Friday, September 17, 2021

မန်းနီးပါဝါအတွက်ဘာမှမပူနဲ့

,

 "သီတဂူပုတ်ထဲကထွက်လာသည့်ဒီပဲ ပုပ်မြဲပုပ်လျက်ပါပဲ"

စစ်ဗိုလ်ချုပ်တွေက တိုင်းပြည်ကနေ မတရားခိုးယူထားတဲ့ တိုင်းသူပြည်သားတွေရဲ့ ဘဏ္ဍာငွေတွေကို သုံးပြီး လာဘ်ထိုးတဲ့အနေနဲ့ ဆောက်လှူထားတဲ့ကျောင်းကြီးတွေပေါ်မှာ ဇိမ်ခံပစ္စည်းမျိုးစုံကို သုံးစွဲ စည်းစိမ်ယစ်ပြီး လူသတ်သမားစစ်မိစ္ဆာကောင်တွေနဲ့ ပေါင်းစားနေတဲ့ အချောင်သမား သီတဂူတပည့်များ သိစေရန် ဤစာကိုရေးပါတယ်။


သီတဂူဘုန်းကြီးဟာ တပည့်တွေမြောက်များစွာ မွေးထားပေမဲ့ ဆရာမှားရင်ထောက်ပြဝေဖန်ပြီး လမ်းမှန်ကိုရောက်အောင် တည့်မတ်ပေးမည် ဆိုသည့် တပည့်ကောင်းတွေ မထွက်ဘဲ ကိုယ့်ဆရာ မှားမှားမှန်မှန် ကျားကန်ထောက်ခံပေးမယ့် ဆရာ့ထံမှာ မှီခိုပြီး စားသောက်နေရရင်တော်ပြီ ဆိုတဲ့ အညံ့စားစိတ်ဓါတ်တွေနဲ့ ကပ်ဖားမြှောက်ဖား ညာစားတွေပဲများနေတာကတော့ သာသနာတော်အတွက် အလွန်ပဲ ဝမ်းနည်းစရာကောင်းလှပါတယ်။


အားလုံးပဲ မှတ်မိကြမယ်ထင်ပါတယ်။ 


သီတဂူဘုန်းကြီး စစ်တပ်ထဲမှာ ဟောကြားခဲ့တဲ့ ဒုဋ္ဌဂါမဏိမင်းကြီးကို သီဟိုဠ်ဘုန်းကြီးတွေပြောတဲ့ သရဏဂုံသုံးပါးနဲ့ ငါးပါးသီလ မမြဲတဲ့သူကို သတ်တာအပြစ် မဖြစ်ဘူးဆိုပြီး ဟောခဲ့တဲ့တရားပေါ့။


အဲဒီကိစ္စဟာ လုံးဝ မှားယွင်းတဲ့တရား ဖြစ်တယ်။ ဗုဒ္ဓဟောထားတဲ့တရားနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်တယ်ဆိုတာ အားလုံးသိပါတယ်။


RFA သတင်းဌာနက ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဗွီဒီယို အင်တာဗျူးတောင်းလို့ မြဝတီမင်းကြီးဆရာတော်နှင့် ဦးဇင်းတို့နှစ်ပါး အင်တာဗျူးပေးခဲ့ပါသေးတယ်။


မြဝတီမင်းကြီးဆရာတော်ကြီးက သီတဂူအကြောင်း ကြိုသိလို့နေပါမယ်။ အဲဒီအင်တာဗျူးမှာကတည်းက သီတဂူရဲ့ ဟောပြောမှုအမှားများကို စနစ်တကျထောက်ပြဝေဖန်ပြီး သီတဂူကို ဓာတ်ဆီပတ် အောက်တိန်းဖြန်းနေတဲ့ကိုယ်တော်ကြီးဖြစ်တယ်၊ နိုင်ငံကို မဆူဆူအောင်.လုပ်ဆောင်နေတယ်လို့ ဘွင်းဘွင်းပဲ မိန့်ခဲ့ပါတယ်။


