Sunday, September 24, 2017

ဟိႏၵဴဘာသာေရးေခါင္းေဆာင္ ဂုရုႀကီး တစ္ဦးကုိ အဓမၼက်ဴးလြန္မႈျဖင့္ အိႏိၵယရဲဖမ္းဆီး

,
နယူးေဒလီ ၊ စက္တင္ဘာ ၂၄ ရက္(ဆင္ဟြာ)
အိႏိၵယႏုိင္ငံရဲတပ္ဖြဲ ့က စက္တင္ဘာလ ၂၃ ရက္တြင္ ဟိႏၵဴဘာသာေရးေခါင္းေဆာင္ ဂုရုႀကီး တစ္ဦးကုိ ၄င္းအား ကုိးကြယ္ယံုၾကည္သူ အသက္ ၂၁ ႏွစ္အရြယ္ရွိ အမ်ိဳးသမီးတစ္ဦးအား အဓမၼက်ဴးလြန္မႈျဖင့္ နယူးေဒလီၿမိဳ ့အနီးရွိ ဘုရားေက်ာင္းဝင္းတစ္ခုအတြင္းမွ ဖမ္းဆီးလုိက္ေၾကာင္းသိရသည္။
“အသက္ ၇ဝ ႏွစ္အရြယ္ရွိ ဂုရုႀကီး Kaushlendra Prapanacharya Phalahari Maharaj ကုိ အိႏိၵယႏုိင္ငံ အေနာက္ပုိင္း Rajasthan ျပည္နယ္ Alwar ၿမိဳ ့ရွိ ပုဂၢလိက ေဆးရံုတစ္ခုမွာ လုိအပ္တဲ့ ေဆးစစ္ခ်က္ေတြ ျပဳလုပ္ၿပီးေနာက္ ထိန္းသိမ္းလုိက္ပါတယ္” ဟု  Alwar ၿမိဳ ့ရဲတပ္ဖြဲ ့အႀကီးအကဲ Paras Jain က သတင္းဌာနမ်ားသုိ ့ေျပာၾကားခဲ့သည္။

သစ္သီးဆြမ္းသာ ဘုန္းေပးၿပီး ဖလာဟာရီဘာဘာ( Falahari Baba) ဟု နာမည္ေက်ာ္ၾကားေနေသာ ဂုရုႀကီးသည္ ၄င္းအား ရဲတပ္ဖြဲ ့က မုဒိန္းမႈျဖင့္ ဖမ္းဆီးလုိက္ၿပီးေနာက္တြင္  ေသြးတုိးေရာဂါအေၾကာင္းျပခ်က္ျဖင့္ ေဆးရံုတက္ေရာက္ ေဆးကုသမႈခံယူရန္ ေစာဒကတက္ခဲ့သည္။ ဂုရုႀကီးကုိ ကုိးကြယ္ဆည္းကပ္ေနသည့္ အမ်ိဳးသမီးတစ္ဦးသည္ အိႏိၵယႏုိင္ငံအေရွ ့ပုိင္း Chhattisgarh ၿမိဳ ့ရွိ ၄င္း၏ ေနအိမ္၌ အဓမၼျပဳက်င့္ခံရေၾကာင္း ရဲတပ္ဖြဲ ့ထံ တုိင္ခ်က္ဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ Alwar ၿမိဳ ့က အစုိးရေဆးရံုတစ္ရံုမွာ ဂုရုႀကီးကုိ လုိအပ္တဲ့ေဆးစစ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ သူရဲ့ ေသြးခုန္ႏႈန္းက ပံုမွန္ပါပဲ။ သူ ့ကုိ မုဒိန္းမႈနဲ ့တရားစြဲဆုိသြားမွာပါ။ အခုေတာ့ သူ ့ကုိ အခ်ဳပ္ခန္းထဲမွာ ဖမ္းဆီးထိန္းသိမ္းထားပါတယ္” ဟု ရဲအရာရွိက ဆုိသည္။

