Thursday, September 21, 2017

မြန်မာ့နိုင်ငံရေးနှင့်တပ်မတော်

,
တပ်ချုပ်ကြီးဗိုလ်မင်းအောင်လှိုင်က မြန်မာ့နိုင်ငံရေးထဲကနေ တပ်မတော်ကို ဆွဲထုတ်ရင် ဆိုးရွားတဲ့အကျိုးခံစားရမယ်လို့ ပြောပါတယ်
ဒါဟာ ပြည်သူလူကို စော်ကားတဲ့သဘောပါပဲ တနည်းအားဖြင့်
ကျေးဇူးကန်းတဲ့သဘောပါ  ပုံမှန်အားဖြင့် တပ်မတော်ဆိုတာ ပြည်သူလူ
ကိုကာကွယ်ပေးရမယ် ပြည်သူလူထု ဆန္ဒနဲ့အညီ ပြည်သူလူထု
နေစေချင်တဲ့ စစ်တန်းလျားမှာပဲနေရမယ် ဒါဟာ တပ်မတော်ရဲ့ နေရာအမှန်ပဲ

ဗိုလ်မင်းအောင်လှိုင်ကို ကျုပ်ပြောချင်တာက လက်ရှိတပ်မတော်ဝန်းထမ်း
တွေကို ကျုပ်တို့ပြည်သူလူထုက လစာပေးထားတဲ့ဝန်ထမ်းတွေဖြစ်တယ်
တပ်မတော်သားတွေရဲ့ လစာ ကို သန်းရွှေကပေးထားခြင်းမဟုတ်သလို
ဗိုလ်မင်းအောင်လှိုင်ကပေးတာလည်း မဟုတ်ဖူး ကျုပ်တို့ရဲ့
အခွန်ငွေကတဆင့် သူတို့ကို အလုပ်ခန့်ထားတဲ့သဘောပဲ

 ကုန်ကုန်ပြောရရင် ဗိုလ်မင်း
အောင်လှိုင်ဟာလည်း ကျုပ်တို့ပြည်သူလူထု အခွန်ကိုစားနေတဲ့ ပြည်သူ့
ဝန်ထမ်းလခစားတယောက်မျှသာဖြစ်တယ်   ဒါဆိုရင် တပ်မတော်ဟာ
ပြည်သူလူထု  နေစေချင်တဲ့ စစ်တန်းလျားမှာ နေတာ အကောင်းဆုံး
ဖြစ်ပါလိမ့်မယ်  ဗိုလ်မင်းအောင်လှိုင်ပြောသလို

တပ်မတော်ကို မြန်မာ့နိုင်ငံရေးထဲကဆွဲထုတ်ရင် ဆိုတဲ့စကားး
တပ်မတော်ကို နိုင်ငံရေးထဲက ဆွဲထုတ်ချင်တာက ပြည်သူလူထုပါဗိုလ်မင်း
အောင်လှိုင်ရေ   ဒီတော့ ကျုပ်တို့ပြည်သူလူကပေးတဲ့ လစာယူပြီး
ပြည်သူလူထုသဘောထားကို အလေးထားမလား (သို့) စာအုပ်စိမ်းကြီး
ဖက်တွယ်ပြီး အာဏာရှင်လူတစုသဘောထားကို အလေးထား
နေမှာလားဆိုတာ ကျုပ်ခင်ဗျားကို မေးပါရစေဗျာ

တပ်မတော်ကို ခုတုံးလုပ်ပြီး အာဏာရှင်လူတစုက တိုင်းပြည်အုပ်ချုပ်ရေး
မှာ ဝင်မွှေခဲ့လို့ ကျုပ်တို့ပြည်လည်း စုတ်ပြတ်သတ်နေပါပြီ ဒါဟာ တပ်မတော်
ရဲ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ခြင်းရဲ့ ဆိုးကျိုးတွေပါဗျာ

