Friday, January 10, 2014

ဒီနေ့သမိုင်းမှာ အဖြေရှိတယ်

,
သမိုင်းဆိုသည်မှာ လူသားတို့၏ ဖြစ်စဉ်ပြောင်းလဲတိုးတက်မှုများကို ရေး သားထားသော နေရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော် ကျောင်းသားလှုပ်ရှားမှု သမိုင်းကိုရေးရာတွင် အလယ်တည့် တည့်မှ ကြည့်၍ဘက်မလိုက်ဘဲ အတ္တ မဆန်စွာရေးသားခဲ့ပါသည်။ ထိုစာအုပ် ကို ရေးသားပြီးနောက် ၁၉၉၆ မှ ယနေ့ ၂ဝ၁၄ အထိ ၁၈ နှစ်ကျော်ကာလအ တွင်း၌ လူပေါင်းစုံ၊ နေရာပေါင်းစုံ၊ ထောင့်ပေါင်းစုံ (ပြည်တွင်းပြည်ပမှ) အားလုံးကို တွေ့၍ထိုစာအုပ်ပေါ် သဘောထား မေးမြန်းရာတွင် မဆိုးပါ ဘူး၊ ကောင်းပါတယ်။ တန်ဖိုးရှိပါတယ် ဆိုတဲ့အဖြေများ ထွက်လာပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဖြစ် စဉ်ဟာလည်း သေသေချာချာ ပြန်သုံး သပ်ရင် အဖြေတွေအားလုံးဟာ သမိုင်း ထဲမှာရှိပါတယ်။ ကဲ ပြန်ကြည့်ကြရ အောင် … (၁) ဗမာပြည် ကွန်မြူနစ် ပါတီနှင့် အလံနီကွန်မြူနစ်ပါတီတို့သည် ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ဆိုးကျိုး များနှင့်အတူ သေးငယ်ပပျောက်သွားပါ တယ်။ ၎င်းပါတီအတွင်း ပစ္စည်းမဲ့ အာဏာရှင် အုပ်ချုပ်မှုကြောင့် ဖြုတ်၊ ထုတ်၊ သတ်အစုလိုက်အပြုံလိုက်သတ်မှုများကြောင့် မြန်မာပြည်လူထု၏ စက် ဆုပ်မှုကိုခံခဲ့ရပါတယ်။ ထို့အတူ မဆလ ပါတီသည် လည်း ဗဟိုဦးစီးစနစ်ကပါတီ အာဏာရှင်ကြောင့် ပါတီပြိုကွဲမှုနှင့် အတူ ဆိုင်းဘုတ်ပြောင်း၍ ယနေ့ ကာလအထိ ပြန်ဦးမမော့လာနိုင်ပါ။ ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သည်လည်း ၁၉၈၉ မှ ၂ဝ၁ဝ အထိ ထိပ်တိုက် ရင်ဆိုင်မှုများနှင့်အတူ (၂ဝ၁ဝ)တွင်မှတ်ပုံပြန်မတင်ပါက ပါတီ ကိုပယ်ဖျက်၍ ရုံးခန်းချိတ်ပိတ်ခံရမည် မှာ သေချာ ပါတယ်။