ဒါကို မကျေမနပ်ဖြစ်ကြတဲ့ သီတဂူရဲ့တပည့်ကြီးငါးပါးက သူ့ဆရာသီတဂူမှားနေတာကြီးကို မဝေဖန်ရဲဘဲ တကယ့်ဗုဒ္ဓတရားနှင့်အညီထောက်ပြတဲ့ မြဝတီမင်းကြီးဆရာတော်ကြီးကို ကန့်ကွက်ရှုတ်ချတဲ့ စတိတ်မင့်တစောင်ရေးကာ သူတို့ဒေါက်ချာငါးပါး လက်မှတ်ထိုးပြီးဖြန့်ခဲ့ကြပါတယ်။


ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။

သီတဂူဟာ တခုပြီးတခု ဆက်တိုက် အမှားတွေ ပြောဆိုကျူးလွန်ပါတယ်။ 


ဒီမိုကရေစီစနစ်မှာ ပြည်သူရွေးချယ်တင်မြှောက်တဲ့ မဲပေးစနစ်နဲ့ သွားနေတာကို သိသိကြီးနဲ့ စစ်ကိုင်းဘုရားပွဲမှာ ဦးသိန်းစိန်ကို -


"သမ္မတကြီး ဒီငါးနှစ်နဲ့ မရရင် နောက်ငါးနှစ်၊ နောက်ငါးနှစ်နဲ့ မရရင် ဆယ့်ငါးနှစ် ဆက်ပြီးအုပ်ချုပ်ပေါ့"


ဆိုပြီး မြှောက်ပေးတာဟာ အတော်လေးကို လွဲမှားမှုပဲဖြစ်ပါတယ်။


ပြည် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး တို့ကို ယူနက်စကိုက ဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုစဉ်က ဘာမှပြောခြင်းမရှိဘဲ ပြည်သူရွေးချယ်တင်မြှောက်တဲ့ NLD အစိုးရလက်ထက် ပုဂံကို ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်အသိအမှတ်ပြုတာကိုကျမှ -


"အဇာဘိုင်ဂျန် ကုလားနိုင်ငံကို ပုံအပ်လိုက်ပြီ။ ကုလားပိုင်ဖြစ်သွားပြီ"


ဆိုပြီး NLD အစိုးရကို ကုလားအားပေး မွတ်စလင်အားပေး အထင်ရောက်သွားအောင် သက်သက်ချောက်တွန်းကာ လိမ်ညာဟောကြားတာကတော့ အတော်လေးကို အရုပ်ဆိုးအကျည်းတန်တဲ့ ဝစီဒုစရိုက်ကျူးလွန်မှုပဲ ဖြစ်ပါတယ်။


စစ်အာဏာရှင် မိစ္ဆာကောင် မင်းအောင်လှိုင်က ပိုက်ဆံ သိန်းငါးရာလှူစဉ်က သီတဂူဘုန်းကြီးကနေပြီးတော့


 "မန်းနီးပါဝါအတွက်ဘာမှမပူနဲ့" ဆိုပြီး 


အရှက်မဲ့စွာ လူသတ်ကောင်ကို မြှောက်ပေးပြီး ငွေငမ်းပြ အာဏာဆာလောင်ခဲ့တာတွေဟာ အတော်ကို မတင့်မတယ်နဲ့ ရှက်စရာကောင်းလှပါတယ်။


NLD အစိုးရလက်ထက် တစ်တိုင်းပြည်လုံး လျှပ်စစ်မီးပေးနိုင်ရေးအတွက် ပညာရှင်များနှင့် တိုင်ပင်ကာ ယူနစ်အနည်းအများအလိုက် မီတာခများ တိုးမြှင့်ကောက်ခံခဲ့တာကို 


"ဒီလောက်အများကြီးတိုးမြှင့်ကောက်ခံရင် စစ်ကိုင်းမှာ ရေလှူနေတာတွေကို ရပ်ပြစ်ရတော့မယ်၊ဘုန်းကြီးရဲ့သာသနာပြုလုပ်ငန်းတွေရပ်ပစ်ရတော့မယ်" 


ဆိုပြီး NLD အစိုးရကို သာသနာဖျက်နေသည့်အမြင်မျိုးရောက်အောင် NLD အစိုးရလုပ်သမျှကို အပြစ်ပြောပြီး အောက်တန်းကျကျလီဆယ်တိုက်ခိုက်ခဲ့တာတွေဟာ သမိုင်းမှာ ပြန်ဖျက်လို့မရတော့တဲ့ ဒကာ၊ ဒကာမ၊ ပြည်သူတွေအပေါ် ကျေးဇူးကန်းယုတ်မာမှုတခုပဲ ဖြစ်ပါတယ်။


