Saturday, September 23, 2017

ဦးဇော်ဌေး ၏ twiter အကောင့်မှ ရခိုင်းအရေး ဆောင်ရွက်မည့် စီမံကိန်း

,
Zaw Htay

● နေရပ်စွန့်ခွါ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများအား ပြန်လည်နေရာချထားရေးတွင် မြို၊ ဒိုင်းနက် စသည့် ဌာနတိုင်းရင်းသားများလည်း ပါဝင်လျက်ရှိရာ တိုင်းရင်းသားများ၏ ဓလေ့၊ ထုံးတမ်း၊ ယဉ်ကျေးမှုဆိုင်ရာများကိုပါ မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ရေးအတွက်ပါ ရည်ရွယ်၍ UN-Habitat - United Nations Human Settlements Programme ထံမှ အကြံဥာဏ်များ ရယူနိုင်ရေးဆောင်ရွက်သွားရန်၊

● ပြန်လည်လက်ခံမည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသူများအား ၁၉၉၃ ခုနှစ် သဘောတူညီချက်ကိုအခြေခံ၍ စိစစ်မှုများ စနစ်တကျ ဆောင်ရွက်ရန်နှင့်

● ပြန်လည်စိစစ်လက်ခံရေး အဖွဲ့တစ်ဖွဲ့ အမြန်ဆုံး ဖွဲ့စည်းဆောင်ရွက်ရန်၊

● ယာယီနေရာချထားပြီးနောက် ပြန်လည်နေရာ ချထားရာတွင် မူလကထက် ပိုမိုအဆင်ပြေနိုင်ရေး၊ ရေရှည်ဖွံ့ဖြိုးရေးကိုပါ ခြုံငုံ ပါဝင်စေမည့် အစီအစဉ်အား UN-Habitat ထံမှ အကြံဥာဏ်များ ရယူဆောင်ရွက်ရန်၊

● မောင်တောဒေသအတွင်း လမ်းကွန်ရက်များစနစ်တကျ ရေးဆွဲဆောင်ရွက်ရာတွင် လျှပ်စစ်ဓါတ်အားလိုင်းများ၊ ရေမြောင်းစနစ်များ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ရဲကင်းစခန်းများ စသည်တို့ကိုပါ ထည့်သွင်း၍ ဒေသဖွံ့ဖြိုးရေးနှင့် ယှဉ်တွဲ ဆောင်ရွက်ရန်၊

● ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းခံရသည့် တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသာ ဟိန္ဒူဘာသာဝင် ၉၃ ဦး အခြေအနေ အမြန်ဆုံး သိရှိနိုင်ရန်အတွက် ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်ရန်၊

● မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်းတွင် အသက်မသေဘဲရောက်ရှိနေသည် ဟု သတင်း ထွက်ပေါ်နေရသော ဟိန္ဒူဘာသာဝင်အမျိုးသမီး ၆ ဦးနှင့် ကလေးငယ် ၃ ဦးတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး နယ်ခြားစောင့်တပ်များ အချင်းချင်း တောင်းခံထားပြီး ဖြစ်သော်လည်း သံတမန်လမ်းကြောင်းမှတစ်ဆင့်လည်း ထပ်မံ တောင်းခံသွားရန်၊

● အကြမ်းဖက်မှုတွင် ပါဝင်သူများအား အရေးယူနိုင်ရေးဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ညှိနှိုင်းရန်၊ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏ အမည်စာရင်းအား ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့သွားရန်၊

● နယ်ခြားဒေသလုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ရန်အတွက် ဖိတ်ကြားထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်ထဲရေး ဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ အဆင်မပြေသဖြင့် ခရီးစဉ်မတိုင်မီ ရွေ့ဆိုင်းထားခဲ့ရသောကြောင့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးအား ထပ်မံဖိတ်ကြားရန်၊

● ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ် ရဲချုပ် အတူလိုက်ပါနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ကလည်း သီးခြားဖိတ်ကြားထားခဲ့သဖြင့် ထပ်မံ ဖိတ်ကြားရန်နှင့်

● လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံရှိ သံတမန်များအား မောင်တောဒေသသို့ ပို့ဆောင်ပေးနိုင်ရေး အစီအမံများ ဆက်လက် ဆောင်ရွက်ရန် ။

https://www.facebook.com/state.counsellor/posts/1122771841190364

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးဇော်ဌေး ၏ twiter အကောင့်မှ ရခိုင်းအရေး ဆောင်ရွက်မည့် စီမံကိန်း”

Post a Comment

Related Posts Plugin for WordPress, Blogger...