Thursday, January 16, 2014

ရန်ကုန်မြို့တော်စိမ်းလန်းသန့်ရှင်းရေးအတွက် စည်းကမ်းဖောက် စည်ပင်ဝန်ထမ်းများကို စံပြအရေးယူမည်ဟုဆို

,
ရန်ကုန်မြို့တော်စိမ်းလန်းသန့်ရှင်းရေးအတွက် မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ ၀န်ထမ်းများ စည်းကမ်းဖောက်ဖျက်ပါက စံပြအနေဖြင့် အရေးယူမှုပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
စည်ပင်သာယာဥပဒေနှင့်မညီဘဲ စည်းကမ်းဖောက်ဖျက်သည့်ဝန်ထမ်းများအား တည်ဆဲဥပဒေများဖြင့် အရေးယူမည့်အပြင် ၀န်ထမ်းစည်းမျဉ်းအရ ထပ်မံအရေးယူမှုပြုလုပ်မည်ဟု မြို့တော်စည်ပင်စီမံရေးရာဌာနက သတိပေးမှုများပြုလုပ်ထားသည်။
စည်ပင်ဝန်ထမ်းအချို့အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်မှုများရှိကြောင်း လူကူးမျဉ်းကျားမှ ဖြတ်ကူးမှုမရှိခြင်း၊ ယာဉ်မရပ်ရနေရာများတွင် ယာဉ်ရပ်နားထားခြင်း၊ ဆေးလိပ်၊ ကွမ်းတံထွေးနှင့် အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းများရှိနေပြီး ရန်ကုန်မြို့နေ ပြည်သူများ၏ စံပြဖြစ်စေရန် အဆိုပါစည်းကမ်းဖောက်ဖျက်သော ၀န်ထမ်းများကို ထိထိရောက်ရောက် အရေးယူမှုပြုလုပ်မည်ဟုဆိုသည်။
ရန်ကုန်မြို့တော် စိမ်းလန်းသန့်ရှင်းရေးအတွက် ၀န်ထမ်းများအနေဖြင့် စည်ပင်သာယာရေးဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ၊ တည်ဆဲဥပဒေများနှင့် ၀န်ထမ်းစည်းမျဉ်းစည်းကမ်းများကို အတိအကျလိုက်နာ၍ စံနမူနာဖြစ်စေရန် လိုအပ်သည်ဟု သတိပေးချက်တွင် ဖော်ပြထားသည်။
အဆိုပါသတိပေးချက်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ဌာနပေါင်း ၂၀ သို့ ညွှန်ကြားထားသည်ဟု သိရသည်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရန်ကုန်မြို့တော်စိမ်းလန်းသန့်ရှင်းရေးအတွက် စည်းကမ်းဖောက် စည်ပင်ဝန်ထမ်းများကို စံပြအရေးယူမည်ဟုဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...