Friday, September 22, 2017

တောင်တွင်းကြီးဆူပူမှု နောက်ကွယ်တွင်ကြိုးကိုင်သူမရှိဟု တိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးပြော

,
နေအောင်

တောင်တွင်းကြီးမြို့တွင်ဖြစ်ပွါးခဲ့သည့်ဆူပူမှုတွင် နောက်ကွယ်၌ကြိုးကိုင်သူမရှိဟုမကွေးတိုင်းဒေသကြီး
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှုးကြီးမင်းဦးက စက်တင်ဘာ ၂၁ ရက်နေ့ ပြောသည်။

 ယခုလ ၂၁ ရက်နေ့တွင်ကျင်းပခဲ့သည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပထမတစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲတွင်မြန်မာတိုင်းမ် ဂျာနယ်၏မေးမြန်းမှုအားပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 “ကျွန်တော်တို့အာရုံကဟိုဘက်မှာရှိနေတယ်၊ဒါပေမယ့် ဒီဘက်ကစဖြစ်တယ်ဆိုတော့ သာမာန်ကြည့် ရင်တော့ မရိုးစင်းဘူးလို့ထင်ရတယ်ပေါ့၊နောက်ကွယ်ကဘယ်
သူတွေပါလဲ၊ဘာဖြစ်တာလဲ၊လူအုပ်လားအဖွဲ့ အစည်းလားကျွန်တော်တို့အဲဒါကို စစ်ပါတယ်မေးပါ တယ်၊သာမန်ပဲဖြစ်ပါတယ်၊နောက်ကွယ် ကကြိုးကိုင်စေခိုင်းတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းမရှိပါဘူး”ဟု ဗိုလ်မှုးကြီးမင်းဦးကပြောသည်။
 အဆိုပါလူငယ်များအနေဖြင့် ကောလဟာလသတင်းများထွက်ပေါ်နေမှုနှင့် အရက်သေစာသောက်စားထားမှုတို့ကြောင့် ယခုကဲ့သို့ကြူးလွန်ခဲ့ကြခြင်းဖြစ်သည်ဟု ၄င်းမှမှတ်ချက်ပြုသည်။

 “စစ်ဆေးပေါ်ပေါက်ချက်တွေအရသူတို့ကမူးလို့အများရှေ့က
သွားလို့နောက်ကလိုက်တယ်၊ တစ်ယောက်ကလိုက်ပြီးစည်းရုံး တယ်၊စည်းရုံး တာကသူကနဂိုကအမုန်းဓာတ်ခံနဲ့တကယ်
ကိုမကြေနပ်လို့ပစ်မယ်ခတ်မယ်ဖျက်စီးမယ်ဆိုပြီး
လိုက်ပြီးတော့စည်းရုံးတယ်၊မိထားတဲ့သူတွေကိုစစ်ဆေးတဲ့အခါမှာ ရခိုင်ပြည်မှာဖြစ်ပွါးနေတဲ့ ဘင်္ဂလီကိစ္စတွေနဲ့ပါတ်သတ်လို့ဒေသတွင်း မှာပေါ်နေတဲ့၊လူမှုကွန်ရက်မှာပေါ်နေတဲ့ အစ္စလမ်ဘာသာဝင်တွေ ကမြန်မာလူမျိုးတွေ ကိုအကြမ်းဘက်ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေပေါ်နေတဲ့ အချိန်မှာ၊နဂိုကလည်းအမုန်းတရားဓါတ်ခံ ရှိနေတဲ့အချိန်မှာအရက်သေစာသောက်စားနေတဲ့ လူငယ်တစ်စုကရုတ်တရက်မူစလင်လူမျိုးတွေပိုင် တဲ့ဈေးဆိုင်ကိုဖျက်စီးခဲ့တယ်ဆိုတာကို
စစ်ဆေးချက်တွေမှာပေါ်ပေါက်ခဲ့တယ်”ဟုလုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှုးကြီးမင်းဦးမှပြောသည်။

တောင်တွင်းကြီးဖြစ်စဉ်ကဲ့သို့သောအခြေအနေများထပ်မံမဖြစ်ပေါ်ရေးအတွက် ဖြစ်နိုင်ခြေရှိသည့်နေရာများအားစောင့်ကြည့်ခြင်း၊ထိုကဲ့သို့ဖြစ်စဉ်များဖြစ်ပွါးခဲ့လျှင် အခြားနေရာများသို့ကူးစက်မှုမရှိစေရေးတို့အား ကြိုတင်စီမံချက်များချမှတ်၍ဆောင်ရွက်နသည်ဟု ၀န်ကြီးဗိုလ်မှုးကြီးမင်းဦးမှဆိုသည်။

 ယခုလ ၁၀ရက်နေ့ညတွင်ဖြစ်ပွါးခဲ့သည့်
တောင်တွင်းကြီးမြို့ဆူပူမှုဖြစ်ပွါးခဲ့ပြီးအစ္စလမ်ဘာသာဝင်များ၏
 နေအိမ်၊ဈေးဆိုင်ခန်းများအားမျက်နှာဖုံးစွတ်ထားသည့်လူတစ်စုမှ ခဲများဖြင့်ပစ်ပေါက်ခြင်းဖျက်စီးခြင်းများပြုလုပ် ခဲ့ခြင်းကြောင့် ကာလတန်ဖို့ ကျပ်သိန်း(၁၈၀)တန်ဖိုးပျက်စီးခဲ့ရသည်။ အဆိုပါဖြစ်စဉ်တွင်     ပါဝင်ခဲ့သူဟု ယူဆရသူခုနှစ်ဦး အားတောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားပြီးပုဒ်မ(၅)ခုဖြင့်အမှုဖွင့်ထားမကြာမီရက်ပိုင်းအတွင်းတရားစွဲဆိုသွားမည်ဖြစ်ကြောင်းတောင်တွင်းကြီးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်မှ ယခုလ ၂၀ ရက်နေ့တွင် ပြောသည်။


မျိုးချစ်စိတ်ပြင်းသွားလို့ပါ။ အကြမ်းဖက်တာမဟုတ်ပါဘူး။ ခွင့်လွှတ်လိုက်ပါ။


Credit. The Myanmar Times

https://m.facebook.com/story.php?story_fbid=1445554468867910&id=100002401118653

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တောင်တွင်းကြီးဆူပူမှု နောက်ကွယ်တွင်ကြိုးကိုင်သူမရှိဟု တိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...