(1)Tank Man (1989)
အင်္ဂလန် နိုင်ငံသား
ဓာတ်ပုံဆရာ – Stuart Franklin
အင်္ဂလန် နိုင်ငံသား
ဓာတ်ပုံဆရာ – Stuart Franklin
၁၉၈၉ ခုနှစ်၊ တရုတ် ပြည်သူ့သမ္မတ
နိုင်ငံတွင် ပေါ်ပေါက်ခဲ့သော တီနန်မင်ရင်ပြင် (Tianan men Square)
အရေးအခင်းကာလတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံ ဖြစ်သည်။
စစ်သုံးတင့်ကားများရှေ့တွင် ရပ်နေသော လူတစ်ယောက် ၏ပုံဖြစ်သည်။ ယင်းဓာတ်ပုံ၏
ထူးခြား လေးနက်မှုကို ဓာတ်ပုံဆရာအနေဖြင့် အစပိုင်းက
ဆုံးဖြတ်နိုင်ခြင်းမရှိခဲ့ပေ။ သို့သော် ယင်းပုံသည် ခေတ်ကာလတစ်လျှောက်
စံပြဓာတ်ပုံတစ်ပုံဖြစ်လာခဲ့သည်။ ယင်းပုံဖြင့် ကမ္ဘာ့ စာနယ်ဇင်း ဓာတ်ပုံဆု
(World Press Photo Award ) ရရှိခဲ့သည်။
(2)Lynching of Young Blacks (1930)
Lawrence
Beitler(1885-1960)
Lawrence
Beitler(1885-1960)
၁၉၃ဝခုနှစ် သြဂုတ်လ ၇ရက် နေ့တွင်
ရိုက်ကူးခဲ့သော ဓာတ်ပုံ ဖြစ်သည်။ ယင်းကာလ တုန်းက အဖြူရောင်သံတမန် (White
Diplomacy) အဖြစ် ဖော်ပြခြင်း ခံရသော ပုံဖြစ်သည်။ လူဖြူမိန်းကလေး
တစ်ယောက်ကို မုဒိမ်းကျင့်မှုနဲ့ ပတ်သက်၍ လိမ်လည်ထွက်ဆိုခဲ့သည်ဟုဆိုကာ
အာဖရိကန်- အမေရိကန် လူငယ်နှစ်ဦးဖြစ်သော Thomas Shipp နှင့် Abram Smith
တို့ကို ဒေါသထွက်နေသော လူအုပ်ကြီးက သစ်ပင်တွင်ကြိုးဆွဲချ
စီရင်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၂ခုနှစ်တွင် ဒါရိုက်တာ Jame Cameron က
ယင်းဖြစ်ရပ်ကိုအခြေခံ၍ “ထိတ်လန့်ဖွယ်အချိန်အခါ” (A time of terror ) ဟူသော
စာအုပ်ရေးသားခဲ့သည်။
(3)Burning Monk
ပူလစ်ဇာ (Pulitzer)ဆု ရရှိခဲ့သော အမေရိကန်သတင်းဓာတ်ပုံဆရာ Malcolm Browne (1931-20121)
၁၉၆၃ခုနှစ်တွင်ရိုက်ကူးခဲ့ သော
ဓာတ်ပုံဖြစ်သည်။ ၁၉၆၃ခုနှစ် ဇွန်လ ၁၁ရက်နေ့ တွင် ဗီယက်နမ်
ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီး Thich Quang Duc သည် တောင်ဗီ ယက်နမ် အစိုးရကို
ဆန့်ကျင်သည့်အနေဖြင့် ဆိုင်ဂုံမြို့လယ်တွင် ကိုယ့်ကိုယ်ကို
မီးရှို့ပြခဲ့သည်။ ယင်းဓာတ်ပုံကို အမေရိကန် သမ္မတကနေဒီမြင်ပြီး
“ကမ္ဘာ့သမိုင်းမှာ စိတ်ခံ စားမှုအဖြစ်ရဆုံးဓာတ်ပုံ” ဟု မှတ်ချက်
ပြုပြောဆိုခဲ့သည်။ ယင်းပုံကြောင့် ဓာတ်ပုံဆရာ ပူလစ်ဇာဆုရရှိခဲ့သည်။
(4)Biafra (1969)
ဗြိတိသျှသတင်းဓာတ်ပုံပညာရှင် Donald McLullin
ဗြိတိသျှသတင်းဓာတ်ပုံပညာရှင် Donald McLullin
၁၉၆၉ ခုနှစ် နိုင်ဂျီးရီးယားပြည်တွင်းစစ်
ကာလအတွင်း ရိုက်ကူးခဲ့သော
ဓာတ်ပုံတစ်ပုံဖြစ်သည်။စစ်ကြောင့်သန်းပေါင်းများစွာသော ပြည် သူတွေ
ဆင်းရဲဒုက္ခရောက်ရှိခဲ့ ပုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်ခဲ့သည်။ Don
McLullin ၏ ဓာတ်ပုံများသည် ဆင်းရဲသူ၊ ဒုက္ခသည်၊ အလုပ် လက်မဲ့ စသူ တို့၏
လူနေမှုဘဝ နှင့် အတိဒုက္ခ များကို စာနာနား လည် သနားမိစေရန် ရည်ရွယ် သည်။
(5)The Falling Man (2011)
AP ဓာတ်ပုံဆရာ
Richard Drew
Richard Drew
ကမ္ဘာ့ကုန်သွယ်ရေးဗဟို (World Trade
Center) ကအကြမ်း ဖက်ခံရစဉ်က ရိုက်ယူခဲ့သော ဓာတ်ပုံများစွာထဲမှ
တစ်ပုံဖြစ်သည်။ ၂ဝ၁၁ ခုနှစ်စက်တင်ဘလာလ ၉ရက်နေ့ တွင်
အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အထပ်ပေါင်းတစ်ရာ ကျော်ရှိသော မျှော်စင်
ကြီးနှစ်ခု ပြိုကျခဲ့ရပြီး လူ ၂၈ဝဝ နီးပါးသေဆုံးခဲ့ရသည်။ ယင်း AP
ဓာတ်ပုံဆရာ Richard Drew က အမိအရ ရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ The Falling
Man ဟု အမည်ပေးထားသော ယင်းဓာတ်ပုံသည် ၉။၁၁ ၏ကြေကွဲဝမ်းနည်းမှုကို ထင်ဟပ်စေ
သည်။
http://www.popularmyanmar.com