အဆိုးဆုံးကတော့ တတိုင်းပြည်လုံးသိရှိနေကြတဲ့ ပြည်သူရွေးချယ်မဲပေးခဲ့လို့ NLD ပါတီက မဲအပြတ်သတ်နိုင် အစိုးရဖြစ်မှာကို မလိုလားကြသည့်အတွက် ကြံ့ဖွတ်ပါတီနှင့် စစ်အာဏာရှင် မင်းအောင်လှိုင်၊ စိုးဝင်းတို့က လက်ဝါးချင်းရိုက်ပြီး မဲလိမ်မှုအကြောင်းပြကာ အာဏာသိမ်းဖို့ လှည့်ကွက်ဆင်လာတာကို 


"မဲလေးသောင်း မဲဗုံးကြီး ကျန်ခဲ့တယ်"ဆိုပြီး စစ်အာဏာရှင်အလိုကျ 


"ခြင်္သေ့ဂူကို ဝက်တွေဝင်လူးတယ်" ဆိုပြီး 


တရားဟောကြားတာတွေဟာ ရည်ရွယ်ချက်ရှိရှိ NLD အစိုးရကို တိုက်ခိုက်တာတင်မကတော့ဘဲ စစ်အာဏာသိမ်းမှုကိုပါ အပြစ်မရှိသယောင်၊ စစ်အာဏာသိမ်းရာမှာပါ ပူးပေါင်းပါဝင်ခဲ့တဲ့ မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။


အဆိုးတကာ့အဆိုးဆုံးကတော့ ဒီလောက်ပြည်သူတွေကို ရက်ရက်စက်စက် ပစ်သတ်လို့ ပြည်သူ တထောင်ကျော် သေဆုံးခဲ့ရတာ၊


ရဟန်းရှင်လူကျောင်းသားပြည်သူပေါင်း ၇၀၀၀ ကျော် မတရားဖမ်းဆီး ထောင်ချအနှိပ်စက်ခံနေရတာ၊


ပြည်သူငါးသိန်းကျော် စစ်ဘေးရှောင် ဒုက္ခရောက်နေကြရတာ၊ 

ကျေးရွာပေါင်းမြောက်များစွာ ရွာလုံးကျွတ်မီးရှို့ခံရတာ၊ မုဒိန်းကျင့်သတ်ဖြတ်ခံရတာ၊ 


အရှင်လတ်လတ် မီးရှို့ အသတ်ခံရတာ၊ ပါးစပ်ထဲ အက်စစ်လောင်းထည့်ပြီး အသတ်ခံရတာ၊ ဒါတွေကို လစ်လျူရှုပြီးတော့ ဒီလို လူမျိုးတုန်းသတ်ဖြတ်မှု၊ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေကြတဲ့၊


မပေါင်းသင့် မပေါင်းထိုက်၊ အားမပေးသင့် အားမပေးထိုက်သည့် စစ်မိစ္ဆာ၊ လူသတ်ကောင် လူ့ဗာလ လူမိုက်ကြီးများကို အားပေးပေါင်းသင်းပြီး ရုရှားကိုအတူတူကြွချီသွားကြတာ တွေ့မြင်ကြမှာဖြစ်ပါတယ်။


တကယ်ကို မင်္ဂလာတရားပါပျက်နေတဲ့ စစ်မိစ္ဆာတို့ရဲ့ အသုံးချခံ၊ အဝယ်ထားခံရတဲ့ စစ်ကျွန်ဘဝကို အားတက်သရောခုံမင်စွဲလမ်းသွားတဲ့ သီတဂူကြီးပါပေပဲ။


ဒါကိုပဲ ရုရှားမှာရှိနေတဲ့ သီတဂူရဲ့တပည့်က သူ့ဆရာရဲ့မှားကွက်များအားလုံးကို မျက်ကွယ်ပြုပြီး သူ့ဆရာအလိုကျ သူ့ဆရာနည်းတူ အာဏာရှင်ကို ဖားယားမြှောက်ပင့်ရေးကာ ပြည်သူကိုစော်ကားမော်ကားရေးသားဖြန့်ဝေနေတာကိုတွေ့ရမှာဖြစ်ပါတယ်။


