုံက လတ်တလော နိုင်ငံရေးအကျိုးအမြတ်ရဖို့ လူမြင်ကောင်းအောင်လုပ်ပြနေသလောက်ပဲ ။ တကယ်ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် သူတို့စိတ်မပါတာ ပေါ်လွင်လွန်းတယ် ။ 

မင်းအောင်လှိုင်ကတော့ ဆယ်စုနှစ်နဲ့ချီပီးအာဏာ မြဲဖို့မရှိဘူး ။ သူ့မှာ ပြည်တွင်းပြည်ပမဟာမိတ် မရှိဘူး ။ 


သူ့ရှေ့က ပူပူနွေးနွေးဂျင်နိုဆိုဒ်တရားခံ ဘာရှီးအဟ်မဒ်ဆိုရင် အာရဗ်မိတ်ဆွေနိုင်ငံတွေက ထိထိရောက်ရောက်ကာကွယ်ပေးတယ် ။ တရုတ်နဲ့ ရုရှားကလည်း ဆယ်စုနှစ်နဲ့ချီ ကာကွယ်ပေးတယ် ။ ဆူဒန်ရဲ့ အဓိက စီးပွားရေး ရေနံနဲ့ရေနံထွက်လုပ်ငန်းတွေ ပိတ်ဆို့ခံရတာတောင်မှ ဘာရှီးအဟ်မဒ်ဟာ ဆယ်နှစ်ကျော်လောက်အာဏာဆက်မြဲနေခဲ့တယ် ။ မင်းအောင်လှိုင်ကတော့ အဲ့လောက်မြဲဖို့မရှိ ။ 


ဒါပေမဲ့ နိုင်ငံတကာဟာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သတ်လို့ တရားခံအချင်းချင်းအရေးယူလာပီဆိုရင် အချိန်တခု လွှတ်ပေးထားလေ့ရှိတယ် ။ အချင်းချင်းအရေးယူလိုက်ရရင် လူမျိုးတုန်းသတ်ဖြတ်တဲ့ အဖွဲ့အစည်းဟာ အက်ကွဲကြောင်းထပီး ရာစုနှစ်နဲ့ချီ အချင်းချင်းယုံကြည်မှုပျက်ယွင်းသွားတတ်တာကိုး ။ အမျိုးသားရေးတစောက်ကန်းစိတ်ဓါတ်နဲ့ သူတပါးလူမျိုးတွေကို မျိုးတုန်းအောင်သတ်ဖြတ်ခဲ့တဲ့သူတွေအချင်းချင်းသစ္စာတွေဖောက်ကုန်ကြပီးသွေးကွဲကုန်တာမျိုးမို့ နောက်တကြိမ်လူမျိုးတုန်းသတ်ဖြတ်ချင်စိတ်မပေါ်အောင်တားဆီးပီသားဖြစ်တာပေါ့ ။ ဒီသဘောတော့ရှိတယ် ။ 


အများအကျိုး vs ကိုယ့်အကျိုး

---------------------

မင်းအောင်လှိုင်မြန်မြန်ပြုတ်ကျပီး အမှန်တကယ်ဒီမိုကရေစီရချင်တယ်ဆိုလို့ရှိရင်တော့ NUG ဟာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုစုံစမ်းစစ်ဆေးအပြစ်ပေးရေးဝန်ကြီးဌာနဖွဲ့လိုက်ပါ ။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းထဲမှာ ရာဇဝတ်မှုတွေအတွက် သက်သေခံပေးမဲ့ ရိုဟင်ဂျာတွေ ၁ သန်းနီးပါးရှိပါတယ် ။ ဒီဒုက္ခသည်တွေနဲ့ ထိတွေ့ခွင့်ရဖို့ မင်းအောင်လှိုင်ကိုယ်တိုင် အာဏာသိမ်းပီးပီးချင်း ဘင်္ဂလားဒေရှ့်အစိုးရကို စာရေးပီး ကြိုးပမ်းဖူးပါတယ် ။ NUG အနေနဲ့ အစိုးရ အစိုးရချင်းအဆင့် ဆက်သွယ်ဆောင်ရွက်ချင်ရင် ဒီလမ်းကနေ ချည်းကပ်ကြည့်ပါ ။ နောက်ကျနေပီဆိုပေမဲ့ ကြိုးစားကြည့်ပေါ့ ။ 


