Monday, January 27, 2014

တော်လှန်ရေးရောပြီးပြီလား၊ တိုက်ပွဲတွေရောဆုံးပြီလား

,
သူငယ်ချင်းရေ။ နိုင်ငံရေးဒီရေမြင့် ချိန်ဖြစ်တဲ့ ၂၀၁၄ အခင်းအကျင်းတွေကို ပကတိအခြေအနေနဲ့တွက်ဆကြည့်လိုက် ရင် လူမပြောင်းဘဲမူပြောင်းထားတဲ့ စစ် ဗိုလ်လူထွက်အစိုးရရဲ့ပေးထားချက်နိုင်ငံ ရေးနဲ့လူထုရဲ့လိုလားချက်တွေချိန်ခွင်လျှာ မညီတဲ့ပြဿနာများတောင်ပြိုကမ်းပြိုပေါ် ပေါက်လာနိုင်တယ်လို့ယူဆတယ်။
မြေသိမ်းယာသိမ်းပြဿနာ၊ အခြေခံ လစာနဲ့လုပ်သားထုရဲ့ ရပ်တည်မှု၊ ခရိုနီ တွေလက်ထဲကတရားရေးမဏ္ဍိုင်၊ ပြည် တွင်းငြိမ်းချမ်းရေးအစစ်အမှန်နဲ့ဖက်ဒရယ် တပ်မတော်ကိစ်္စ၊ ၂၀၁၅ သရဖူလုပွဲနဲ့ အတိုက်အခံတို့ရဲ့ညီညွတ်မှု၊ တပ်မတော် ရဲ့သုံးသပ်ချက်ကိုမထုတ်ပြန်ဘဲလျှို့ဝှက်  ထားတဲ့အခြေခံဥပဒေပြင်ဆင်ရေး၊ နိုင်ငံ ရေးပဋိညာဉ်မရှိတဲ့အသွင်ကူးပြောင်းရေး၊ ဖွဲမီးပြာဖုံးဖြစ်နေဆဲလူမျိုးရေးဘာသာရေး ပဋိပက်္ခ၊ မာယာအပြည့်နဲ့မြစ်ဆုံစီမံကိန်း၊ ကာချုပ်လက်ထဲကနိုင်ငံ့အနာဂတ်နဲ့ဘယ် သူသမ်္မတဖြစ်မလဲဆိုတဲ့ ၂၀၁၅ အိပ်မက် စတဲ့ရေးရာမျိုးစုံတိုက်ပွဲအဖုံဖုံကိုအစိုးရနဲ့ ပြည်သူဘယ်လိုမျှခြေယူကြမလဲ။
မြေယာကိစ်္စတွေဆိုရင် သမ်္မတက စစ်အစိုးရလက်ထက်တစ်နိုင်ငံလုံးမှာဖြစ် ပွားခဲ့တဲ့မြေသိမ်းဆည်းခံရမှုတွေကိုဖြေရှင်း ဆောင်ရွက်လျက်ရှိသည်ဆိုပြီး ပြည်ထောင် စုလွှတ်တော်ကိုသ၀ဏ်လွှာပို့တော့လွှတ် တော်ကိုယ်စားလှယ်တွေကလက်မခံဘဲ ၀ိုင်းကန့်ကွက်လိုက်တယ်။ ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိသေးလို့မှတ်ချက်ပြု လိုက်တယ်။ (သမ္မတကိုကန့်ကွက်တဲ့ ကိုယ်စားလှယ်တွေထဲတပ်မတော်သား ကိုယ်စားလှယ်တွေကတော့မပါဝင်ဘဲငြိမ် သက်နေကြသတဲ့)။
လုပ်သားထုပြဿနာအခြေခံလစာ ဥပဒေကလည်း အလုပ်သမားကိုယ်စားလှယ် တွေနဲ့ညှိနှိုင်းနေဆဲ၊ ဆာဗေးဆင်းနေဆဲ လို့ဆိုတယ်။ တရားစီရင်ရေးတွေကသောင်း  ကနင်းဖြစ်နေတဲ့အခြေခံအကြောင်းတရား အများစုကလည်းခရိုနီတွေလက်ထဲမှာ တရားရေးမဏ္ဍိုင်ရှိနေတယ်ဆိုတာကို ဦးအိုက်လင်းနဲ့ကိုထင်ကျော်အပြန်အလှန် ဖြစ်နေတဲ့အမှုကထင်ရှားတဲ့မြင်ကွင်းတစ်ခု ဖြစ်တယ်။ ပြောရရင်တော့တိုက်ပွဲတွေက အများကြီးရှိနေသေးတယ်။
