Saturday, January 25, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေးတပ်မတော်သဘောမတူပါက အခြားနည်းသုံးမည်ဟုဒေါ်အောင်ဆန်းစုကြည်ဆို

,
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးမှာ လွယ်ကူသည့်ကိစ်္စမဟုတ် ပဲတပ်မတော်၏သဘောတူညီမှု မရရှိပါက အခြားနည်းလမ်းများဖြင့်  လုပ်ဆောင်သွားမည်ဟုအမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။
“ကျွန်မပြောနေကျစကား တစ်ခွန်းရှိပါတယ်။ ဒီလမ်းကပိတ် ထားရင် တခြားလမ်းကသွားပါ မယ်။ ၎င်းကဆိုသည်။ ဇန်န၀ါရီ လ (၁၈) ရက် ညနေ (၅း၃၀) နာရီအချိန်က ကရင်ပြည်နယ် ဖားအံမြို့နယ်အောင်သံလွင် ဘောလုံးကွင်း၌ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ယခုမှပြင်ဆင်ရန်လုပ်ဆောင် ခြင်းမဟုတ်ပဲ နှစ်ပေါင်းများစွာက  တည်းကကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ခြင်း မှာလည်း အဆိုပါဖွဲ့စည်းပုံပြင်ဆင်  နိုင်ရေးအတွက်ဖြစ်ကြောင်းကဆက်ပြောသည်။
“အခြေခံဥပဒေပြင်ဖို့ဆန်္ဒမရှိ  တဲ့သူတွေအနေနဲ့ နိုင်ငံရေးသတ်္တိ ရှိရင်ဘာကြောင့်မပြင်ချင်တာ လည်းဆိုတာကို ပြည်သူကိုပွင့်ပွင့် လင်းလင်းရှင်းပြသင့်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကမိန့်ခွန်း  အတွင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘားအံ့ခရီးစဉ်အတွင်းဖွဲ့စည်း ပုံပြင်ဆင်ရေးအတွက် မည်သည့် ကိစ္စရပ်၊ မည်သည့်ပုဒ်မကို မဆို ပြောဆိုရဲရမည်ဖြစ်ကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် ဘားအံ့၌မည်သည့် ကိုယ်စားလှယ်မှ ရွေးချယ်ခံရမှုမရှိ ခဲ့ကြောင်းနှင့် ပြည်သူများမှ ရွေးချယ်ခံခဲ့ရသည့်ကိုယ်စားလှယ်  များကိုလည်း မည်သူ့ဘက်တွင် ရပ်တည်လိုကြောင်းကို ပွင့်ပွင့် လင်းလင်းမေးမြန်းရန်လိုအပ် ကြောင်းကိုလည်း ဆက်လက်ပြော  ကြားခဲ့သည်။
အဆိုပါလူထုတွေ့ဆုံဆန်္ဒခံ ယူပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးအောင် ကြည်ညွန့်တို့က အခြေခံဥပဒေနှင့်  ပတ်သက်၍ရှင်းလင်းပြောကြားခဲ့  ပြီး ပရိသတ်နှစ်ထောင်ကျော် တက်ရောက်ခဲ့သည်။
ကရင်ပြည်နယ်လူထုတွေ့ဆုံ  ပွဲခရီးစဉ်အတွင်း ဇန်န၀ါရဋ္ဌီ (၁၉) ရက် နံနက်ပိုင်းတွင်ဒေါ်အောင်ဆန်း  စုကြည်၏ဖခင်ဗိုလ်ချုပ်အောင် ဆန်းဟောပြောခဲ့သည့်ကရင်ပြည် နယ်လှိုင်းဘွဲ့မြို့နယ်ရှိကပ်ပလီကျေး ရွာတွင် လူထုနှင့် တွေ့ဆုံမှုပြုလုပ် ခဲ့ကြောင်းကိုလည်း သိရသည်။

http://www.hotnewsweekly.com/node/1580

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဖွဲ့စည်းပုံပြင်ဆင်ရေးတပ်မတော်သဘောမတူပါက အခြားနည်းသုံးမည်ဟုဒေါ်အောင်ဆန်းစုကြည်ဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...