Friday, January 17, 2014

နားဝမှာကြားသမျှ

,
“တွေ့တုန်းပြောရဦးမယ် မောင် ဆွေအင်းရေ။ အခုတလောတို့ပေါင်းတည် က စည်းကမ်းမဲ့ဆိုင်ကယ်ဖမ်းတဲ့ကိစ္စမှာ စည်းကမ်းမဲ့တဲ့ဆိုင်ကယ်တစ်စီးဖမ်းမိရင် အဖမ်းခံရသူက တရားရုံးဒဏ်ငွေအပြင် စီမံခန့်ခွဲမှုငွေဒဏ်ဆိုပြီး ပြစ်မှုတစ်ခု အတွက် ငွေဒဏ်(၂)ခါပေးနေရတယ်ကွ။ ဥပဒေပြုရေးမှာ တရားရုံးအဆင့်ဆင့် သာလျှင် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တယ် လို့ အစ်ကိုနားလည်တယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ ဘယ်နိုင်ငံမှာမဆို ဘယ်သူ မဆိုတရားရုံးကိုသာ ငွေဒဏ်ပေးဆောင် ရတယ်လို့ အစ်ကိုမှတ်သားမိတယ်။ အခု ဟာက တရားရေးနဲ့စီမံခန့်ခွဲမှုဆိုတာကြီးနဲ့ ဆိုတော့ နှစ်နေရာပေးဆောင်နေရတယ်။ ငါ့ညီစဉ်းစားကြည့်။ ဆိုင်ကယ်စီးသူသတ် မှတ်စည်းကမ်းဖောက်ဖျက်ရင် တရားရုံး မှာငွေဒဏ်တစ်ထောင်ပေးရတဲ့အပြင် စီမံခန့်ခွဲမှုငွေဒဏ်ဆိုပြီး ငွေငါးထောင် အောင့်သက်သက်နဲ့ထပ်ပေးရတယ်။ ဘယ်လိုဖြစ်တာလဲကွာ””
““ဒီလိုအစ်ကိုရေ။ စီမံခန့်ခွဲမှုငွေဒဏ် ဆိုတာ တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ခိုင်းတာတဲ့။ အဲဒီလိုစီမံခန့်ခွဲမှုဆိုတဲ့ ဟာကို စစ်အစိုးရခေတ်ကလည်း လုပ်ခဲ့ တာပဲလေ။ သူငယ်နာမစင်တဲ့ စီမံခန့်ခွဲ မှုလို့ပဲ မှတ်ရမှာပေါ့။ စကားဆက်လို့ပြော ရဦးမယ်။ အဲဒီစီမံခန့်ခွဲမှုငွေဒဏ်ပါတဲ့ ဆိုင်ကယ်ဖမ်းပွဲကြီးနဲ့ အဖမ်းခံရတဲ့ပေါင်း တည်NLD ပါတီကမြို့နယ်အဆင့်လို့ဆို တဲ့ လူတစ်ဦးကသူမကျေနပ်တဲ့ စီမံခန့်ခွဲ မှုငွေဒဏ်ဆိုတာကို နည်းနဲ့လမ်းနဲ့ စည်း နဲ့ကမ်းနဲ့ မမေးဘဲမရှင်းဘဲ ပါတီအမည် အသုံးချပြီး ခြိမ်းခြောက်တယ်လို့ကြားရ တာ နားဝမှာမချမ်းသာလိုက်ဘူးအစ်ကို ရေ””
““ဟဲလို တူတော်မောင်သတင်းထောက် ကြီးရေ။ လွှတ်တော်ကချထားပေးတဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကျပ်သိန်း ၁၀၀၀ ပေးလှူပွဲကြီးမှာ တို့ပေါင်းတည်ကလွှတ် တော်ကိုယ်စားလှယ်ကြီးတွေက ၂ရာခိုင် နှုန်းဖြတ်မယ်လို့ တရားဝင်ပြောတယ်။ တခြားမြို့နယ်တွေမှာရောရာခိုင်နှုန်း ဖြတ်ကြလား။ လေ့လာပါဦး။ ဒီလိုသာ ဖြတ်မယ်ဆိုရင် တို့ပြည်သူကကျပ်သိန်း ၉၈၀ ပဲရတော့မှာပေါ့။ ဦးတို့ကြားမိတာ တော့ ဒီသိန်းတစ်ထောင်ထဲကဘာကြေး ညာကြေးမှဖြတ်လို့မရဘူးဆို။ သိန်းတစ် ထောင်ကိစ္စ၀ိစ္စတွေအတွက် လွှတ်တော် ကိုယ်စားလှယ်တွေကို သီးသန့် ၃ရာခိုင် နှုန်းပေးထားတယ်လို့ကြားတယ်။ ဟုတ် လား””
““ကြားတာကိုကြားတယ်လို့မှတ်ပြီး။ ဒီ ၃ရာခိုင်နှုန်းကိစ်္စအတည်ပြုလို့ရအောင် စုံစမ်းပြီးရင် ကျွန်တော်ပြန်ပြီး ဖုန်းဆက် ပြောပေးမယ်နော်။ ဦးကအခုလိုသတင်းလဲ ပေး မေးလဲမေးတာကျေးဇူးပါပဲ။””
အစည်းအဝေးတက်တိုင်းကြားနေရ တာကတော့ နှစ်တစ်ရာပြည့်ပြီး ရာပြည့် ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ယခုမြို့မ အ.ထ.က(၁၉၁၂-၂၀၁၂)ကျောင်းတော် ကြီးရဲ့ ဆယ်တန်းစာမေးပွဲနီးနေသည့်တိုင် ကျောင်းအုပ်မရှိသေးတဲ့အကြောင်း အပ် ကြောင်းထပ်နေတဲ့ သက်ဆိုင်ရာအုပ်ချုပ် ရေးမှူးရဲ့တင်ပြသံပါ။ ဟုတ်တော့လဲ ဟုတ်ပါရဲ့။ ရောက်လာတဲ့ ကျောင်းအုပ် က မေတ္တာပျိုပြီးလုပ်သက်အိုနေတဲ့ ပင်စင်နီးနေတဲ့ ဆရာကြီးတွေပါ။ ဒီလ ရောက် နောက်လပင်စင်ယူတဲ့သူကိုမှ ရွေးလွှတ်လိုက်သလိုဖြစ်နေတယ်။ အဲဒီ ကျောင်းတော်ကြီးက နိုင်ငံ့သားကောင်း များစွာမွေးထုတ်ပေးခဲ့သလို အခုလွှတ် တော်ထဲကိုလည်း (၂)ယောက်တိတိတက် ရောက်နိုင်အောင် ပညာသင်ကြားပေးခဲ့ ပါတယ်။ အခုလဲအနာဂတ်ကိုပိုင်ဆိုင်တဲ့ ရင်သွေးငယ်လေးတွေရဲ့ အပတ်တကုတ် ကြိုးစားအားထုတ်မှုတွေကို အသိအမှတ် ပြုပြီး နှစ်အတိုင်းအတာတစ်ခုအထိ တာဝန်ယူမဲ့ကျောင်းအုပ်ကြီးရရှိရေးဟာ မင်းပေါက်စိုးပေါက်လွှတ်တော်ရောက်သူ တို့မှတစ်ပါး အားကိုးစရာမရှိတော့ပါဘူး။
မောင်ဆွေအင်း (PDE)( hotnewsweekly )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နားဝမှာကြားသမျှ”

Post a Comment

Related Posts Plugin for WordPress, Blogger...