တပ်မတော်ကြောင့် ကျုပ်တို့တိုင်းပြည် ဘယ်လိုဖြစ်ခဲ့သလည်းဆိုတာ
ကျုပ် ၁ လပိုင်းမှာ တင်ခဲ့တဲ့ ပို့စ်လေးနဲ့ပဲ ကိုးကားပါရစေ
အဲဒိတုံးကတော့ စန္ဒီမြင့်အောင်နဲ့ ဘူးလက်ကို လှော်ခဲ့တာပါ ခုတော့
ဦးတည်ချက်ပြောင်းသွားပါပြီ

-------

ဒီပုံထဲက နှမလေးပြောသလို

#တပ်မတော်သာလျှင် နိုင်ငံ အမြတ်ကိုပေးဆပ်နိုင်လိမ့်မည် ။

ဆိုသောစကား ဟုတ်မဟုတ် ကျွန်တော်လေ့လာထားတဲ့

မြန်မာ့နိုင်ငံ သမိုင်းကြောင်းနဲ့ ဆက်စပ်ပြီး ဆန်းစစ်ကြည့်မယ်ဗျာ။

ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ  ၁၉၄၈ ဇန်နဝါရီလ ၄ရက်နေ့

ဒါဟာလူတိုင်း သိပြီးသားပါ   လွတ်လပ်ရေး မရခင် ၁၉၄၇ ခုနှစ်

ဧပြီလ ၉ ရက်နေ့မှာ  ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး

 လွတ်လပ်ရေးရပြီးရင် နိုင်ငံတော်

ရှေ့ဆက်သွားမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ တိုင်းပြု

ပြည်ပြုလွှတ်တော်ကို ရွေးကောက်တင်မြှောက်ခဲ့ပါတယ်

ဦးနုကတော့ တိုင်းပြု ပြည်ပြုလွှတ်တော် ဥက္ကဌအဖြစ်တာဝန်ယူခဲ့ပြီး

ဥပဒေပညာရှင်တွေနဲ့  အခြေခံဥပဒေရေးဆွဲခဲ့ပြီး  ၁၉၄၇ စက်တင်ဘာ

၂၄ ရက်နေ့မှာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်း

ခဲ့တယ် အဲဒိ ၁၉၄၇ အခြေခံဥပဒေနဲ့ ပြည်သူလူထုက ရွေးကောက်တင်

မြှောက်တဲ့ ဒီမိုကရေစီနည်းလမ်းကျကျရှေ့ဆက်သွားခဲ့ပါတယ်

၁၉၄၈ ကနေ ၁၉၆၂ အထိ ၁၃ နှစ်တာ ကာလအတွင်းမှာ

( 1958 - 1960 အိမ်စောင့်အစိုးရမပါ)

ဒီမိုကရေစီနည်းလမ်းကျကျအုပ်ချုပ်ခဲ့လို့ မြန်မာနိုင်ငံဟာ

အာရှမှာ ဂျပန်ပြီးရင် ဒုတိယအချမ်းသာဆုံးနိုင်ငံအဖြစ်  လက်မထောင်

နိုင်ခဲ့ပါတယ် ။

ဒါပေမယ့် ၁၉၆၂ ခုနှစ် မတ်လမှာ ပြည်ထောင်စုကြီး

 ပြိုကွဲတော့မယ်ဆိုပြီး ဦးနေဝင်းဦးဆောင်တဲ့ စစ်တပ်က တိုင်းပြည်

အာဏာကို အတင်းအဓ္ဓမသိမ်းယူခဲ့ပါတယ် တကယ်တော့ တိုင်းပြည်က

ဘာအန္တရာယ်မှမကျနိုင်သလို့ ပြည်ထောင်စုပြိုကွဲဖို့ဆိုတာလည်း

မရှိပါဘူး စစ်တပ်ကနာမည်တပ်ပြီး အာဏာသိမ်းချင်လို့ ခေါင်းစဉ်တပ်

ခဲ့တာ ( အာဏာ ဘာကြောင့်သိမ်လည်းဆိုတာ ထည့်မရေးတော့ဘူးရှည်နေမှာစိုးလို့ပါ)

