ဘဏ်ထဲက ငွေတွေပြန်မထုတ်ရဆိုတဲ့ သဘောက ဘဏ်ထဲက ငွေများကို သိမ်းတဲ့သဘော
Earning USD များ ကို အမိန့်တွေထုတ်ပြီး သက်တမ်း ကန့်သတ်လိုက်တာ မျိုးကလည်း ဘဏ်ထဲက ဒေါ်လာတွေကို သွယ်ဝိုက်ပြီးသိမ်း ၊ အောက်ဈေးနှိုက်တဲ့ သဘောပါ။
သိန်း ၂၀၀ ဥပဒေ ၏ သဘောကလည်း မြေတွေအရောင်းအဝယ်မဖြစ်အောင်၊ လူတစ်ချို့က မြေကြီးရောင်းပြီးနိုင်ငံခြားပြေးမှာစိုး၍ ကန့်သတ်လိုက်တဲ့ သဘောမျိုး( သွယ်ဝိုက်ပြီးတော့ မြေကြီးကို သိမ်းလိုက်တဲ့ သဘောပါ)
နောက်ပြီး paper gold ဆိုတာမျိုးကလည်း ရွှေကို သိမ်းဖို့ကြံတဲ့ အကွက်မျိုးပေါ့။
၁၉၆၂ မှာ အာဏာသိမ်းတော့ လုပ်ငန်းရှင်တွေပိုင်တဲ့ ဆန်စက်တွေ၊ ရာဘာခြံတွေသိမ်းတယ်။ စက်ရုံတွေသိမ်းတယ်။ ဆိုင်ခန်းတွေသိမ်းတယ်။ ကျောင်းတွေသိမ်းတယ်။ သဘော်တွေသိမ်းတယ်။ စက်သုံးဆီဆိုင်တွေကိုသိမ်းတယ်။ မော်တော်ကား တစ်စီးထက်ပိုပိုင်ရင်သိမ်းတယ်။
ထိုနည်းအားဖြင့် အာဏာမသိမ်းမီက ချမ်းသာတဲ့ သူဌေးတွေဟာ ပိုက်ဆံမရှိ၊ အလုပ်မရှိ လမ်းဘေးရောက်ကုန်တယ်။
သူဌေးတွေ မရှိတော့ ထိုသူဌေးတွေ ၏ ပစ္စည်းများကို စီမံခန့်ခွဲတဲ့ စစ်အာဏာရှင် တွေဟာ boss တွေဖြစ်ကုန်တယ်။ သူဌေးတွေ ထံမှသိမ်းထားတဲ့ မြေကြီးတွေ၊ တိုက်ခန်းတွေ၊ ဆိုင်ခန်းတွေက အစကတော့ စစ်အာဏာသိမ်းအစိုးရပိုင်၊ နောက်ပိုင်းတော့ စစ်အာဏာသိမ်းခေါင်းဆောင်များ နှင့် ထိုစစ်အာဏာသိမ်းခေါင်းဆောင်များနှင့် ပေါင်းစားသူ ဂွင်သူဌေးကြီးများ ပိုင်တွေအဖြစ် ဆင်းသက်သွားကြပါတယ်။
ဒိတော့ နှစ်ငါးဆယ် လောက် စစ်အာဏာရှင် သိမ်းတဲ့ တိုင်းပြည်မှာ စစ်အာဏာရှင်တွေ ဘာလုပ်သွားသလဲဆိုရင် ပြည်သူတွေပိုင်တဲ့ ပစ္စည်းတွေကို ပြည်သူပိုင် ဆိုပြီးသိမ်းတယ်။ ပြီးရင် သူတို့နှင့် သူတို့အလိုတော်ရိတွေ ခွဲဝေယူသွားကြတယ်ဆိုရမှာပါ။
ဒါပေမယ့် ၂၁ ရာစုမှာတော့ ထိုကဲ့သို့သိမ်းဖို့ခက်သွားတာဖြစ်၍ ယခုလို သွယ်ဝိုက်ပြီးသိမ်းတယ်။ တတိုင်းပြည်လုံး၏ weath ကို သးတို့ ပိုင်ဆိုင်မှုအောက်ကို သွယ်ဝိုက်ပြီး ထည့်လိုက်တဲ့ သဘောဟု ယူဆရမှာပါ။
ယနေ့ မြန်မာပြည်မှာဖြစ်နေတဲ့ ဘဏ်ကပိုက်ဆံထုတ်ရင် ရာခိုင်နှုန်းပေးရတာ၊ Earning usd ကို သက်တန်းသက်မှတ်ပြီးအတင်းရောင်းခိုင်းတာ၊ သိန်း ၂၀၀ ဥပဒေ သတ်မှတ်ပြီး မြေရောင်းရင် ဘဏ်ထဲ ငွေထည့်ခိုင်းပြီး ထားခိုင်းတာမျိုးတွေကလည်း သိမ်းတဲ့ သဘောပါပဲ။