NUG ထဲမှာလည်း ဆရာဝင်းမြတ်အေးလို ဂျင်နိုဆိုဒ်ကျူးလွန်ရာမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တာမို့ အမှုမှန်တွေကို ဖော်ထုတ်နိုင်သူရှိနေတာပဲလေ ။ ဆရာ့အနေနဲ့ တကိုယ်တော်နိုင်ငံရေးအကျိုးထက် တနိုင်ငံလုံးဒီမိုကရေစီရဖို့ သိထားသမျှရာဇဝတ်မှုတွေကို ဖွင့်ချလိုက်ရင် ပိုမကောင်းဘူးလား ? ဒါဟာ ကျင့်ဝတ်အရရော အကျိုးစီးပွားအရပါ အလားအလာကောင်းတဲ့ ကိစ္စပါ ။ 


kyawhlaoo 


ဓါတ်ပုံ - ကမ္ဘောဒီးယားခုံရုံး 


စစ်တပ်ဘာ့ကြောင့်အာဏာသိမ်းသလဲ ?

--------------------------

အများစုသိထားသလို မင်းအောင်လှိုင်ဟာ  သမ္မတဖြစ်ချင်တဲ့နိုင်ငံရေးလောဘတခုတည်းနဲ့ သိမ်းလိုက်တာတော့မဟုတ်ပါဘူး ။ 


စစ်တပ်ဟာ သူ့လူတချို့ကို စစ်ရာဇဝတ်မှုနဲ့ အရေးယူဖို့ လုပ်နေရတာကြာပီ ။ လုပ်ချင်လွန်းလို့လုပ်နေတာတော့ မဟုတ်ဘူး ။ အဓိကကတော့ နိုင်ငံတကာဖိအားကြောင့် ။ 


NLD ကိုယ်တိုင်လည်း အစိုးရဖြစ်နေတုန်းက စစ်တပ်နဲ့ အလိုတူအလိုပါ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပီး ၂၀၁၉ လောက်ကျမှ စစ်တပ်ကို ထိုးချပီး ကိုယ်လွတ်ရုန်းဖို့လုပ်လာတယ် ။ ဒေါ်စုရဲ့ ရခိုင်အကြံပေးကော်မရှင်က စစ်ရာဇဝတ်မှုစုံစမ်းရေးအဖွဲ့ဖွဲ့ပီး အရေးယူရမဲ့တပ်ရင်းမှူး နဲ့စစ်ကြောင်းမှူး ၁၀ ယောက်မကဘူး စာရင်းထုတ်ပြခဲ့တယ် ။ မင်းအောင်လှိုင်ကလည်း အစိုးရမူဝါဒအတိုင်းပါပဲလို့ ခေါင်းငြိမ့်ထားခဲ့ရတယ် ။ 


