Saturday, September 23, 2017

ဘာတွေ ကြံနေပြန်ပြီလဲ ပြည်ထဲရေး

,
ဦးကိုနီ အားလုပ်ကြံသတ်ဖြတ်ခဲ့ကြတဲ့ အကြမ်းဖက် လူသတ်တရားခံ ကြည်လင်းတို့ အုပ်စုကိုမနေ့က ရုံးချိန်းမှာ ရုံးထုတ်လာတဲ့ပုံစံ ပြောင်းလဲလာတာသတိထားမိသူတွေ မြင်တွေ့ကြမှာပါတရားရုံးမှာ အတွင်းလူတွေဆီက ကြားရတဲ့ သတင်းတွေအရ ကြည်လင်းတို့အုပ်စု မကြာခင်မှာ တရားရုံးမှနေတဆင့် ကယ်ထုတ်ပြေးဖို့ စီစဉ်နေပါတယ်ပြသနာကိုမီးအသစ်​​မွှေးဖို့ တရားလွှတ်​​တော်​​ရှေ့​နေ​ရောဘတ်​စန်း​အောင်​ကို​မြောက်​ပိုင်းခရိုင်​ တရားရုံးမှာ ဒါးနဲ့ဝိုင်းထိုးပြီး ရုတ်​ရုတ်​သဲသဲဖြစ်​​နေချိန်​မှာ စစ်​ထွက်​​ယောက်ျားအရင့်​အမာ​တွေဖြစ်​တဲ့ ​လေဆိပ်​အကြမ်းဖက်​မှုမှာ လက်​ရဖမ်းခံထားပြီးတရားရင်​ဆိုင်​​နေကြတဲ့ ကြည်​လင်း၊​အောင်​၀င်း​ဇော်​၊​အောင်​၀င်းထွန်း၊​ဇေယျာဖြိုး တို့ကထွက်​​ပြေးကြဖို့ လွန်​ခဲ့တဲ့၂ပတ်​​လောက်​ကတည်းကသတင်းထွက်​​နေတာ ဒီ​နေ့ရုံးချိန်းမှာစတင်​ပြီးသဲလွန်​စ​တွေထွက်​​ပေါ်လာခဲ့ပါပြီ၊၊
တရားခံတ​ယောက်​ထွက်​​ပြေးရင်​ပိုင်​ဆိုင်​မှု​တွေသိမ်းခံရနိုင်တာမို့ ကြိုတင်​ပြင်​ဆင်​တဲ့အ​နေနဲ့ တရားခံကြည်​လင်းရဲ့​ရှေ့​နေ တရားလွှတ်​​တော်​​ရှေ့​နေ​ ကျော်​​ကျော်​ထိုက်​ က General Power နဲ့ Special Power ​တွေ စုစု​ပေါင်း ၃ ​စောင်​ ကိုအမှုစစ်​​နေတုန်းအမျိုးသမီးလူငယ်​​ရှေ့​နေတဦးကို 
ဇေယျာဖြိုးရဲ့မိန်းမ က ​နောက်​က​နေ ရဲတ​ယောက်​အကူအညီ နဲ့လှမ်း​ပေးလိုက်​ကာ ​ဇေယျာဖြိုး ကိုလက်​မှတ်​ထိုးခိုင်းသလို ကြည်​လင်းကိုလည်း လက်​မှတ်​ထိုးခိုင်းပါတယ်​၊အဲဒါ ကို တရားခွင်​ထဲဝင်​ထိုင်​​နေတဲ့ တရားလွှတ်​​တော်​​ရှေ့​နေ​ဦးရောဘတ်​စန်း​အောင်​ကတရားရုံး ကိုမှတ်​တမ်းတင်​​ပေးပါ၊ အချုပ်​တရားခံဆိုတာ ရဲ​ရှေ့မှာ လက်​မှတ်​ထိုးရတာ၊ ​ထောင်​မှာဆို​ထောင်​တာဝန်​ခံ​ရှေ့​နေမှာလက်​မှတ်​ထိုးရပြီး သူတို့က ကျွန်ုပ်​ရဲ့​ရှေ့တွင်​လက်​မှတ်​​ရေးထိုးသည်​မှာမှန်​ကန်​​ကြောင်း ရာထူးတာဝန်​နဲ့တံဆိပ်​ရိုက်​ရ​ကြောင်းမဟုတ်​ရင်​ Notry Public တံဆိပ်​တုန်းနဲ့ back date လုပ်​သွားနိုင်​​ကြောင်း​ပြောတာကို ကြည်​လင်းရဲ့​ရှေ့​နေ ​ကျော်​​ကျော်​ထိုက်​ကသူခိုင်းတာ ကုမ္ပဏီအမည်​​ပြောင်းဖို့ပါ ပြီးမှရဲကိုလက်​မှတ်​ထိုးခိုင်းမှာပါလို့​ပြောလိုက်​တာက တရားမ၀င်​လက်​မှတ်​ထိုးခိုင်းတာ​ပေါ်သွား​ပေမဲ့တရားရုံးက မှတ်​တမ်းတင်​​ပေးဖို့​ပြောတာ လက်​မခံပဲ ငြင်းပယ်ခဲ့တာ တွေ့ခဲ့ရပါတယ်။