အဲဒိလို အာဏာသိမ်းပြီး တိုင်းပြည်ရဲ့ စီးပွားရေး ကျန်းမာရေး

အစစအရာရာ စစ်တပ်ကသာ ဦးဆောင်ခဲ့ပါတယ် စစ်ဗိုလ်ချုပ်ကြီးများ

ကသာ အစစအရာရာ ဦးဆောင် ခြယ်လှယ်ခဲ့ပါတယ်

 အာရှမှာ ဒုတိယအချမ်းသာဆုံးဖြစ်တဲ့ မြန်မာနိုင်ငံဟာ စစ်တပ်က

အာသိမ်းပြီး  ၁၀ နှစ်အကြာ ၁၉၇၂ ခုနှစ်မှာ အာရှရဲ့ အဆင်းရဲဆုံး

နိုင်ငံစာရင်းထဲကျရောက်သွားခဲ့ပါတယ် နိုင်ငံတော်ရဲ့ စီးပွားရေး

လူမှူ့ရေး ကျန်းမာရေး လမ်းပန်းဆက်သွယ် စတာတွေကို စစ်တပ်ရဲ့

လွဲမှားတဲ့ စီးပွားရေးလမ်းစဉ်တွေကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးဟာ

စောက်ထိုးကျဆင်းလာဆယ် အာဏာရှင်ဗိုလ်ချုပ်နေဝင်းနဲ့ လူတစု

သာ  ချမ်းသာကြွယ်ဝလာပေမယ့် ပြည်သူလူဟာ

တနေ့စာဝမ်းရေးကို ဖြေရှင်းဖို့ အလုပ်ကိုင်တွေ ရှားပါလာတယ်

ပြည်သူလူထုကို အာဏာနဲ့ဖိအားပေးပြီး အုပ်ချုပ်ခဲ့တာ ၁၉၈၈အထိပေါ့

၁၉၈၈ မှာ ၈၈၈၈လေးအရေးတော်ပုံကြီးပေါ်ပေါက်လာပြီး

ဗိုလ်စောမောင်က တိုင်းပြည်အာဏာကို သ်မ်းခဲ့ပြန်တယ် ဗိုလ်စော

မောင်က ပြည်သူလူထုကို ကတိတွေပေးခဲ့ပါတယ်

 ရွေးကောက်ပွဲလုပ်ပေးမယ်  ပြီးတာနဲ့အနိုင်ရပါတီကို အာဏာလွှဲပေးပြီး

သူတို့စစ်ဗိုလ်တွေ စစ်တန်းလျားကိုပြန်မယ် ဆိုပြီး ကတိပေးတယ်

ဗိုလ်စောမောင်က ပေးတဲ့ကတိအတိုင်း တကယ်ဖြစ်အောင်လုပ်ပေး

ခဲ့ပါတယ်  ၁၉၉၀ မှာ ရွေးကောက်ပွဲလုပ်တယ် NLD ပါတီ ပြတ်သား

စွာအနိုင်ရတယ် ဒီအချိန်မှာ စစ်တပ်ရဲ့အကြီးဟာ ဗိုလ်စောမောင်

မဟုတ်တော့ပဲ ဗိုလ်သန်းရွှေဖြစ်နေပြီ ဗိုလ်စောမောင် ဘာကြောင့်

နေရာဖယ်လိုက်ရတယ်ဆိုတာ ဒီနေ့အထိ ဘယ်သူမှ အတိကျမသိဘူး

ရွေးကောက်ပွဲမှာ NLD အနိုင်ရတော့ အာဏာကို လွှဲမပေးပဲ

အနိုင်ရပါတီNLD ကလူတွေကို ဘာအပြစ်မှ မရှိပဲ ပုဒ်မတွေ

အမျိုးမျိုးတပ်ပြီး ထောင်ချခဲ့တယ် အဲဒိလိုနဲ့ပဲ ဗိုလ်သန်းရွှေဦးဆောင်

တဲ့  စစ်တပ်ကအာဏာရှင်လူတစုကပဲ တိုင်းပြည်၏ စီးပွားရေး ပညာရေး

ကျန်းမာရေး စတာတွေကို ကြိုးကိုင်ဖလှယ်ခဲ့တယ် ၈၈ ဒုတိယအကြိမ်

