“ဒီခေတ်မှာ ဘာသာရေးပဋိပက္ခတွေနဲ့အတူ အာဏာလုပွဲတွေပါ တွေ့နေရတယ်။ ဘာသာရေး၊
နိုင်ငံရေး ခေါင်းဆောင်တွေကလည်း ကိုယ့်အကျိုးစီးပွားနဲ့ပတ်သက်လာရင်
ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ အနေအထားတွေ ရှိလာတယ်”ဟု ဆရာတော်ဦးကာဝိယက
မိန့်ကြားခဲ့သည်။
ထို့ပြင် ဘာသာရေးခေါင်းဆောင်များကလည်း လူမျိုးရေး ဘာသာရေးကို လေးစားတတ်လာစေရန်နှင့် စောင့်ရှောက်တတ်ရန် လုပ်ဆောင်သွားကြရမည်ဖြစ်ပြီး သဘောထားမှန်ကန်မှုရှိအောင် ခေါင်းဆောင် အသီးသီးက ကြိုးစားသွားရမည်ဖြစ်သည်ဟု ဆရာတော်က မိန့်သည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အာရှအလင်းရောင်ဆရာတော် ဦးစိနိ္တကလည်း တိုင်းပြည်တွင် အခက်အခဲများ ဖြစ်ပွားလာတိုင်း ဘာသာရေးပဋိပက္ခများ တွေ့ရှိရကြောင်း ယခုအချိန်၌လည်း ငြင်းလို့ မရသည်မှာ နိုင်ငံရေးအခက်အခဲများရှိ၍ ဘာသာရေးပဋိပက္ခများ ဖြစ်ပွားနေသည်ဟု သုံးသပ် မိန့်ကြားခဲ့ သည်။
အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)က ခေတ်ကို နား လည်ရန် လိုအပ်ပြီး အထင်အမြင်လွဲမှားမှုများကို သတိပြုရန် လိုအပ်သည်ဟုလည်း ဆိုသည်။
“ဘာသာရေးနဲ့ နိုင်ငံရေးဆိုတာ သီးခြားစီခွဲလို့ ရကောင်းတာမဟုတ်ဘူး။ မြန်မာ့လွတ်လပ်ရေးမှာ နယ်ချဲ့ တွေကို တိုက်ထုတ်တုန်းက ဘာသာရေးဟာ တွန်းအားဖြစ်ခဲ့သလို၊ ဘာသာပေါင်းစုံရဲ့ အသက်သွေးချွေး တွေ ရင်းနှီးပြီး ရယူခဲ့တာဖြစ်တယ်။ အကြမ်းဖက်မှုကို ဘယ်ဘာသာကမှ အားမပေးဘူးဆိုတာ ရှင်းရှင်း လင်းလင်း သိဖို့လိုပါတယ်”ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတော်မှကြီးမှူး၍ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ် ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မန္တလေးမြို့အပါအ၀င် အခြားသောဒေသများ၌လည်း အောက်ခြေအဖွဲ့များကို ပါ ဆက်လက် ဖွဲ့စည်းခဲ့သည်။
၂၀၁၂ ခုနှစ် ဇွန်လမှ ရခိုင်ပြည်နယ်မှ ပဋိပက္ခများ စတင်ခဲ့ပြီး ၂၀၁၃ မတ်လတွင် မိတ်္ထီလာ၊ လားရှိုး၊ဥက္ကံ၊ မင်းလှမြို့များတွင်ပါ ဖြစ်ပွားခဲ့သည်။
အောင်ကိုဦး ( mizzima )