၂။ ၁၉၅ဝ ခုနှစ်နောက်ပိုင်းမှာ ဝန်ကြီးချုပ်ဦးနုက (နု-မူ)ဖြင့် ငြိမ်းချမ်း ရေးခေါ်ဆိုခဲ့ရာ အောင်မြင်မှုအချို့ ရရှိခဲ့ပါတယ်။ ထို(နု-မူ)ကို အခြေခံ၍ အပစ်အခတ်ရပ်စဲ၊ လက်နက် ဆက်ကိုင်၊ စီးပွားရေးလုပ်ဟူသော သဘောတူညီ ချက်ဖြင့် နဝတအစိုးရက ဗိုလ်ချုပ်ခင် ညွန့်ကို အသုံးပြု၍ ငြိမ်းချမ်းရေးပြုလုပ် ခဲ့ရာ ငြိမ်းချမ်းရေးအဖြစ် တိုင်းရင်းသား လက်နက်ကိုင်များစွာနှင့် သဘောတူစာ ချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ တစ်ဖက်က လည်း နဝတ/နအဖအစိုးရသည် ဟင် နရီကစ်ဆင်းဂျားနှင့် ချူအင်းလိုင်တို့၏ ပင်ပေါင်ဒီပ လိုမေစီနည်းကို အသုံးပြု၍ ဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစု ကြည်နှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီး နောက် လွှတ်တော်ထဲသို့ ဒေါ်အောင် ဆန်းစုကြည်ရောက်ရှိပြီး ယနေ့ ကာလ တွင် ကြံ့ခိုင်ရေးအစိုးရနှင့် NLD မှာ ထိပ်တိုက်ရင်ဆိုင်မှု ရာခိုင်နှုန်း လုံးဝမရှိ ဟု မပြောနိုင်သော်လည်း နည်းပါးသွား ပါတယ်။
၃။ အကယ်၍ ဗိုလ်မှူးအောင်(ရဲ ဘော်သုံးကျိပ်)၏ ညစာစားပွဲကို သခင် သန်းထွန်း၏ကွန်မြူနစ်ပါတီက တက် ရောက်ခဲ့လျှင် ဗိုလ်မှူးအောင်က ”မင်း တို့ကို ဦးကျော်ငြိမ်း မဖမ်းစေရဘူး။ ငါ အာမခံတယ်” ထိုစကားကို ဃြဏ ကယုံကြည်ခဲ့လျှင် မြန်မာနိုင်ငံ၏ ၁၉၄၈-၄၉ ကြီးမား သော ပြည်တွင်းစစ်ကြီးဖြစ်မလာနိုင်ပါ။ ထို့အတူ ၁၉၈၈ တပ်မတော်မှ အာဏာ လွှဲယူသောအခါ သပိတ်စခန်းတာဝန်ခံ (ခေါင်းဆောင်)များနှင့် ညှိနှိုင်းခဲ့လျှင် လည်း ABSDF (ကျောင်းသားတပ် မတော်)ဖြစ်မလာနိုင်သလို ၁၉၈၈ ကပင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံ အဖြစ် ပြောင်းလဲပြီး ယနေ့ကာလတွင် တစ်စုံတစ်ရာသော အတိုင်းအတာအထိ ဖွံ့ဖြိုးနေမှာ ဖြစ်ပါတယ်။
၎။ အကယ်၍ (၁/၉ဝ)  NLD က ၁၉၉ဝ ကပင်လက်ခံခဲ့လျှင် ထိုအချိန်ကပင် နိုင်ငံမှာပြောင်းလဲပြီး ယနေ့ ကာလတွင် တိုင်းပြည်ဖွံ့ဖြိုးနေမှာ ဖြစ်ပါတယ်။ ယခုလည်း (၂ဝဝ၈)ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံ၍ လွှတ်တော်ထဲပင် ရောက်နေပါပြီ။ ဆုံးဖြတ်ချက်စော ပါက သမိုင်းပိုလှသွားပါမယ်။