မင်းအောင်လှိုင်ဟာ ၂၀၁၇ ရိုဟင်ဂျာဂျင်နိုဆိုဒ်တုန်းက သူခိုင်းခဲ့တဲ့ တိုင်းမှူးအပါအဝင်တပ်မှူးတချို့ကို ပင်စင်ပေးထားတယ် ။ ဒါပေမဲ့ ပင်စင်စားစစ်ဘက်ပုဂ္ဂိုလ်တွေကိုလည်း နောက်ကြောင်းပြန်အရေးယူလို့ရတဲ့ ဥပဒေပြဌာန်းခဲ့တယ် ။ ဒါက ပီးခဲ့တဲ့ လွှတ်တော်သပ်တမ်းမှာတင်လုပ်သွားတာ ။ တန်းပီးတော့ အရေးယူတာတော့ မလုပ်သေးဘူး ။ သူတွက်ထားပုံက ၂၀၂၀ မှာ NLD အပြတ်မနိုင်တော့ပဲ ညွန့်ပေါင်းပုံစံဖြစ်လာချိန်မှ သူကသမ္မတတက်လုပ်ပီး ထိုးချစရာရှိတဲ့ကောင်ကို ထိုးချမယ် ။ သမ္မတဖြစ်သွားရင် သူ့ကိုယ့်သူလည်း နိုင်ငံတကာဝရမ်းတွေကနေ အကာအကွယ်ရပီးသားဖြစ်သွားလိမ့်မယ်ဆိုတာပဲ ။ ဒါ့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်လေးမှာတင် ရလဒ်ကို လက်ခံပါ့မယ်ပြောနေတာ ။ တကယ်မဲစာရင်းမှားတာကို ပြဿနာရှာချင်ရင် ရွေးကောက်ပွဲမဲစာရင်းပြုစုနေကတည်းက ပြဿနာရှာပါမှာပေါ့ ။ 


ဒါပေမဲ့ ရွေးကောက်ပွဲမှာ NLD နိုင်သွားပီး တပ်ဟာ စစ်ရာဇဝတ်မှုနဲ့ ထိုးချခံရတော့မယ်ဆိုတာ သေချာသွားချိန်မှာ အာဏာသိမ်းတော့တာပါပဲ ။ 


လျင်သူစားစတမ်း

------------

NLD က စစ်ရာဇဝတ်ခုံရုံးဖွဲ့ပီး တပ်ကို ထိုးချတာထက် တပ်ကအာဏာသိမ်းပီး စစ်ရာဇဝတ်ခုံရုံးဖွဲ့ NLD နဲ့ လက်အောက်တပ်မှူးတချို့ကို ထိုးချပစ်တာက တပ်အတွက်သက်သာလိမ့်မယ်ဆိုတဲ့အတွေး တပ်ထိပ်သီး ၆ ယောက် တွေးကိုတွေးမှာပဲ ။ 


အာဏာသိမ်းပီး သိပ်မကြာဘူး စစ်တပ်လွှင့်တဲ့ ဝါဒဖြန့်ဇာတ်ကားထဲမှာ တိုင်းမှူးသား ဗိုလ်မှူးတယောက်တောင် စစ်ရာဇဝတ်မှုနဲ့ စွဲချက်အတင်ခံရပီး စုံခုံထိတယ် စစ်တရားရုံးအတင်ခံရတယ်ဆိုတဲ့ ဇာတ်ကွက် ၁ နာရီကျော်လောက်ပါလာတယ် ။ အဲ့ဒီဗိုလ်မှူးရဲ့စစ်ကြောင်းတခုလုံး စုံခုံသက်ချုပ်နဲ့ စစ်ဘက်တရားရုံးအတင်ခံရတဲ့ ဇာတ်ကား ။ 


နောက်ပီး မင်းအောင်လှိုင်က မြန်မာရာဇသတ်ကြီးမှာ လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးတိုက်ဖျက်ရေးကွန်ဗင်းရှင်းအတိုင်း ဥပဒေထည့်သွင်းတယ် ။ ကမ္ဘောဒီးယားမှာ ခမာနီတပ်မှူးဟွန်ဆင်က သူ့အထက်ဆရာခမာနီခေါင်းဆောင်တွေကို ဒီနည်းနဲ့ သမဖူးတယ် ။ တကယ်စစ်စစ်ပေါက်ပေါက်စုံစမ်းရင် ဟွန်ဆင်လည်းရာဇဝတ်ကောင်ပဲ ။ ဒါပေမဲ့ သူက ကမ္ဘောဒီးယားရာဇသတ်ကြီးနဲ့ သူ့ဆရာသမားတွေကို ပြည်တွင်းခုံရုံးတင်ပီး သူက ဝန်ကြီးချုပ်တက်လုပ်နေတာ ခုထိ ။ 


