Monday, November 8, 2021

ဗဟိုဘဏ်ဖြေကြားချက်

,

ရောင်းချသူက ဒစ်ဂျစ်တယ်ပေးချေမှုကို လက်ခံမှ ငွေသားပြန်လည်ထုတ်ယူခွင့်နှင့် အခြားခံစားခွင့်များကို အစိုးရဌာနများမှ ခွင့်ပြုပေးမည်ဟု ဗဟိုဘဏ်ဖြေကြား

- New Account ထဲသို့ ငွေလွှဲပါက ၅၀ % ထုတ်ယူခွင့်ရှိပြီး Old Account ဖြစ်ပါက ၂၅% သာ ထုတ်ယူခွင့်ပြုမည်


ရန်ကုန်၊ နိုဝင်ဘာ ၈


ပစ္စည်းရောင်းချသူက ဒစ်ဂျစ်တယ်ပေးချေမှုကို လက်ခံမှ ငွေသားပြန်လည်ထုတ်ယူခွင့်နဲ့ အခြားအကျိုးခံစားခွင့်ဖြစ်တဲ့ အိမ်ခြံမြေ၊ ကား အမည်ပေါက်ပြောင်းခြင်း၊ အခွန်ပေးဆောင်ခြင်းတို့တွင် ဘဏ်စနစ်နဲ့ ဆောင်ရွက်တဲ့ အထောက်အထားပြနိုင်မှသာ အစိုးရဌာနများက ခွင့်ပြုပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖြေကြားထားပါတယ်။


နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ငွေသားဖြင့် ပေးချေမှုကန့်သတ်ချက် အမိန့်ကြော်ငြာစာနဲ့ စပ်လျဉ်းပြီး မေးမြန်းလာနိုင်တဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားရင်း ရောင်းချသူဘက်က ဒစ်ဂျစ်တယ်ပေးချေမှုကို လက်မခံပါက မည်သို့ဆောင်ရွက်မလဲဆိုတဲ့ မေးမြန်းချက်အပေါ် အထက်ပါအတိုင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။


ရောင်းချသူဘက်က လက်မခံကြောင်း စစ်ဆေးပေါ်ပေါက်ပါက အမိန့်ကြော်ငြာစာပါ တည်ဆဲဥပေဒတစ်ရပ်ရပ်အရ အရေးယူခံရနိုင်ကြောင်း ဖြေဆိုခဲ့ပြီး ကျပ်သိန်း ၂၀၀ ထက် ကျော်လွန်တဲ့ ပမာဏကို ငွေသားဖြင့် ရောင်းချခဲ့မယ်ဆိုရင်လည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


တူညီတဲ့ ကုန်ပစ္စည်း အရောင်းအဝယ်ပြုလုပ်ရာတွင် တစ်ကြိမ်ကို ကျပ်သိန်း ၂၀၀ သာ ငွေသားဖြင့် ပေးချေနိုင်ပြီး ကုန်ပစ္စည်းတွေက ပြည်ပမှ တင်သွင်းသော သို့မဟုတ် ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ပစ္စည်းအမျိုးမျိုးပါဝင်တယ်လို့ သိရပါတယ်။


ဝန်ဆောင်မှုတွေထဲမှာ ပညာရေး၊ ကျန်းမာရေးစရိတ်များ၊ အာမခံကြေးများ၊ လျှပ်စစ်မီတာခ၊ Wedding Packages ၊ ခရီးသွားအပန်းဖြေမှုကိစ္စရပ်များ စသဖြင့် ဝန်ဆောင်မှုအမျိုးအစားအားလုံး ပါဝင်တယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။


ရောင်းချသူအနေနဲ့ မိမိရဲ့ ဘဏ်စာရင်း New Account ထဲကို ဝယ်ယူသူက ဒစ်ဂျစ်တယ်နည်းစနစ်ဖြင့် ငွေပေးချေပါက တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကို ငွေသားဖြင့် ထုတ်ယူနိုင်ပြီး ကျန်ရှိတဲ့ ၅၀ ရာခိုင်နှုန်းကို ရက်ပေါင်း ၃၁ ရက်မှ ၄၅ ရက်အတွင်း ရောင်းသူရဲ့ ဆန္ဒအပေါ်မူတည်ကာ ငွေသားထုတ်ယူနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။


တကယ်လို့ ရောင်းချသူရဲ့ ဘဏ်စာရင်းအကောင့်(ဟောင်း)ထဲကို ဝယ်ယူသူက ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေပေးချေမယ်ဆိုရင် တန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းကိုပဲ ငွေသားထုတ်ယူခွင့်ရှိတယ်လို့ ဗဟိုဘဏ်က ဖြေကြားထားပါတယ်။


သတင်း - BETV Business


https://www.facebook.com/292134354295601/posts/2108919885950363/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဗဟိုဘဏ်ဖြေကြားချက်”

Post a Comment

Related Posts Plugin for WordPress, Blogger...