ပီးခဲ့သည့်အောက်တိုဘာလကုန်ပိုင်းက
အမျိုးသားကဇာတ်ရုံဝင်းအတွင်း ကျင်းပခဲ့သော ရန်ကုန်ကားပြပွဲနှင့်
ကုန်သွယ်မှုပြပွဲတွင် အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချရန် ပြသထားသော
ကားများကို နယ်ပေါင်းစုံမှ လာရောက်ကြည့်ရှုလေ့လာလျက်ရှိကြသည့်
ကားဝယ်လက်များအား တွေ့ရစဉ်။ (ဘူးသီး / မြန်မာတိုင်း(မ်))
မော်တော်ယာဉ် တင်သွင်းရာတွင် အဓိကကျသော CIF တန်ဖိုးများကို လျော့ချပေးမည်ဆိုပါကကားဈေးနှုန်းများ လာမည့်နှစ်ဆန်းပိုင်းတွင် ထပ်မံ လျှော့ကျဖွယ်ရှိကြောင်းနှင့် ယင်းအခြေအနေ
ကို စောင့်ကြည့်နေမှုများကြောင့် ဈေးကွက်အတွင်း အရောင်းအ၀ယ် ငြိမ်သက်လျက်ရှိကြောင်း
မော်တော် ယာဉ်နှင့် ဆက်စပ်သော တာဝန်ရှိသူများ နှင့် လုပ်ငန်းရှင်များက ပြောသည်။
ကားဈေးကွက်အတွင်း လုပ်ကိုင် လျက်ရှိကြသော လုပ်ငန်းရှင်များ အကြား CIF တန်ဖိုးကို
သင်တင့်သော နှုန်းထားသို့ ပြင်ဆင်ပေးနိုင်ခြေရှိမရှိ ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာ အချက်
တစ်ခုဖြစ်ပြီး အဆိုပါကိစ္စကို ဂရုတစိုက် စောင့်ကြည့်နေမှုသည် ကားဈေးကွက် တွင် အရောင်း
အ၀ယ်ကျဆင်းရခြင်း၏ အဓိကအကြောင်းတစ်ရပ် ဖြစ်သည်။
မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီအနေဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ
၁ ရက်နေ့မှ စတင်ခါ တင်သွင်းခွင့်လျှောက်ထားသူများအား ယာဉ်အမျိုးအစားများ၏ ဆိပ်ကမ်း
အရောက် အနိမ့်ဆုံးဈေးနှုန်းများကို မော်ဒယ်နှစ်အလိုက်၊ တံဆိပ်အလိုက်၊ အင်ဂျင်ပါဝါအလိုက်
သက်ဆိုင်ရာဌာန များ၊ အသင်းအဖွဲ့များနှင့် ဆွေးနွေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း စီးပွားရေး
နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှထုတ်ဝေသော Commerce ဂျာနယ် ၏ သတင်း
ဝက်ဘ်ဆိုက်တွင် နိုဝင်ဘာ လ ၉ ရက်နေ့က စတင်ဖော်ပြခဲ့သည်။
ထိုသို့လျှောက်ထားရာတွင် ယာဉ်အို ယာဉ်ဟောင်းအစားထိုးအပ်နှံသူ တင်သွင်းခွင့်ကိုလည်း
ကောင်း၊ နိုင်ငံခြား ၀င်ငွေရှိသူများ၊ စစ်သံဝန်ထမ်းများကို လည်းကောင်း၊ အငှားယာဉ်များ
တင်သွင်း ခွင့်လျှောက်ထားမှုအတွက်လည်း ကောင်း အကျုံးဝင်သည်ဟု ရေးသား ဖော်ပြထား
သည်။
သို့ရာတွင် လူအများစိတ်ဝင်စားလျက် ရှိသော CIF တန်ဖိုးနှင့် ပတ်သက်၍ တိကျသော
သတင်းထုတ် ပြန်မှုကို ပြုလုပ်ထား ခြင်း မတွေ့ရပေ။
"CIF တန်ဖိုး ပြောင်းလဲမယ့် အစီ အစဉ်က လက်ရှိဆောင်ရွက်နေတာတွေ ကို ပိုပြီးလက်
တွေ့ကျအောင် အကောင် အထည်ဖော်ဖို့ပါ။ ဒါက စီးပွားကူးသန်း တစ်ခုတည်းနဲ့တော့
မပြီးဘူး။ သက်ဆိုင် ရာဌာနတွေ၊ မော်တော်ယာဉ်ကြီးကြပ် ရေးကော်မတီတွေ အားလုံးညှိနှိုင်း
ရမယ်"ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ယင်းသို့ CIF တန်ဖိုးပြောင်း လဲရမည့် အချိန်သည် စီးပွားကူးသန်းက လက်ရှိ ၁၉၉၇ မှ
၂၀၀၈ ခုနှစ်အထိနှင့် ၂၀၀၈ နှင့်အထက် မော်ဒယ်များကို သက်တမ်း တိုးမြှင့်မည့်အချိန်