ပြည်တွင်းစစ်ရာဇဝတ်ခုံရုံးနဲ့ ထိုးချဖို့ မင်းအောင်လှိုင် ပြင်ဆင်နေတာ အဆင့် ၄ ဆင့်တော့ ကျနော် မြင်လိုက်ရပီ ။ 


NLD မြင်မမြင်တော့ ကျနော်မသိဘူး ။ 


၂ ဖက်လုံး ညိထားတယ်

----------------

NLD က ဘာအပြစ်မှ မရှိဘူး ။ ရိုဟင်ဂျာတွေကို လုပ်သမျှ စစ်တပ်က လုပ်တာလို့ ပြောရင် မှားတယ်ဗျ ။ကိုယ်ထိလက်ရောက်သတ်ဖြတ်တာမုဒိန်းကျင့်တာ စစ်တပ်ကဆိုရင် အဲ့ဒါတွေလုပ်ခွင့်ရဖို့ အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပိုင်းဆိုင်ရာလမ်းခင်းပေးတာ NLD ဖြစ်နေတယ် ။

ဥပမာ _ ရိုဟင်ဂျာရွာတရွာကို စစ်တပ်က စီးနင်းဖို့ဆိုရင် ကာဖျူးမိန့်တွေကြိုထုတ်ပေးပီး ရွာကို ပိတ်ဆို့မိန့်ပေးတာ အရပ်ဘက်တရားသူကြီးတွေနဲ့ NLD ခန့်တဲ့ ထွေအုပ်က လုပ်ပေးတာ ။ ထွေအုပ်ကို ပြည်ထဲရေးအောက်ကဆွဲထုတ်ထားပီးသားမို့ ဒီကိစ္စကျ အရပ်သား NLD အစိုးရမှာပဲ တာဝန်ရှိသွားတယ် ။ စစ်တပ်ဘက်က လွန်လွန်ကျူးကျူးလုပ်ရင်တောင်မှပဲ အောက်ခြေစစ်ကြောင်းမှူးနဲ့တပ်သားတွေလုပ်ပါတယ်လို့ ခေါင်းရှောင်လို့ရသွားတယ် ။ 


အထာတခုရှိတယ်

------------ 

NUG ရဲ့ genocide နဲ့ပတ်သတ်ပီးချည်းကပ်ပုံက လတ်တလော နိုင်ငံရေးအကျိုးအမြတ်ရဖို့ လူမြင်ကောင်းအောင်လုပ်ပြနေသလောက်ပဲ ။ တကယ်ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် သူတို့စိတ်မပါတာ ပေါ်လွင်လွန်းတယ် ။ 

မင်းအောင်လှိုင်ကတော့ ဆယ်စုနှစ်နဲ့ချီပီးအာဏာ မြဲဖို့မရှိဘူး ။ သူ့မှာ ပြည်တွင်းပြည်ပမဟာမိတ် မရှိဘူး ။ 


သူ့ရှေ့က ပူပူနွေးနွေးဂျင်နိုဆိုဒ်တရားခံ ဘာရှီးအဟ်မဒ်ဆိုရင် အာရဗ်မိတ်ဆွေနိုင်ငံတွေက ထိထိရောက်ရောက်ကာကွယ်ပေးတယ် ။ တရုတ်နဲ့ ရုရှားကလည်း ဆယ်စုနှစ်နဲ့ချီ ကာကွယ်ပေးတယ် ။ ဆူဒန်ရဲ့ အဓိက စီးပွားရေး ရေနံနဲ့ရေနံထွက်လုပ်ငန်းတွေ ပိတ်ဆို့ခံရတာတောင်မှ ဘာရှီးအဟ်မဒ်ဟာ ဆယ်နှစ်ကျော်လောက်အာဏာဆက်မြဲနေခဲ့တယ် ။ မင်းအောင်လှိုင်ကတော့ အဲ့လောက်မြဲဖို့မရှိ ။ 