၅။ ကျွန်တော်တို့ တောင်အာဖရိ ကနိုင်ငံမှ နယ်ဆင်မန်ဒဲလားကို သူရဲ ကောင်းအဖြစ် အသိအမှတ်ပြုထားပါ တယ်။ သို့သော် သူနှင့်ပတ်သက်ပြီး မသိသေးေ သာ နိုင် ငံရေြး ဖစ်ရပ်မှာ လူဖြူသမ္မတ ဒီကလပ်က သူနေထိုင် သော အကျဉ်းထောင်ထဲသို့ အကြိမ် ပေါင်းများစွာ သွားရောက် ညှိနှိုင်းခဲ့ ပါတယ်။ အဲဒီလိုနဲ့ပဲ လူအများစု လူ မည်း အစိုး ရဖြစ်လာပါတယ်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ထံသို့ (အ ကျယ်ချုပ်၊ လွတ်လပ်နေချိန်)များမှာပင် ထောက်လှမ်းရေးအရာရှိ တစ်ဦးဖြစ် သော ဗိုလ်မှူးချုပ် သန်းထွန်း၏ ဝင်၊ ထွက်ပြောဆိုမှုများစွာ ရှိခဲ့တာကိုလည်း တွေ့ရပြီး ထိုအချိန်ကပင် နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့်ဒေါ်အောင်ဆန်း စုကြည်ကြားမှာပင် နားလည်မှု တစ်ခု ရှိခဲ့ပုံရှိပြီး ယနေ့ကာလကို ရောက်ခဲ့ပါ တယ်။
၆။ ယနေ့ကာလတွင် လွတ်လပ် ပွင့်လင်း၍ ထင်သာမြင်သာ ရှိလာပါ တယ်။ နိုင်ငံတစ်ခု ပြန်လည်တည် ဆောက်ရန်အတွက် အားလုံးက လက်တွဲပူးပေါင်းစေ့ စပ်ညှိနှိုင်းေ ဆာင်ရွက်နေ ပါတယ်။ အရေးအကြီးဆုံး သမိုင်း ပြောင်းလဲဖြစ်စဉ်ကာလဟာ ယနေ့ အချိန်မှာ ရောက်ရှိနေပါတယ်။ ယနေ့ အချိန်မှာ ထိပ်တိုက်ရင်ဆိုင်မှု ထက် စေ့ စပ်ညှိနှိုင်းအဖြေရှာခြင်းဟာ ပိုမိုသင့် လျော်ပါတယ်။ လိုချင်တာမရ၍ ထိပ် တိုက်ရင်ဆိုင်မှုဟာ ဒီမိုကရေစီသွေးနု သားနုနိုင်ငံအတွက် သားပျက်ခြင်း (သို့) သားလျှော သွားနိုင်ပါတယ်။ ငါတို့လိုချင် တာမရရင် အစုလိုက်အပြုံလိုက် လမ်းမ ပေါ်ထွက်မှာပဲဟု ရှေ့နေကြီးတစ်ဦး ရဲ့စကားဟာလည်း ထိုလမ်းကြောင်းပေါ် မှာ ရှိနေပါတယ်။ မင်း တို့ပြောမရရင် ငါတို့ သဘောမတူတာလုပ်ရင် အာဏာ သိမ်းမှာပဲလို့ပြောနေရင်လည်း သမိုင်း တစ်ပတ်လည်ပြီးခေတ်အို၊ခေတ်ဟောင်း၊ ခေတ်ဆွေးထဲ ပြန်ရောက် တိဗက် လို နိုင်ငံမျိုးသာ ရောက်ရှိမှာပါ။
၇။ အဲဒီတော့ ဖက်ဒရယ်ကိစ္စပဲ ပြောပြော၊ အခြေခံဥပဒေကိစ္စပဲ ဆိုဆို အခြားပြဿနာများပဲဖြစ်ဖြစ် သမိုင်းရေး သူတစ်ယောက်လို အလယ်တည့်တည့် ကနေကြည့်ပြီး ကျွန်တော်တို့ အချက် တွေ စဉ်းစားကြတာပေါ့။
