Tuesday, January 28, 2014

စင်ကာပူတွင် မြန်မာတစ်ဦး အသက်မပြည့်သော အမျိုးသမီးနှင့် ငွေပေးပျော်ပါး၍ ထောင်ချခံရ

,
စင်ကာပူနိုင်ငံတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို အခကြေးငွေ ပေးကာ လိင်ဆက်ဆံခဲ့သော မြန်မာတစ်ဦးကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထောင်ဒဏ် ၁၂ ပတ် ချလိုက်ကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် The Straits Times သတင်း တစ်ရပ်တွင် ဖော်ပြသည်။

အင်ဂျင်နီယာတစ်ဦး ဖြစ်သူ အသက် ၃၄ နှစ်အရွယ် လူမော်အမည်ရ အဆိုပါ မြန်မာနိုင်ငံသားသည် အသက် မပြည့်သေးသည့် အမျိုးသမီးငယ်ကို ၂၀၁၃ ခုနှစ် မတ်လတွင် စင်ကာပူဒေါ်လာ ၂၂၀ ပေးကာ ပျော်ပါးခဲ့ခြင်းဖြစ်ပြီး လူမော်သည် စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။

အဆိုပါ အမျိုးသမီးသည် လုပ်ခကောင်းကောင်း ရရှိမည့် အက၊ ညစာ အတူစားခြင်း၊ စကားပြောဆိုခြင်း စသည် တို့အပြင် အခြားဝန်ဆောင်မှုပါ ပေးနိုင်သည့် အဆင့်မြင့် အမျိုးသမီးအဖော် လုပ်ငန်းတွင် လုပ်ကိုင်ရန် ခေါ်ဆောင်လာခြင်း ဖြစ်သော်လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် လိင်လုပ်သား ဘဝသို့ သွတ်သွင်းခံ ခဲ့ရကြောင်း The Straits Times တွင် ဖော်ပြသည်။

အသက်မပြည့်သူနှင့် ပျော်ပါးသဖြင့် ထောင်ချခံရသည့် မြန်မာနိုင်ငံသားမှာ အလားတူ ပြစ်မှုအမှုဖြင့် ပြစ်ဒဏ်ပေးခံရသူ များအနက် ခုနစ်ဦးမြောက် ဖြစ်သည်။
( myanmarcnn )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “စင်ကာပူတွင် မြန်မာတစ်ဦး အသက်မပြည့်သော အမျိုးသမီးနှင့် ငွေပေးပျော်ပါး၍ ထောင်ချခံရ ”

Post a Comment

Related Posts Plugin for WordPress, Blogger...