အာဏာသိမ်းပြီး ၇ နှစ်အကြာ ၁၉၉၅ ဝန်းကျင်မှာ မြန်မာနိုင်ငံဟာ

ကမ္ဘ့ာ့အဆင်းရဲဆုံး နိုင်ငံစာရင်းထဲကျရောက်သွားတယ် စစ်ဗိုလ်ချုပ်ကြီး

တွေနဲ့ ခရိုနီတွေ ချမ်းသာလာတာကလွဲရင် ပြည်သူလူထုကတော့

 ဆင်းရဲးတွင်းနက်သထက်နက်လာတယ်  ပြည်သူပိုင် လယ်တွေ

ယာတွေ အတင်းအဓ္ဓမသိမ်းယူတယ်   တတ်သိပညာရှင်တွေကို

ဖိနှိပ်တယ် ဖမ်းဆီးထောင်ချတယ် အဖမ်းမခံနိုင်သူတွေကတော့

ပြည်ပမှာခိုလုံခွင့်တောင်းပြီး သူတို့ရဲ့ပညာတွေကို အမိနိုင်ငံတော်

အတွက်အသုံးချခွင့်မရတော့ မြန်မာနိုင်ငံဟာ လူသားအရင်း

မြစ်တွေဆုံးရှုံးလာတယ် ဦးနှောက်ယိုစီးမှူ့တွေဖြစ်လာတယ်ပေါ့ဗျာ

ဒီလိုနဲ့ ကျွန်တော်တို့ပြည်သူလူထုဟာ  အဖိနှိပ်ခံဘဝနဲ့

စစ်တပ်ရဲ့အုပ်ချုပ်မှူ့ကို ၂၀၁၀ အထိ ခါးသီးစွာ ရင်းစီးခံလာခဲ့ကြရတယ်

ယခုကျွန်တော်ပြောတဲ့ထဲမှာ လုပ်ကြံပြီး ရေးသားပြောဆိုထားတာ

တခုမှမပါဘူး ဒါတွေဟာ ဘယ်လိုမှငြင်းဆန်လို့ မရနိုင်တဲ့

သမိုင်းသက်သေတွေပါပဲ

#ပုံထဲက နှမလေးပြောသလို ဟုတ်နိုင်ပါ့မလား

ငါ့နှမလေးရေ အာရှမှာ ဒုတိယအချမ်းသာဆုံး နိုင်ငံကနေ
စစ်တပ်ကအာဏာသ်မ်းပြီး အာရှအဆင်းရဲဆုံး
နိုင်ငံစာရင်းဝင်သွားတာ တပ်မတော်က နိုင်ငံအတွက် ပေးဆပ်တဲ့
အမြတ်တွေလား

  ပြည်သူလူထုက မွဲပြာကျပြီး လူတစုသာ ချမ်းသာကြွယ်နေကြတာဟာ
တပ်မတော်က နိုင်ငံအပေါ် ပေးဆပ်တဲ့အကျိုးမြတ်တွေလား

ပြည်သူလူထုကို ဘောင်ကျဉ်းကျဉ်းလေးနဲ့ထားပြီး တိုင်းပြည်တွင်းက
ဘိုးဘွားအမွေနှစ်တွေ ပြောင်သလင်းခါအောင် ရောင်းစားခဲ့ကြတာ
တပ်မတော်က နိုင်ငံတော်ကို ပေးဆပ်တဲ့ အကျိုးမြတ်တွေလား

                                       လို့
                  ငါ့နှမလေးနဲ့အပေါင်းပါတွေကို မေးပါစေကွာ

                Aung Aung- NO SCHOOL

ZN.H

https://m.facebook.com/story.php?story_fbid=338522333259941&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်မာ့နိုင်ငံရေးနှင့်တပ်မတော်”

Post a Comment

Related Posts Plugin for WordPress, Blogger...