(က) အခြေခံဥပဒေကို ၂ဝ၁၅ မတိုင်ခင် ပြင်နိုင်သလား၊ လက်ခံသ လား ပြင်ပေးနိုင်တဲ့အချက် လိုချင်တဲ့ အချက်ကို ၂ဝ၁၅ နောက်ပိုင်းအတွက် ထည့်စဉ်းစားပြီး အပေး အယူနဲ့ ညှိနှိုင်း သဘောတူပြီးနောက် တစ်ခုခုလုပ်ပါ။ ဒီအပေါ်မှာ ပြဿနာမရှိပါဘူး။(၂ဝ၁၅) နောက်ပိုင်းနောက်မှဆိုလည်း သဘော တူရင် ပြင်ပေါ့။ တောင် အာဖရိ ကမှာ နှစ်အကြာကြီးပဲ။ အီဂျစ်ဒီမိုကရေစီ ဟာ တစ်နှစ်ကျော်ပဲခံတယ်။ ထိုင်းရဲ့လက်ရှိ အစိုးရဟာ နှစ်နှစ်ခွဲသာခံတယ်။ အနာ ဂတ်ကိုတွေး သေေ သချာချာ ဆုံးဖြတ်ပါ။ ပင်ပေါင်ဒီပလိုမေစီလည်း ပြန်စဉ်းစား ကြည့်ပါ။
(ခ) ဖက်ဒရယ် ကိစ္စမှာလည်း မဟာစိတ်ဓာတ်နဲ့ ကျဉ်းမြောင်းတဲ့စိတ် ဓာတ်နှစ်ခုစလုံးဖျောက်ပြီး အလယ်ကနေ စဉ်းစားပေါ့။ မပေးဘူးလို့လည်း ဇွတ် အတင်းမငြင်းနဲ့။ ရလေလိုလေ အို တစ္ဆေမလုပ်နဲ့။ နတ်သမီးပုံပြင်ထဲကလို ဆင်းရဲသားဆီက အားလုံးနတ်သမီးက ပြန်ထုတ်ယူသွားလိမ့်မယ်။ တန်းတူရည် တူနဲ့ ညီမျှမှုပေါ့။ သူမသာ ကိုယ် မနာ ပေါ့သူမသာ ကိုယ်အသုဘလည်းဖြစ်လို့ မရဘူး။ သူအသုဘ ကိုယ်သာလည်း မရပါဘူး။ အနီးကပ်ဆုံးနှင့် အဖြစ် နိုင်ဆုံးကနေ စဉ်းစားပါ။ တစ်ဆင့်ပြီး တစ်ဆင့် တက်ပေါ့လေ။ ယုံကြည်မှုကို အရင်တည်ဆောက်၊ နားလည်မှုနဲ့ပုံ ဖော်ပြီး နောက်မှာလက်ချင်း ချိတ် စကားပြော ကြတာပေါ့။ ပြေလည် နိုင်ပါတယ်။
(ဂ) ယနေ့ကာလမှာ အလုပ်သ မား၊ လယ်သမား၊ ကျောင်းသားသမဂ္ဂ၊ ပဋိပက္ခတွေလည်း အဖြေရှာရင်အလယ် ကနေစဉ်းစားပါ။ တရားမျှတမှုနဲ့ တရား မဲ့မှု ၂ ခုအပေါ်နဲ့ ရန်သူနဲ့မိတ်ဆွေအ ဖြစ်ကနေ ရန်သူနဲ့ရန်သူဖြစ်သွားရင် ပိုများတဲ့ ပဋိပက္ခ၊ မိတ်ဆွေနဲ့မိတ်ဆွေ ဖြစ်သွားရင် ပိုကောင်းတဲ့ငြိမ်းချမ်းရေး ပါ။ ကျွန်တော် နိုင်ငံရေးလုပ်တော့ အသက်ကြီးဝါရင့် နိုင်ငံရေးသမား တစ် ယောက်ကပြောတယ်။ ”မင်း ကို…မင်းအဖွဲ့ထဲမှာ မင်း ကိုဆန့်ကျင်၊ ပုတ်ခတ်သူတွေရှိရင် သူ တို့နဲ့တည့်အောင်၊ ခင်မင်ရင်းနှီးေ အာင် ပေါင်း၊ အဲဒါဆို မင်းအဖွဲ့မှာ ပြောရ၊ ဆိုရ၊ လုပ်ရ၊ ကိုင်ရတာ လွယ်ကူအောင် မြင်ပြီး မင်းတင်တဲ့လမ်း (ဏသူငခပ) ကျမှာ ပါပဲ”တဲ့။ အဲဒီစကားဟာ မှတ်သားစ ရာပါ ပဲ။ နောက် အသက်ကြီးတဲ့လူတစ်  ယောက်က ပြောဖူးတယ်။
