Thursday, September 30, 2021

ကမ္ဘာမကြေ ရန်သူတော်ပဲ ဖြစ်ပါတယ်

,

ဗမာလူမျိုးတွေရဲ့ သူရဲကောင်းအဖြစ် 

သတ်မှတ်ခြင်းခံထားရတဲ့ အလောင်းမင်းတရားကြီး 

ဦးအောင်ဇေယျဟာ မွန်လူမျိုးတွေအတွက်တော့ 

ကမ္ဘာမကြေ ရန်သူတော်ပဲ ဖြစ်ပါတယ်။ 


အကြောင်းကတော့ ဗမာဘုရင် ဦးအောင်ဇေယျရဲ့ 

ရွှေဘိုတပ်တွေဟာ ပဲခူးမြို့တော်ကို ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့တုန်းက မွန်လူမျိုးတွေကို လူမျိုးသုဉ်းလုနီးပါး ရက်ရက်စက်စက် သုတ်သင်ခဲ့တာပါ။ 


ဗမာဘုရင်ရဲ့ တပ်တွေဟာ ဟံသာဝတီမြို့တံခါးကို

ဖောက်ဝင်ပြီးတာနဲ့ တပြိုင်နက် သူတို့ကို ခုခံတိုက်ခိုက်သူ၊ မတိုက်ခိုက်သူရယ်လို့ မရွေးဘဲ မြင်မြင်သမျှ

လူအားလုံးကို သတ်ဖြတ်ခဲ့ပါတယ်။ 


ဒါ့အပြင် လမ်းမှာတွေ့သမျှ အဆောက်အအုံတိုင်းကိုလည်း မီးတိုက် ဖျက်ဆီးပါတယ်။ လိုချင်သမျှ ပစ္စည်းကိုလည်း ဓားပြဆန်ဆန် ယူငင်ပါတယ်။


မွန်ရာဇဝင်သမိုင်းတွေအရ ဦးအောင်ဇေယျရဲ့ ရှေ့ပြေးတပ်တွေ သတ်ဖြတ်ခဲ့တဲ့ မွန်ပြည်သူတွေထဲမှာ သာမန်အရပ်သားတွေအပါအဝင် ဂုဏ်သရေရှိလူကြီးတွေ၊ မင်းဆွေ၊ မင်းမျိုးတွေလည်း ပါပါတယ်။ 


ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေလည်း 

ဗမာတပ်တွေ လက်ချက်နဲ့ သေဆုံးခဲ့ရတာတွေလည်း

ရှိခဲ့တယ်လို့ဆိုပါတယ်။ 


ထူးဆန်းတာတခုက ဘာသာတရား 

ကိုင်းရှိုင်းပါတယ်ဆိုတဲ့ ရွှေဘိုတပ်တွေဟာ 

မွန်ဘုရင်ဘက်က ခုခံကာကွယ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဟန်းတော်တွေကိုပါ 

မငဲ့ကွက်ဘဲ ရှင်းပစ်ခဲ့တာပါ။ 


စာတတ်ပေတတ် မွန်ရဟန်းတော် 

အတော်များများဟာ ဦးအောင်ဇေယျရဲ့ 

ဗမာတပ်တွေရဲ့ လက်ချက်နဲ့ အသက်ပျောက်ခဲ့ရပါတယ်။


နောက်ပိုင်းမှာလည်း ဦးအောင်ဇေယျရဲ့ တပ်တွေဟာ

မသေဘဲကျန်ခဲ့တဲ့ ထောင်ချီတဲ့ အရပ်သားတွေကို

ဘဂ်လာဒေ့ရှ်နဲ့ အခြား ဒေသခွဲတွေကို ကျွန်အဖြစ် ရောင်းချခဲ့ပါသေးတယ်။ 


ဗမာဘုရင်ပိုင် ရွှေဘိုတပ်ရဲ့ အဲ့ဒီလို 

အရပ်သားတွေအပေါ် ရက်ရက်စက်စက် 

သတ်ဖြတ်ခဲ့မှုအတွက် အဓိက တရားခံဟာ အလောင်းမင်းတရားကြီး ဖြစ်ပါတယ်။ 


ဦးအောင်ဇေယျဟာ ဟံသာဝတီထီးနန်းကို 

ဝင်ရောက်သိမ်းပိုက်ဖို့ ရှေးပြေးတပ်တွေ လွှတ်လိုက်တဲ့အခါမှာ အရပ်သားတွေကို ရက်ရက်စက်စက် မတုံပြန်ဖို့ဆိုတဲ့ အမိန့်တော် မပါခဲ့ပါဘူး။ 


ရှေ့ပြေးတပ်တွေလွှတ်ပြီး (7) ရက်အကြာမှာတော့

ဗမာဘုရင် ဦးအောင်ဇေယျကိုယ်တိုင် သွေးညှီနံတွေ

မပြယ်သေးတဲ့ ဟံသာဝတီမြို့တော်ကို နန်းသိမ်းပွဲ

ခံယူဖို့ ကြွချီလာပါတော့တယ်။ 


ဗမာဘုရင် အလောင်းဘုရားဟာ ​မြို့ထဲကို 

မိုးညှင်းစော်ဘွားက အခါတော်ပေး စီမံထားတဲ့

ဂိတ်တံခါးပေါက်က ဝင်ပါတယ်။ 


ပြီးတဲ့အခါမှာတော့ မွန်ဘုရင် ဗညားဒလကို အကျယ်ချုပ်ချပြီး နန်းတော်နဲ့ မြို့တော်ကို သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း ကြေငြာပါတယ်။ 


ဟံသာဝတီဘုရင်ရဲ့ ထီးဖြူတော်ကို 

ကိုယ်တော်တိုင် ချက်ခြင်း မီးရှို့ပစ်ပြီး 

မဂ်လာစည်တော်ကိုလည်း ဓားနဲ့ ထိုးခွဲ

ဖောက်လိုက်ကာ မြို့စောင့်နတ်တွေကိုလည်း 

သူ့ကိုသာ သစ္စာခံဖို့ အမိန့်ထုတ် လိုက်ပါတော့တယ်။


https://www.facebook.com/103035022105079/posts/119204497154798/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကမ္ဘာမကြေ ရန်သူတော်ပဲ ဖြစ်ပါတယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...