တရားသူကြီး ပေးတဲ့ဆင်ခြေကတော့ ခုသူတို့ကို လက်မှတ်ထိုးခိုင်းတဲ့ စာချုပ်တွေက တရားရုံးတင်​မဲ့စာရွက်​မှမဟုတ်​တာ ကုမ္ပဏီအမည်​​ပြောင်းကိစ္စ လို့​ပြော​နေတာဘဲလို့ ဆိုပြီး ကန့်ကွက်မှုကို လျစ်​လျူ ပြုခဲ့ပါတယ်​။ ထားပါတော့ ပိုင်ဆိုင်မှုတွေကို အမည်ပြောင်းဖို့ စတင်လုပ်ဆောင်ျနကြတဲ့ ရည်ရွယ်ချက်လည်း ပေါ်ပေါက်လာတာ ငြင်းမရတော့ပါဘူး။
တပတ်ထက်တပတ် တရားရုံးဟာ လုံခြုံ မှုအားနည်းလာတာကို ရန်​ကုန်​တိုင်း​ဒေသကြီးတရားလွှတ်​​တော်​ တရားသူကြီးချုပ်​ ဦးဝင်း​ဆွေ က အရင်​တပတ်​က​ပြောခဲ့ပေမဲ့ အရာမထင်ခဲ့ပဲ မနေ့ကတရားရုံးထုတ်မှာ တရားရုံးမှာ ရဲအင်​အား ၁၀ ​ယောက်​သာရှိပြီး ဖုန်းပွတ်​သူကပွတ်​ ငိုက်​သူကငိုက်​နဲ့ လုပ်​ကြံထွက်​​ပြေးဖို့အခွင့်​အလမ်း​ပေးသလို ဖြစ်​​နေကြတယ်​။ တရားရုံးမှာလည်း တရားခံဘက်ကလာရောက်အစစ်ခံသူတွေနဲ့ အတူပါလာတဲ့ အင်အားက တနေ့တခြား ပိုတိုးလာပါတယ်။
၊​သေချာတာက​တော့ ပိုင်ဆိုင်မှုတွေ ကုမ္ပဏီတွေအမည်​​ပြောင်းပြီးတာနဲ့ ဒီ၁ လ ၂လ အတွင်းတရားလွှတ်​​တော်​​ရှေ့​နေ​ရောဘတ်​စန်း​အောင်​ ကို ဒါးနဲ့ဝိုင်းထိုးလုပ်​ကြံပြီး ရုတ်ရုတ်သဲသဲ ဖြစ်​​နေချိန်​ ရဲ​တွေနဖူးထုံးသုံးချက်​တားပြီး ထွက်​​ပြေးကြ​တော့မယ် ဆိုတဲ့သတင်း ပိုမိုသတိထားစောင့်ကြည့်ဖို့ လိုပါပြီ ​။ဒီပုံအတိုင်းသာ ပြည်ထဲရေးက မသိကျိုးကျွံပြုပြီး ဆက်လွှတ်ထားပေးနေဦးမယ် ဆိုရင်တော့ မကြာခင်မှာ နိုင်​ငံသိက္ခာ ထပ်​ကျရ​တော့မဲ့ကိန်း ဆိုက်​​နေပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။
ZN.H


https://m.facebook.com/story.php?story_fbid=1533499723362386&id=100001071193859

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဘာတွေ ကြံနေပြန်ပြီလဲ ပြည်ထဲရေး”

Post a Comment

Related Posts Plugin for WordPress, Blogger...