”ရေကြီးရင်တော့ အိမ်ပေါ်ကို လူ ရော၊ ခွေးရော ရောက်နေမှာပါပဲ။ ရေကျရင်တော့ လူကလူနေရာ၊ ခွေးက ခွေးနေရာမှာ ပြန်ရှိမှာပါ”
အဲဒီစကားကလည်း မှတ်သား စရာပါ။ အချိန်ကာလတစ်ခုမှာ အားလုံး  ပြန်ပြေလည်မှာပါပဲ။ ကျွန်တော့်အမေ ကျွန်တော့်ကို ဆုံးမခဲ့တဲ့စကားတစ်ခုရှိ တယ်။
”ဘယ်သူတရားပျက်ပျက် ကိုယ် တရားမပျက်နဲ့။ တရားပျက်တဲ့လူတွေ တစ်နေ့ကျရင် ကိုယ်ရှေ့ကို ဒူးထောက် ရောက်လာလိမ့်မယ်”
တန်ဖိုးရှိသော ဆုံးမမှုတစ်ခုပါပဲ။
၈။ ကဲ အဲဒီတော့ ဒီနေ့နိုင်ငံရေး သမိုင်းဖြစ်စဉ်တွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တွေ ပြန်ကြည့်ရင် အတိတ်ရဲ့အတွေ့အ ကြုံသမိုင်းကို ပစ္စုပ္ပန်မှာချိန်ထိုးပြီး အနာဂတ်မှာ လှပအောင် ပုံဖော်နိုင်ဖို့ လိုပါတယ်။ အားလုံးနားလည်လွယ်တဲ့ စကားလုံးနဲ့ ရိုးရိုးရှင်းရှင်း သမိုင်းကို အလယ်တည့်တည့်ကနေ ကြည့်ပြီး တင်ပြ ထားပါတယ်။ သုံးနား ညီတြိဂံ တစ်ခု လိုပါတယ်။ပါတီမှာ နိုင်ငံရေးပါတီ၊ CSO ၊ NGO များလည်း ပါပါတယ်။ အစိုးရတွင် တပ်မတော်လည်း ပါပါတယ်။
သုံးနားညီတြိဂံဆိုရင် ကျွန်တော် တို့နိုင်ငံဟာ မကြာခင်ကာလမှာ ငြိမ်း ချမ်းတဲ့နိုင်ငံ၊ လူ့အခွင့်အရေးနဲ့ လူ့တန် ဖိုးများ တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာ ပြီး တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ရောက် ရှိပြီး အာရှနဲ့ကမ္ဘာမှာ မြန်မာဆိုပြီး ပြန် ဦးမော့တဲ့ ကမ္ဘာ့အဆင့်မီ နိုင်ငံတစ်ခု ရောက်မှာပါပဲ။ နိုင်ငံသား အားလုံးအတ္တ နဲ့မာနကို ထိန်းညှိပြီး ဖြစ် ချင်တာတွေ ထက်စာရင် ဖြစ်သင့်တာတွေကို စလုပ် ကြရအောင်။ ရင်းနှီး၊ နားလည်၊ ယုံ ကြည်မှုတွေ စတင် တည်ဆောက်ကြ ပါစို့၊ အားလုံးကိုလေးစားလျက်။
အောင်ထွန်း(  )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒီနေ့သမိုင်းမှာ အဖြေရှိတယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...