Friday, January 10, 2014

ဒီမိုကရေစီ စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရန် ကြိုးပမ်းမည်

,
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ/စိုးသန်းဝင်း
ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွင် ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့်
ဖွဲ့စည်းပုံအခြေခံ ဥပဒေ တစ်ရပ် အတည်ပြုပြဋ္ဌာန်းနိုင်ရေး သည် နိုင်ငံသား အားလုံး၏ တာဝန်
ဖြစ် ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ပြုပြင်ပြောင်းလဲရေး အား ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဟု အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ လ ၄ ရက်နေ့က ပါတီရုံးချုပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည့်
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်အခမ်းအနား တွင် ထုတ်ဖော်ပြောကြားလိုက်
သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် စစ်မှန်သော ပြည်ထောင်စု စနစ်ကို အာမမခံနိုင်
သေးကြောင်း၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်
ဆောက်ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပြန်လည်တည်ဆောက်ရေး များတွင် အလှမ်းဝေး
နေသေးကြောင်း ၎င်းက ပြောသည်။
"အမျိုးသားအဆင့် ရင်ကြားစေ့ရေး အကြောင်းပြောမယ်ဆိုရင် တပ်မတော် ကို ချန်ထားခဲ့လို့
မရပါဘူး။ တချိုက ဒီဟာကို ပြောရမှာ ၀န်လေးကြပါတယ်။ ကျွန်မတို့ပြောသင့်ပြောထိုက်တဲ့
ကိစ္စတွေကို ပြောရမှာ ၀န်လေးနေမယ်ဆို ရင် ရှေ့ဆက်သွားလို့ရမှာ မဟုတ်ပါ ဘူး။ အခုကျွန်မ
တို့လုပ်နေတဲ့ ဖွဲ့စည်းပုံး အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဟာလည်း တပ်မတော်အတွက်
အင်မတန်မှ အရေးကြီးတဲ့ ကိစ္စဖြစ်ပါ တယ်။ တပ်မတော်ရဲ့ ကဏ္ဍဟာလည်း အင်မတန် အရေး
ပါပါတယ်။ဒီဖွဲ့စည်း ပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဟာ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့
အတွက် တပ်မတော်ရော၊ ပြည်သူတွေရော သိထားဖို့လိုပါတယ်။ တပ်မတော်ဟာ ဒီနိုင်ငံ
အစိတ်အပိုင်းဖြစ်တယ်ဆိုတာ ကို အားလုံးက အသိအမှတ်ပြုရပါမယ်။ မသိချင်ယောင်
ဆောင်နေလို့လည်း မရပါဘူး။ ဒါကြောင့် ကျွန်မတို့ဘာပဲလုပ်လုပ် တပ်မတော်နဲ့ လက်တွဲပြီး
ဒီတပ်မတော်ဟာ ပြည်သူလူထုရဲ့ ဆန္ဒ အရ ၊ ပြည်သူလူထု ကြည်ညို၊ လေးစား ချစ်ခင်တဲ့
တပ်မတော် ဖြစ်ရပါမယ်။ဒါကြောင့် ဒီဥပဒေပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ တပ်မတော်
ပါသလို၊ မပါသလို လုပ်လို့မရပါဘူး။ အင်မတန် အရေးတကြီး ပါဝင်ပါတယ်"ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေးတွင် ပြည်သူပြည်သား များ သာမက လက်ရှိ
အစိုးရနှင့် ပတ် သက်ကြောင်း ၎င်းက ပြောသည်။
"လက်ရှိအစိုးရအနေနဲ့လည်း ဒီကိစ္စ မှာ မဆိုင်သလို နေလို့မရပါဘူး။ အားလုံးနဲ့ ဆိုင်ပါတယ်။
ပြည်သူပြည် သား တစ်ယောက်ချင်းတစ်ယောက် ချင်းနဲ့ ဆိုင်တဲ့ကိစ္စဟာ အစိုးရနဲ့ မဆိုင် ဘူး
ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ဟာ အမျိုးသား ရင်ကြားစေ့ ရေးကို အခြေပြုပြီး
တော့ ရှေ့ကို ဆက် လှမ်းသွားချင်တယ်ဆိုတာ ပြောသင့်ပြောထိုက်တဲ့ ကိစ္စမို့ပြောရပါမယ်။
ဆွေးနွေးသင့်တဲ့ ကိစ္စတွေကို ဆွေးနွေး ရပါမယ်။ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး
တကယ်ဖြစ်ပေါ်ဖို့အတွက် စိန် ခေါ်မှုတွေ၊ ပြဿနာတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြေရှင်းရပါလိမ့်
မယ်။ ပြဿနာ တွေ မရှိချင်ယောင်ဆောင်နေလို့ ကျွန်မ တို့ဘယ်လိုမှ တိုးတက်မှု ရှိလာမှာ
မဟုတ်ပါဘူး။ အခုကျွန်မတို့ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေးမှာ ဒီဖွဲ့စည်းပုံ
အခြေခံဥပဒေဟာ တရား မျှတသလို၊ တရားမမျှတသလိုလုပ်နေ လို့မရပါဘူး။ တရားမျှတမှု
မရှိဘူး။ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ မကိုက်ညီ ဘူး။ နိုင်ငံရဲ့ အနာဂတ်အတွက် ကောင်း မွန်
တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း၊ ပြတ်ပြတ်သားသားနဲ့ လက်ခံရ
မှာဖြစ်ပါတယ်။ဒီပေါ်မှာ အခြေခံပြီး လွှတ်တော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး
ကော်မတီကို အကြံပြုချက် များ ရေးဆွဲပြီး တင်ပြထားပါတယ်။ တင်ပြချက်တွေမှာ ဘာကြောင့်
ဘယ်ဟာ တွေ၊ဘယ်လိုပြောင်းလဲလိုက်သလဲဆိုတာကို ရှင်းရှင်းလင်းလင်း ချမှတ်ထားပါတယ်"ဟု
၎င်းက ဆက်ပြောသည်။
"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြော ဆိုတာ လုပ်ဆောင်ချက်တွေက သူ့နဲ့သူ့ပါတီအတွက်ပဲ အကျိုး
အတွက်ပဲ ဖြစ် မယ်လို့ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်အထိ သူဟာ တခြား
ပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေ နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ လမ်း ပေါ်ကို ရောက်
မလာသေးပါဘူး။ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာကတော့ အားလုံး ပူးပေါင်းဆောင်ရွက်ရမယ့်
ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့က တော့ တခြားပါတီတွေနဲ့ ပူးပေါင်းလုပ် ဆောင်နေသလို
ဘယ်သူနဲ့မဆို ပူး ပေါင်း ဆောင်ရွက်ဖို့လည်း အဆင်သင့် ပါပဲ"ဟု အမျိုးသား ဒီမိုကရေစီ
အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင် ဆွေက ပြောသည်။ ကရင် ဒီမိုကရက်တစ်ပါတီ၏ အကြံ
ပေးဖြစ်သူ ဦးစောသန်းကျော်ဦးက လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်
ရေး ကြိုးပမ်းချက် များကို ကြိုဆိုသော်လည်း သမ္မတဖြစ် ခွင့် ပြင်ဆင်ချက်သာမက တိုင်းရင်း
သားများ၏ အခွင့်အရေးများအတွက် ပြင်ဆင်ရန် ကြိုးပမ်းချက်များ ဆောင် ရွက်ရန်လိုနေကြောင်း
ထောက်ပြ သည်။
( myanmar.mmtimes )
 

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒီမိုကရေစီ စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရန် ကြိုးပမ်းမည် ”

Post a Comment

Related Posts Plugin for WordPress, Blogger...