ဒါပေမဲ့ နိုင်ငံတကာဟာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သတ်လို့ တရားခံအချင်းချင်းအရေးယူလာပီဆိုရင် အချိန်တခု လွှတ်ပေးထားလေ့ရှိတယ် ။ အချင်းချင်းအရေးယူလိုက်ရရင် လူမျိုးတုန်းသတ်ဖြတ်တဲ့ အဖွဲ့အစည်းဟာ အက်ကွဲကြောင်းထပီး ရာစုနှစ်နဲ့ချီ အချင်းချင်းယုံကြည်မှုပျက်ယွင်းသွားတတ်တာကိုး ။ အမျိုးသားရေးတစောက်ကန်းစိတ်ဓါတ်နဲ့ သူတပါးလူမျိုးတွေကို မျိုးတုန်းအောင်သတ်ဖြတ်ခဲ့တဲ့သူတွေအချင်းချင်းသစ္စာတွေဖောက်ကုန်ကြပီးသွေးကွဲကုန်တာမျိုးမို့ နောက်တကြိမ်လူမျိုးတုန်းသတ်ဖြတ်ချင်စိတ်မပေါ်အောင်တားဆီးပီသားဖြစ်တာပေါ့ ။ ဒီသဘောတော့ရှိတယ် ။ 


အများအကျိုး vs ကိုယ့်အကျိုး

---------------------

မင်းအောင်လှိုင်မြန်မြန်ပြုတ်ကျပီး အမှန်တကယ်ဒီမိုကရေစီရချင်တယ်ဆိုလို့ရှိရင်တော့ NUG ဟာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုစုံစမ်းစစ်ဆေးအပြစ်ပေးရေးဝန်ကြီးဌာနဖွဲ့လိုက်ပါ ။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းထဲမှာ ရာဇဝတ်မှုတွေအတွက် သက်သေခံပေးမဲ့ ရိုဟင်ဂျာတွေ ၁ သန်းနီးပါးရှိပါတယ် ။ ဒီဒုက္ခသည်တွေနဲ့ ထိတွေ့ခွင့်ရဖို့ မင်းအောင်လှိုင်ကိုယ်တိုင် အာဏာသိမ်းပီးပီးချင်း ဘင်္ဂလားဒေရှ့်အစိုးရကို စာရေးပီး ကြိုးပမ်းဖူးပါတယ် ။ NUG အနေနဲ့ အစိုးရ အစိုးရချင်းအဆင့် ဆက်သွယ်ဆောင်ရွက်ချင်ရင် ဒီလမ်းကနေ ချည်းကပ်ကြည့်ပါ ။ နောက်ကျနေပီဆိုပေမဲ့ ကြိုးစားကြည့်ပေါ့ ။ 


NUG ထဲမှာလည်း ဆရာဝင်းမြတ်အေးလို ဂျင်နိုဆိုဒ်ကျူးလွန်ရာမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တာမို့ အမှုမှန်တွေကို ဖော်ထုတ်နိုင်သူရှိနေတာပဲလေ ။ ဆရာ့အနေနဲ့ တကိုယ်တော်နိုင်ငံရေးအကျိုးထက် တနိုင်ငံလုံးဒီမိုကရေစီရဖို့ သိထားသမျှရာဇဝတ်မှုတွေကို ဖွင့်ချလိုက်ရင် ပိုမကောင်းဘူးလား ? ဒါဟာ ကျင့်ဝတ်အရရော အကျိုးစီးပွားအရပါ အလားအလာကောင်းတဲ့ ကိစ္စပါ ။ 


kyawhlaoo 


ဓါတ်ပုံ - ကမ္ဘောဒီးယားခုံရုံး


https://m.facebook.com/story.php?story_fbid=1775908512798543&id=100011382338145

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ စစ်တပ်ဘာ့ကြောင့်အာဏာသိမ်းသလဲ ?”

Post a Comment

Related Posts Plugin for WordPress, Blogger...