Saturday, September 23, 2017

ဦးလှဆွေအား အသရေဖျက်မှု့

,
၂၀၁၇ စက်တင်ဘာ ၁ ရက် နေ့ထုတ် အတွဲ ( ၃ ) အမှတ် (၂၉ )  သံမဏိနှင်းဆီ ဂျာနယ်  ဆောင်းပါးရှင်
"  ခင်နှင်းဦး "
က ဦးလှဆွေ ဟာ မူဆလင်ဘာသာဝင်တစ်ယောက်ဖြစ်တယ်ဆိုပြီး  ရေးသားဖေါ်ပြထားပါတယ် ၊
ဒါဟာ မိမိကဲ့သို့မျိုးရိုးစဉ်လာဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ခဲ့တာရယ် ၊ မိမိဖခင် ဗိုလ်ကြီး( အငြိမ်းစား)မှ မိုးကုတ်တရားရိပ်သာ တရားပြ ဆရာတော် ဘဒ္ဒန္တ ပညာသီဟ ( ပျံလွန် ) တို့ကို စော်ကားရာရောက်ပြီး ဂန့်ဂေါမြို့နယ် မင်းရွာကျေးရွာ မှ မြစ်သာမြစ်အတွင်း ရေတိုက်စား ပြိုကျ သွားသော ရွှေသီတာဘုရားအား ဦးဆောင်ကမကထပြု ပြန်လည် တည်ထားခဲ့သူ တစ်ဦးတည်းထီးတော်နှင့်စိန်ဖူးအလှုရှင် ဘုရားဒကာ တစ်ယောက်ဖြစ်တဲ့ မိမိ အားလည်း ဒေသခံပြည်သူများထင်ယောင်ထင်မှားဖြစ်စေ တဲ့ ဖေါ်ပြချက်ဖြစ်နေပါတယ် ၊
နိုင်ငံရေးအရထိုးနှက်ချက်တွေကိုပြောပါ ၊ အမြင်မတူတာတွေရှိတာဘဲ ၊ ငြင်းစရာရှိငြင်းပေါ့ ၊ ကျနော်လည်းငြင်းမှာဘဲ ၊ ဥပမာ သီတာထွေး မုဒိမ်းကျင့်အသတ်ခံရတုံးက ဦးသိန်းစိန် အစိုးရက အလျင်အမြန်ဆုံး  အတည်ငြိမ်ဆုံး ကိုင်တွယ်နိုင်ခဲ့လို့ အစွန်းရောက်အချို့  အဖွကောင်းလို့ မိတ္ထီလာ ဘာညာ နယ်အချို့အထိပျံ့နှံ့ခဲ့သော်လည်း  အခုလောက်ထိ မဆိုးရွားခဲ့ပါဘူး ၊ အဲ့ဒီအချိန်တုံးက လွှတ်တော်ထဲမှာရှိနေတဲ့  ရခိုင်ပါတီမှ ဒေါက်တာအေးမောင်က  ပထမ တော့ ရခိုင်ပြည်နယ်ကတပ်တွေဟာ များလွန်းတယ် လျော့ချပေးပါဆိုပြီး ဆွေးနွေးတော့ ကျနော်ကန့်ကွက်ခဲ့အပြင်  ခမောက် ပါတီမှ ဒေါက်တာ မြတ်ဥာဏစိုး က အဲဒီလိုဆူပူအုံကြွမှု့တွေဖြစ်နေဆဲကာလမှာ လူတွေအကုန် စစ်ဆေး ဘို့ တိုက်တွန်းလို့ မီးလောင်ရာ ဓါတ်ဆီလောင်းတဲ့အဆိုဖြစ်တာကြောင့် ဒီကိစ္စဟာ ရေရှည်တဆင့်ခြင်းအချိန်ယူဆောင်ရွက်ရမှာဖြစ်လို့ လတ်တလောမလုပ်သင့်သေးကြောင်း ၊ နယ်မြေအေးချမ်းသည် နှင့် တပ်မတော်အကူညီရယူကာဆောင်ရွက်သင့်လို့ ခုအချိန်လုပ်ရန်ဆိုတဲ့ ကိုယ်စားလှယ်တော်ကြီး မြတ်ဥာဏစိုးရဲ့ ဓါတ်ဆီလောင်းရေးအဆိုကို ကန့်ကွက်ကြောင်းထပြောခဲ့ပါတယ် ၊ ဒါပေမဲ့ လှေစီးခိုးဝင်ဘင်္ဂလီများကိစ္စမှာ ကျနော်ကိုယ်တိုင်အဆိုတင်ပြီး ဒီအဆိုမှာ ခိုးဝင်လာသူများကို
 ( ၁ )  အမေရိကန် အိန္ဒိယစတဲ့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးများနည်းတူ နယ်စပ်ခြံစည်းရိုးတစ်လျှောက် ပါစင်နယ်လူသတ်မိုင်းထောင်ခြင်း လုံခြုံရေးတပ်ဖွဲ့များအား ပစ်မိန့်ပေးထားခြင်း တို့ဆောင်ရွက်ရန် ၊
( ၂ ) တွေ့ရှိသောပင်လယ်ပြင်မှာပင် ဖမ်းဆီး၍စားရေရိက္ခါ ထောက်ပံ့ပေးပြီး နိုင်ငံတကာ ရေပိုင်နက်သို့ပြန်လွှတ်ရန် ၊
( ၃ ) ကုန်းမြေပေါ်သို့ရောက်ရှိပြီးဖြစ်သော ခိုးဝင်သူများကို ခြံခတ်၍ရိက္ခါပေးထားပြီး လာခဲ့သော မူလ ဘင်္ဂလားဒက် နှင့် လက္ခံမည့်တတိယနိုင်ငံသို့စေလွှတ်ရန် ၊ ဒိတ်ဒိတ်ကြဲ အဆိုတင်ခဲ့တာ ကျနော့်ရဲ့သမိုင်းပါ ၊ ဒါကိုတော့ဖျောက်ထားကြတယ် ၊
အခုလို မူဆလင်ဖြစ်တယ်လို့ပြောဆိုတာ ပုဂ္ဂိုလ်ရေးမတော်မတရားထိုးနှက်ချက်ဖြစ်နေတယ်
ရပါတယ် လေ  သံမဏိနှင်းဆီက အယ်ချုပ်နဲ့ ဆောင်းပါးရှင် ခင်နှင်းဦး ရေ  မိမိတို့ ဆောင်းပါးဖေါ်ပြချက်လေး  တာဝန်ယူမှု့တာဝန်ခံမှု့ရှိရှိလေး နဲ့
နေပြည်တော် က ဇဗ္ဗူ သီရိ တရားရုံးမှာ ပုဒ်မ ၅၀၀ ဖြင့် ဦးလှဆွေအား  အသရေဖျက်မှု့ ကလေး ရင်ဆိုင်လိုက်ကြရအောင် ကျနော်ရှေ့နေငှားပြီးပြီ မကြာခင်ဖိတ်စာပို့လိုက်ပါမယ် ၊
See You

https://m.facebook.com/story.php?story_fbid=1969441639937553&id=100006152070269

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးလှဆွေအား အသရေဖျက်မှု့”

Post a Comment

Related Posts Plugin for WordPress, Blogger...