ဒီတော့ ပါလီမန်ခေတ်မှာ စီးပွားလုပ်စားပြီး ချမ်းသာလာတဲ့ လူတစ်စုရှိတယ်။ ထိုလူများ၏ ပိုင်ဆိုင်မှုကို သိမ်းပြီး စစ်အာဏာရှင် တွေအချင်းချင်း ပြန်ခွဲယူတဲ့ စနစ်ကိုကြံဖူးတယ်ဆို ရင် ယခုလုပ်နေတာ အားလုံးကလည်း သွယ်ဝိုက်သိမ်းပြီး ပြည်သူအားလူံး၏ ပိုင်ဆိုင်မှုကို သူတို့ ၏ အောက်ကိုတဖြည်းဖြည်းရွေ့ တဖြည်းဖြည်းသိမ်းတဲ့ သဘောပါပဲ။
သိပ်မကြာခင်မှာ ဆိုရှယ်လစ်ခေတ်ကလို army rum ပွဲစား၊ စက်မှု၁ က ဘိလပ်မြေ၊ကျောက်ပြား မှောင်ခိုဈေးကွက်ပွဲစား၊ အစိုးရအိမ်ယာ အခန်းငှားပွဲစား၊ လေယာဉ်လက်မှတ် မှောင်ခို ပွဲစား၊ ရထားလက်မှတ်မှောင်ခိုပွဲစား ဆိုတဲ့ စစ်အဏာရှင် ၏ သတ်မှတ်ဒေါ်လာဈေး အတိုင်းဝယ်ယူသုံးစွဲခွင့်ရတဲ့ လုပ်ငန်းတွေကနေ VIP လူတစ်စုအားရောင်းစားတဲ့ ပစ္စည်းများကို မှောင်ခိုပြင်ပပေါက်ဈေးဖြင့် ပြန်ဝယ်ပြီးရောင်းစားတဲ့ ဈေးကွက်မျိုးတွေ မြန်မာပြည်မှာ ပေါ်လာနိင်ဖို့ရှိပါတယ်။
ဒီတော့ စကစ ၏ ဥပဒေ တွေ၏ သဘောသဘာဝ က သာမန်ပြည်သူတွေ၏ ပိုင်ဆိုင်မှုတွေကို ကြုံ့သွားအောင်လုပ်ပြီး သူတို့ နင့်ရင်းနှီးသော သူဌေးကြီးတွေ၏ ပိုင်ဆိုင်မှုကို တိုးပွားလာအောင် လုပ်တဲ့ အကွက်မျိုးပါ။
ဝင်ဒန်မီယာ မှာ နေတဲ့သူဌေးကြီးတွေ ဆင်းရဲသွားချိန် ရဲမှူးကြီးတွေ၊ ညွှန်မှူးကြီးတွေ၊ ဗိုလ်မှူးကြီးတွေ ဝင်ဒန်မီယာ ကို ရောက်လာကြသလို ဥိးနေဝင်းနဲ့ ဆက်ဆံရေးပြေပြစ်လို့ စစ်အာဏာရှင် စနစ်၏စီမံကိန်းတွေမှာ ပွဲစားလုပ်တဲ့ သူဌေးကြီးတွေ ပြည်လမ်း အင်းယားလမ်းက ခြံကြီးတွေ ဝယ်ပြီးနေနေကြစဉ် တစ်ဒေါ်လာ ၆ကျပ်ဆိုတဲ့ ကန့်သတ်နှုန်းသေ စီမံကိန်းစီးပွားရေး အောက်မှာ ကုန်သွယ်လယ်ယာသတ်မှတ်ဈေးအတိုင်း စပါးတွေ ပြန်သွင်းရတာက တမျိုး၊ အဆင့်ဆင့်လာဘ်စားကြတဲ့ စနစ်အောက်မှာ မျိုးစပါး၊ မြေသြဇာ အလုံအလောက်အရတာကြောင့် ထွက်နှုန်းကျတာကြောင့် လည်းကောင်း၊ စီမံကိန်းသီးနှံ၊ စက်မှုသီးနှံစတဲ့ စီမံကိန်းတွေအောက်မှာ တောင်သူလယ်သမား အလုပ်သမား ပြည်သူကမွဲ ၊ လူတစ်စုချမ်းသာ တဲ့ ခေတ်မျိုးကတော့ ပြန်စနေပြီဟု ဆိုရပါတော့မယ်။
ဒီတော့ တချိန်က ဦးနေဝင်း နှင့် ပေါင်းပြီး အလုပ်လုပ်သူတွေ ချမ်းသာတဲ ခေတ်၊ သူတို့နဲ့ မပူးပေါင်းသူတွေ အကုန်မွဲတဲ့ ခေတ်၊ သူတို့နဲ့ မပူးပေါင်းလည်းမပေါင်းချင်၊ ဒါပေမယ့် မငတ်ပြတ်ချင်ရင် ရွှေဝယ်စု ကြတဲ့ ခေတ် လိုမျိုး ခေတ် တခေတ်တော့ မကြာမီလာတော့မည် ဆိုရပါလိမ့်မယ် ဟု ယူဆရပါတော့မည်။
https://www.facebook.com/292134354295601/posts/2110722532436765/