သူငယ်ချင်းသိတဲ့အတိုင်းပါပဲ။ ငါတို့ လိုချင်ခဲ့တာ၊၊ငါတို့လုပ်ဆောင်ခဲ့တာအာဏာ ရှင်စနစ်ကိုအပြီးတိုင်ဖြိုလှဲပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကိုထူထောင်ဖို့မဟုတ်လား။ ဒါဟာတော်လှန်ရေးပဲ။ ဒီမိုကရေစီခေတ် ပြောင်းတော်လှန်ရေးဖြစ်တယ်။လက်နက် ကိုင်၊လက်နက်မဲ့၊ မြေပေါ်မြေအောက်၊ တရားဝင်ပါတီ၊နည်းမျိုးစုံနဲ့အတိုက်အခံ လုပ်ပြီးငါတို့ရဲ့ဘ၀တွေပွန်းပဲ့ကြေမွခံခဲ့ကြ တယ်။
၁၉၈၈ ကနေ ၂၀၁၂အထိတော်လှန် ရေးရဲ့ရလဒ်အတွက်နိုင်ငံရေးအကျဉ်းသား တစ်သောင်းလောက်အကျဉ်းထောင်အသီး သီးမှာပေးဆပ်ခဲ့ကြတယ်။ ၁၆၇ယောက် ဆိုတဲ့အနည်းဆုံးအရေအတွက်ဟာ စစ် ကြောရေးစခန်းနဲ့အကျဉ်းထောင်တွေ အတွင်းမှာ အသက်ပေးခဲ့ရတယ်။ ဒီ အတွက်လည်းတာဝန်ရှိသူလူကြီးမင်းများ ကတာဝန်ယူခြင်း၊ ၀န်ချတောင်းပန်ခြင်း တစ်စက်ကလေးမှမရှိသေးဘူး။
တော်လှန်ရေးဆိုတဲ့အသုံးအနှုန်းကို တောင်လက်ရှိအစိုးရကရုတ်သိမ်းခိုင်းနေ လို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထဲမှာအကြိတ်အနယ်ဆွေးနွေးနေရကြောင်း ကြားသိရတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အများစုက သူတို့ဟာယုံကြည် ချက်ကြောင့် လက်နက်ကိုင်တိုက်ပွဲဝင်နေ ကြခြင်းကိုကွဲကွဲပြားပြားသိစေလိုတဲ့အတွက်  အပစ်ရပ်စာချုပ်ထဲမှာတော်လှန်ရေးဆိုတဲ့ စကားလုံးကိုဖြုတ်ဖို့သဘောမတူဘူး။ သူ တို့ဘက်ကလိုင်ဇာညီလာခံမှာ မူလချမှတ် ခဲ့တဲ့နိုင်ငံရေးမူဘောင်သတ်မှတ်ပြီးမှအပစ် အခတ်ရပ်စဲရန်ဆိုတဲ့ မူဝါဒကိုဇန်န၀ါရီ ၂၃ ရက်နေ့ကကျင်းပတဲ့လောစီးလာညီ လာခံမှာ အပစ်ခတ်ရပ်စဲပြီးမှနိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့အဆင့်ကိုပြောင်းလဲ ပေးလိုက်တယ်။ ဒါတိုင်းရင်းသားတွေ ဘက်ကလိုက်လျောပေးနိုင်သမျှတစ်ထစ် လျှော့ပေးလိုက်တာဖြစ်ပေမဲ့ တော်လှန် ရေးဆိုတဲ့စကားလုံးကိုခုံမင်စွာကိုင်စွဲထား တာကတော့သဘာဝကျတယ်လို့ထင်တယ်။
“သူတစ်ပေါက်ငါတစ်ပေါက်ဆို သူ များအသုံးချတာခံရနိုင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ယုံကြည်ချက်တစ်ခုကြောင့်လုပ် ဆောင်နေတာတိုက်ပွဲဝင်နေတာဖြစ်တယ်။ ပျော့ပျောင်းတဲ့မူလည်းရှိတဲ့ပကတိအခြေ အနေကိုအကောင်အထည်ဖော်နိုင်ဖို့လို တယ်။ စိတ်ကူးယဉ်ပြီးလေထဲတိုက်အိမ် ဆောက်နေလို့တော့မရပါဘူး။ အစိုးရနဲ့ ကနိုင်ငံရေးပိုင်းဆက်လက်တိုက်ပွဲဆင်ရ ဦးမှာပါ” လို့ပြောတဲ့ဗိုလ်မှူးကြီးခွန်စိုင်းရဲ့ စကားဟာပကတိအခြေအနေနဲ့ကိုက်ညီ တယ်။