သံလျင်သီတဂူ ဒေါက်ချာသီဟဥာဏကလည်း  CDM ပြုလုပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့်ဆရာဝန်များကို ဆရာဝန်နှလုံးသားမရှိဘူး ဆေးမကုဘူး ဒီလုပ်ရပ်ကို ကမ္ဘာကတောင်လက်မခံဘူးဆိုပြီး ရေးသားကာ ရုံထားတဲ့သင်္ကန်းနဲ့ မလိုက်ဖက်အောင်ကို ဆရာကောင်းတပည့်ပီပီ ပြည်သူကို ပလီပါတော့တယ်။


တကယ်က ဗုဒ္ဓမြတ်စွာဘုရား၏လမ်းစဉ်သည် မှားနေတာတွေကို ထောက်ပြဝေဖန်ပေးပြီး အမှန်ကိုရောက်အောင် သွားရသည့်လမ်းစဉ်ဖြစ်ပါတယ်။


မြတ်စွာဘုရားရှင်၏လက်ယာရံအရှင်သာရိပုတ္တရာ သင်္ကန်းမညီညာနေတာကို သူ့တပည့်ကိုရင်လေးကတွေ့မြင်၍ -


သင်္ကန်းမညီပါဘုရား ပြင်ဝတ်တော်မူပါ


လို့လျှောက်ကြားသည့်အခါ အရှင်သာရိပုတ္တရာက သင်္ကန်းကို ပြန်လည်ပြင်ဝတ်ကာ -


ညီပါပြီလားဘုရား နောင်ကိုလည်း အပြစ်တစုံတရာတွေ့မြင်သည့်အခါလျှောက်ကြားပါဘုရား 


လို့ပြောဆိုခဲ့သည့် သာဓကတွေ အထင်အရှားရှိပါသည်။


သို့ပါသော်လည်း သီတဂူတပည့်အများစုဟာ ကိုယ့်ဆရာအမှားများကို မျက်ကွယ်ပြုပြီး မှားနေတဲ့ကိုယ့်ဆရာအလိုကျ၊ စစ်အာဏာရှင် အလိုကျ၊

 

မှားနေမှန်းသိသိကြီးနဲ့ အရှက်မဲ့စွာနဲ့ပဲ ငါစားနေရရင်ပြီးရေ၊ာ ငါကောင်းစားနေရင်ပြီးရေ၊ာ ကျေးဇူးရှင်ပြည်သူပြည်သားတွေဘဝ ဘာဖြစ်ဖြစ် ငါငတေမာဖို့ပဲအရေးကြီးတယ် 


ဆိုတဲ့ ကိုယ့်အတ္တမာန်မာန အမိုက်အမှားတွေကိုဆုပ်ကိုင်ပြီး ရေးသားနေကြတာကိုပဲတွေ့မြင်နေရသည့်အတွက် သီတဂူပုတ်ထဲက ထွက်လာသည့် ဒီပဲများဟာလည်း ပြည်သူ့အတွက် အကျိုးမရှိတဲ့ ပဲပုပ်များကိုသာတွေ့မြင်နေရလို့ ပုပ်မြဲပုပ်လျက်ပါပဲ လို့ရေးသားတင်ပြလိုက်ခြင်းဖြစ်ပါတယ်။


ဆားတဆုပ် ထပ်ပြီး ပက်လိုက်သည်။ 

အနာရှိသူတွေစပ်ကြစေသတည်း...။


ရဟန်းကျင့်ဝတ်ခြောက်ပါး -


မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊

အသစ်ဟောကျူး၊ နာဖူးထပ်မံ၊

နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊

ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။


--------------------------

မင်းသုည ( ဗုဒ္ဓတက္ကသိုလ် )

#thevoiceofspring



https://m.facebook.com/story.php?story_fbid=192933712909316&id=104500868419268

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မန်းနီးပါဝါအတွက်ဘာမှမပူနဲ့”

Post a Comment

Related Posts Plugin for WordPress, Blogger...