အိႏိၵယႏုိင္ငံ၌ မၾကာေသးမီက အမ်ိဳးသမီး ၂ ဦးအား အဓမၼျပဳက်င့္ၿပီး လူသတ္မႈက်ဴးလြန္ခဲ့သည့္ စြပ္စြဲခ်က္ျဖင့္ဂုရုႀကီး Gurmeet Ram Rahim Singh အား ေထာင္ဒဏ္ ႏွစ္ ၂ဝ ခ်မွတ္လုိက္ၿပီးေနာက္ ယခုတစ္ဖန္ ေနာက္ထပ္ ဂုရုတစ္ဦးအား အဓမၼမႈျဖင့္ ဖမ္းဆီးထိန္းသိမ္းလုိက္ျခင္းျဖစ္သည္။(Xinhua)
-----------------------------------------------
(Unicode Version)
ဟိန္ဒူဘာသာရေးခေါင်းဆောင် ဂုရုကြီး တစ်ဦးကို အဓမ္မကျူးလွန်မှုဖြင့် အိန္ဒိယရဲဖမ်းဆီး

နယူးဒေလီ ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံရဲတပ်ဖွဲ ့က စက်တင်ဘာလ ၂၃ ရက်တွင် ဟိန္ဒူဘာသာရေးခေါင်းဆောင် ဂုရုကြီး တစ်ဦးကို ၄င်းအား ကိုးကွယ်ယုံကြည်သူ အသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးအား အဓမ္မကျူးလွန်မှုဖြင့် နယူးဒေလီမြို ့အနီးရှိ ဘုရားကျောင်းဝင်းတစ်ခုအတွင်းမှ ဖမ်းဆီးလိုက်ကြောင်းသိရသည်။
“အသက် ၇ဝ နှစ်အရွယ်ရှိ ဂုရုကြီး Kaushlendra Prapanacharya Phalahari Maharaj ကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ် Alwar မြို ့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ လိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ပြီးနောက် ထိန်းသိမ်းလိုက်ပါတယ်” ဟု  Alwar မြို ့ရဲတပ်ဖွဲ ့အကြီးအကဲ Paras Jain က သတင်းဌာနများသို ့ပြောကြားခဲ့သည်။

သစ်သီးဆွမ်းသာ ဘုန်းပေးပြီး ဖလာဟာရီဘာဘာ( Falahari Baba) ဟု နာမည်ကျော်ကြားနေသော ဂုရုကြီးသည် ၄င်းအား ရဲတပ်ဖွဲ ့က မုဒိန်းမှုဖြင့် ဖမ်းဆီးလိုက်ပြီးနောက်တွင်  သွေးတိုးရောဂါအကြောင်းပြချက်ဖြင့် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူရန် စောဒကတက်ခဲ့သည်။ ဂုရုကြီးကို ကိုးကွယ်ဆည်းကပ်နေသည့် အမျိုးသမီးတစ်ဦးသည် အိန္ဒိယနိုင်ငံအရှေ ့ပိုင်း Chhattisgarh မြို ့ရှိ ၄င်း၏ နေအိမ်၌ အဓမ္မပြုကျင့်ခံရကြောင်း ရဲတပ်ဖွဲ ့ထံ တိုင်ချက်ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ Alwar မြို ့က အစိုးရဆေးရုံတစ်ရုံမှာ ဂုရုကြီးကို လိုအပ်တဲ့ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူရဲ့ သွေးခုန်နှုန်းက ပုံမှန်ပါပဲ။ သူ ့ကို မုဒိန်းမှုနဲ ့တရားစွဲဆိုသွားမှာပါ။ အခုတော့ သူ ့ကို အချုပ်ခန်းထဲမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်” ဟု ရဲအရာရှိက ဆိုသည်။

အိန္ဒိယနိုင်ငံ၌ မကြာသေးမီက အမျိုးသမီး ၂ ဦးအား အဓမ္မပြုကျင့်ပြီး လူသတ်မှုကျူးလွန်ခဲ့သည့် စွပ်စွဲချက်ဖြင့်ဂုရုကြီး Gurmeet Ram Rahim Singh အား ထောင်ဒဏ် နှစ် ၂ဝ ချမှတ်လိုက်ပြီးနောက် ယခုတစ်ဖန် နောက်ထပ် ဂုရုတစ်ဦးအား အဓမ္မမှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။(Xinhua)

https://m.facebook.com/story.php?story_fbid=873199652849016&id=422671591235160

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ ဟိႏၵဴဘာသာေရးေခါင္းေဆာင္ ဂုရုႀကီး တစ္ဦးကုိ အဓမၼက်ဴးလြန္မႈျဖင့္ အိႏိၵယရဲဖမ္းဆီး ”

Post a Comment

Related Posts Plugin for WordPress, Blogger...