Sunday, September 24, 2017

တရားရုံးပေါ်က ဦးကိုနီသတင်း နှင့် ပြည်ထဲရေးဝန်ကြီး၏ လူငယ်လေး များ အကြောင်း

,
သတင်းပေးပို့သူ ( ဂိုလ်ရှယ်လေးသတင်းအဖွဲ့ဝင် ရဲမှူးကြီးတစ်ဦး)

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခဲ့မှုနှင့် နောက်ဆက်တွဲ ကိုနေ၀င်း တက္ကစီ မောင်းသူကိုပါ ထမ်မံ ပစ်ခတ် သတ်ဖြတ်ခဲ့သည့် အမှုတွင် အနီးကပ် အနောက်မှ လုပ်ကြံ ပစ်ခတ်ခဲ့သူ သေနတ်သမား အကြမ်းဖက် ကြည်လင်း  စောင့်ကြည့်စေခိုင်းသူ အောင်ဝင်းဇော် တို့သည် ရန်ကုန် လေဆိပ်သို့ ကားတစ်စီးတည်းဖြင့် လာခဲ့ကြောင်း ကားနောက်ခန်းတွင် ကြည်လင်း မသိသော လူတစ်ဦးပင် ထပ်မံ ပါလာကြောင်း ကြည်လင်းအား ဗန္ဓူးလ ပန်းခြံ မြို့တော်ခန်းမ ရှေ့မှ ညနေ ၂ နာရီကျော်ခန့်တွင်လာရောက် ခေါ်ယူခဲ့ကြောင်း သို့ကြောင့် ကားပေါ်တွင် လူသုံးဦး ကြည်လင်းအပါဝင် နှင့် အောင်ဝင်းဇော်အပြင် အခြားအမည်မသိ လူတစ်ဦးထပ်မံ ပြောက်ဆုံးနေခြင်းဖြစ်ကြောင်း တရားရုံးတွင် စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

အဆိုပါ မော်တော်ယာဉ်သည် ကျနော် တင်ပြခဲ့သည့် အတိုင်း အောင်ဝင်းဇော်ပိုင်ဆိုင်သော မော်တော်ယာဉ် အမှန်တကယ် ဖြစ်နေပြီး  လက်ရှိ အမှုတွင် အောင်ဝင်းဇော် လွတ်မြောက်ရန် ကြိုးပမ်းနေကြခြင်းမှာ အမှု ကွင်းဆက်အရ တိုက်ရိုက် ပူးပေါင်း ပတ်သက်ခြင်းကြောင့် ပြစ်မှု ၁၀၀% မြောက်ကြောင်း အောင်ဝင်းဇော် ပါဝင်ပတ်သက်မှု၇ှိခြင်းမှာ ငြင်းမရနိုင်သော အချက်လက် ဖြစ်နေကြောင်း တရားရုံးတွင် တိကျစွာ စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဒုရဲအုပ်ကျော်ဝင်း လေဆိပ်မှ မှတ်တမ်း စစ် အရာ၇ှိ မှ သူတို့နှစ်ယောက်ကိုတော့ တကယ် ကျနော် တွေ့ရှိရတဲ့ စစ်ဆေးမှု ဖြစ်ကြောင်းနှင့် ဓါတ်ပုံရိုက်ယူခဲ့သူမှာလည်း အောင်ဝင်းဇော်ဖြစ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ပြီး ကားအတွင်းထဲတွင် ရှိနေသောသူမှာ အပြင်မထွက်ခဲ့ခြင်းကြောင့် အတိကျ ပြောဆို ခဲ့ပြီး သံသယ အဖြစ် စွပ်စွဲခဲ့သူများအဆိုအရ လက်ရှိ အကူညီ ထောက်ပံ့ပေးခဲ့သူ အမှုတွဲမှာ အောင်ဝင်းဇော်၏ အကို အောင်ဝင်းထွန်း၏ သားအကြီးဆုံးဖြစ်သူ ယခု သြစတေးလျှနိုင်ငံသို့ ထွက်ပြေးခိုလှုံရန် အားထုတ်နေသော ဒေါက်တာ ကောင်းစံ ဖြစ်နိုင်ကြောင်း ဆိုနေကြသည်။

ဒေါက်တာကောင်းစံသည် လက်၇ှိ ဦးသန်းရွှေ၏ သမီး သန္တာရွှေတို့ တောက်တိုမယ်ရ ခိုင်းသမျှ လုပ်နေလျက်ရှိပြီး ပြည်ပ နိုင်ငံသို့ ထွက်ခွာရန် စီစဉ်နေသူလည်း သိရသည်။

ဘာလမ်းတွင် ၄င်းတို့ နေထိုင်ခဲ့သော သတင်းအရ အောင်ဝင်းထွန်းသည် ဘားလမ်းမှ မတရားသဖြင့် ဒေါ်ကြိုကြိုင်တို့ သိမ်းယူထားခဲ့သော တိုက်ခန်းပေါင်း ၁၅ ခန်းကို ကြားပွဲစားလုပ်ပေး၍ ရောင်းချပေးခဲ့ရသူလည်း ဖြစ်ကြောင်း သိရပြီး အဆိုပါ တိုက်ခန်းဝယ်ယူမိခဲ့သူများမှာ နှစ်ခါ ငွေ နှစ်ဆ ပေးချေခဲ့ကြရပြီး အာဏာဖြင့် ခြိမ်းချောက် ရောင်း ချခဲ့ကြောင်းလည်း သိရသည်။

သတင်းမှန်တယ်

 ဂိုလ်ရှယ်လေး

https://m.facebook.com/story.php?story_fbid=499492940443536&id=100011485040279

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ တရားရုံးပေါ်က ဦးကိုနီသတင်း နှင့် ပြည်ထဲရေးဝန်ကြီး၏ လူငယ်လေး များ အကြောင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...