ဒီနေရာမှာ “ဒီစနစ်ဟာမူပြောင်းပြီး လူမပြောင်းဘူးဆိုပြီးပြောခဲ့တာရှိတယ်။ တကယ့်တကယ်မှာကျတော့မူပြောင်းပြီး လူမပြောင်းတာဟာထင်သလောက်အလုပ်  မဖြစ်ဘူး ဆိုတာတွေ့လာရတယ်။ ဒီလူ တွေပဲဆက်လုပ်နေရင်လူထုကဒီလူတွေ ကိုဆက်သည်းမခံနိုင်ဘူးဆိုတာမျိုးဖြစ် လာမယ်။ ဒီလူတွေဆက်ရှိနေခြင်း       ဟာ ပြောင်းလာပါတယ်ဆိုတဲ့မူပေါ်မှာNegative ပေါ့။ အပြုသဘောမဟုတ်ဘဲ နဲ့အပျက်သဘောသွားပြီးတော့အကျိုးသက် ရောက်တာတွေ့ရတယ်။ ဒီ ၂၀၁၅ မှာ တော့တပ်မတော်ကရော၊လက်ရှိအုပ်စိုးသူ တွေကရော အမြော်အမြင်ရှိမယ်ဆိုရင် အရပ်သားတစ်ယောက်ယောက်ကိုအလှည့်  ပေးတာဟာလိုအပ်တယ်လို့ထင်တယ်” လို့ ဧရာဝတီမီဒီယာမှာပြောလိုက်တဲ့ ကိုမင်းဇင်ရဲ့စကားဟာအမှန်တရားတစ်ခု ဖြစ်ပါတယ်။ အချုပ်ဆိုရရင်ပုံရိပ်အမျိုးမျိုး ပြောင်းတတ်တဲ့မြန်မာ့နိုင်ငံရေးရေပြင်ပေါ် မှာ တော်လှန်ရေးလှိုင်းတွေရှိနေသေး တယ်၊၊ရှိလာနိုင်သေးတယ်။ မြေတိုက်ပွဲဝင် နေကြရဆဲပြည်သူတွေ၊ နိုင်ငံသားရပိုင် ခွင့်နဲ့တန်းတူညီမျှခွင့်တွေတောင်းနေကြ ရဆဲတိုင်းရင်းသားတွေ၊အနာဂတ်ပျောက် နေရဆဲမျိုးဆက်သစ်ကလေးငယ်တွေ အတွက်ငါတို့ဒီမိုကရက်တစ်အင်အားစု တွေကသတိမိမိ၊အသိရှိရှိနဲ့တောင်းပွဲတိုက် ပွဲတွေဆင်နွဲပေးရဦးမှာဖြစ်တယ်။ ဟော မူပြောင်းပြီးလူမပြောင်းချင်တဲ့အတ္တကြီး သူတစ်စုအတွက်တောင်တန်းပြာပြာတွေ ပေါ်မှာ၊ မီးခိုးတအူအူနဲ့စက်ရုံခေါင်းတိုင် တွေကြားမှာ၊အစိမ်းရောင်လယ်ကွင်းတွေ အလယ်မှာတိုက်ပွဲခေါ်သံတွေကြားနေရ သလိုပဲ။
သူငယ်ချင်းရေ ငါတို့အားလုံးရဲ့ဦး  တည်ချက်တွေပြီးမြောက်အောင်မြင်ဖို့ တော်လှန်ရေးကပြီးပြီလား။ တိုက်ပွဲ တွေရောဆုံးပြီလား။ တွေးကြည့်စမ်းပါ သူငယ်ချင်း။ 
( hotnewsweekly )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တော်လှန်ရေးရောပြီးပြီလား၊ တိုက်ပွဲတွေရောဆုံးပြီလား”

Post a Comment

Related Posts Plugin for WordPress, Blogger...