နှင့် တစ်ပြိုင်နက်တည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
"ဈေးတွေအားလုံး လျော့သွားမယ်လို့ ယူဆရတယ်။ လက်ရှိမော်တော်ယာဉ် ကော်မတီက
ဂျပန်နိုင်ငံရဲ့ website တွေ ကြည့်ပြီး ကားမှာတီဗီပါရင် ဈေးတစ်မျိုး၊ မပါရင်တစ်မျိုးဆိုပြီး
ဖြစ်သွားတယ်"ဟု ၎င်းက ပြောသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ယာဉ်အိုဟောင်းအတွက် လက်ခံဆောင်ရွက်
နေသော 'ဗ'အက္ခရာ မှာ အစီးရေ ၄,၂၀၀ ကျော်သာရှိသော ကြောင့် ကားစလစ်တန်ဖိုးများ
မကျဘဲ ဖြစ်နေရာ နောက်ပိုင်းတွင် ဘ၊လ၊သ၊အ အက္ခရာများနှင့် အနှစ် ၂၀ ကျော်သက်တမ်း
ရှိ ဆူပါစလွန်း၊ ဗင်စသော ကားများမှာ အစီးရေပိုမိုများပြားပြီး စလစ်ဈေးကျဆင်း စေရန် အပ်နှံ
သည့် အစီးရေတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
"ကားအစီးရေနည်းတဲ့အတွက် ကား ဈေးကွက်ကိုထိန်းချုပ်ချင်တဲ့ လူတစ်စုက အားလုံးဝယ်
ထားပြီး စလစ်ဈေးတွေကို ထိန်းထားရင် ဈေးလည်းကျမှာမဟုတ် ဘူး။ အစီးရေအများကြီး
အပ်နှံခွင့်ဖွင့် ပေး လိုက်မယ်ဆိုရင် သူတို့လည်းထိန်းထား နိုင်မှာမဟုတ်တဲ့အတွက် စလစ်ဈေး
လည်း တော်တော်ပြုတ်ကျသွားမယ်လို့ မှန်းရတယ်။ ဒါဆိုရင် သမ္မတကြီးမိန့်ခွန်း ထဲမှာပါတဲ့
အတိုင်း လူတိုင်းကားစီးနိုင်တဲ့ အခြေအနေ ရောက်သွားမယ်"ဟု ၎င်းက ပြောသည်။
သို့သော် ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကမူ
စီအိုင်အက်ဖ် တန်ဖိုးများ ပြောင်းလဲမည်မှန်သော် လည်း ယခုအချိန်ထိ သက်ဆိုင်ရာရုံးချုပ်
မှ သီးသန့်ညွှန်ကြားချက်မလာသေး ကြောင်းနှင့် အက္ခရာစုံယာဉ်များကို တစ်ပြိုင်နက်တည်း
အပ်နှံရန် လက်ရှိ အနေအထားအရ မဖြစ်နိုင်ကြောင်း ပြောသည်။
"အခုဆောင်ရွက်နေတဲ့ လုပ်ငန်း ပမာဏနဲ့ လက်မခံနိုင်သေးဘူး။ ဒီမှာ တောင် အလုပ်လုပ်
ရတဲ့ ကားဝင်းအနေ အထားက အသစ်သက်တမ်းတိုးတာ တွေ၊ အဟောင်းအပ်တာတွေနဲ့
အရမ်း ကျပ်နေတယ်"ဟု ၎င်းက ပြောသည်။
ထပ်မံဆောင်ရွက်မည့် ဘ၊လ၊သ၊အ အက္ခရာအရေအတွက်များမှာ လက်ရှိ 'ဗ'ထက်
အရေအတွက်ပိုများနိုင်ကြောင်း ၎င်းက ပြောသည်။
ဟံသာဝတီယာဉ်ရောင်းဝယ်ရေးဝင်း အတွင်း ကားဝယ်ရောင်းလုပ်ကိုင်လျက် ရှိသူ
ဦးအောင်သန်းဝင်းက CIF တန်ဖိုး များပြောင်းလဲမှု အခြေအနေကို စောင့်ကြည့်နေကြပြီး
ဝန်ကြီးဌာနများ ကလည်း မည်သည့်အပြောင်းအလဲမှ မထုတ်ပြန်သေးကြောင်းနှင့် ကား
ဈေးကွက်လည်း အရောင်းအ၀ယ် အေးကာ အပြောင်းအလဲမရှိကြောင်း ပြောသည်။
"၂၀၁၃ ခုနှစ်ကျမှ ဈေးကအခြေအနေ ထူးလိမ့်မယ်။ အဲဒီကျရင်ဈေးတွေလျော့ သွားနိုင်တယ်။
ပြန်လည်းအ၀ယ်လိုက် လာလိမ့်မယ်"ဟု ၎င်းက ပြောသည်။
၂၀၀၇ မော်ဒယ်နှင့်အထက် ပရို ဘောက်စ်၊ တိုယိုတာဗစ်တာစသော ကား များမှာ လွန်ခဲ့
သောတစ်လနှင့်ယှဉ်လျှင် ပင် ကျပ်သိန်း ၂၀ ခန့်ဈေးကျသွားသော် လည်း အပ်နှံနေသည့်'ဗ'
အက္ခရာ ကား ၏ စလစ်ဈေးမှာမူကျပ် ၉၅ သိန်းနှင့် ၁၀၀ ၀န်းကျင်၌ပင် အပြောင်းအလဲမရှိ
ကြောင်း ၎င်းက ပြောသည်။
( myanmar.mmtimes )


