Tuesday, May 21, 2019

ပ​ဒေသရာဇ်​ရှမ်းပြည်​.....၇

,
ကျိုင်းတုံကိုချီတက်​ပြီ....
ကျိုင်းတုံနယ်​ဆိုတာ ရှမ်းပြည်​တစ်​၀န်းလုံးရဲ့ ၅ပုံ၁ပုံ
ရှိပါတယ်​။တရုတ်​၊ယိုးဒယားတို့နဲ့နယ်​​မြေချင်းဆက်​​နေ
သလို အဲဒီ​ခေတ်​တုန်းက တိကျတဲ့နယ်​နိမိတ်​​ရေးဆွဲထား
တာ မရှိလို့ နယ်​စွန်​နယ်​ဖျားမြို့စား နယ်​စား​တွေဟာ
နီးစပ်​ရာ အားကြီးရာမှီခို​နေကြတာပါပဲ။
မြန်​မာမင်း​နေပြည်​​တော်​နဲ့အလှမ်း​ဝေးတာ​ကြောင့်အ​ဝေး
ကင်းစခန်းမြို့လို့​ခေါ်ခဲ့တယ်​။တကယ်​​တော့မြန်​မာမင်း
နေပြည်​​တော်​ မန္တ​လေး(အင်းဝ၊အမရပူရ၊မန္တ​လေး)တို့နဲ့
ကျိုင်းတုံဟာ ​ဝေးလှတယ်​​တော့မဟုတ်​ပါဘူး။ဘာလို့​ဝေး
သွားရတာလည်း​မေးရင်​လမ်း​ဖောက်​ရ​ကောင်းမှန်းမသိ
လို့ ​တောင်​တန်း​တွေကြားထဲကချိုင့်ဝှမ်းထဲမှာတည်​ရှိ​နေ
တဲ့ကျိုင်းတုံဟာ​ဝေး​နေခဲ့တာဖြစ်​ပါတယ်​။မြန်​မာမင်း
ခေတ်​က ကျိုင်းတုံဟာ​ဝေးလို့တစ်​နှစ်​တစ်​ခါ ​ရွှေပန်းခိုင်
ငွေပန်းခိုင်​​တွေဆက်​သရတယ်​။မြန်​မာမင်းကလည်းကျွန်
တော်​ကိုပြန်​ပြီးဆု​တော်​လာဘ်​​တော်​​တွေ​ပေးသနားပါတယ်​။

အင်္ဂလိပ်​အစိုးရက​တော့ နယ်​ခြားပြဿ     နာကိုအရင်​ရှင်း
တယ်​။အဲဒါ​ကြောင့်​ ရာဇ၀င်​လာ ကျိုင်းဟုန်​နဲ့မိုင်းလင်း
နယ်​တို့ဟာတရုတ်​ပြည်​ထဲပါသွားခဲ့တယ်​။ကျိုင်းချိုင်
နယ်​တစ်​၀က်​ကို ပြင်​သစ်​ကို၊မိုင်းဆင်​ကို​တော့ယိုးဒယား
ကို​ပေးလိုက်​တယ်​။ဒါဟာလည်းအင်္ဂလိပ်​အစိုးရလက်​လွတ်
စပယ်​လုပ်​ခဲ့တာဟုတ်​မယ်​မထင်​ဘူး။အင်္ဂလိပ်​၀င်​စ
ကျိုင်းတုံအ​ခြေ​နေဟာတည်​ငြိမ်​​နေတယ်​။စော်​ဘွား
စ၀်​​ကောင်​တိုင်​ကွယ်​လွန်​ပြီးသား​တော်​စ၀်​ခမ်​ဖု ဆက်​ခံ
နေချိန်​ဖြစ်​ပါတယ်​။အဲဒီအချိန်​စ၀်​​ကောင်​တိုင်​ရဲ့ ညီ
ကျိုင်းချိုင်​နယ်​စားက သူ့တူ စ၀်​ခမ်ဖုကို အသက်​၁၂နှစ်
(အုံး​ဖေ)၁၆နှစ်​(dr.t.t)အရွယ်​ကိုထီးနန်းဆက်​ခံခွင့်
ပေးလိုက်​တာ​ကြောင့်နာကျည်း​နေတယ်​။အလားတူ
အဲဒီအချိန်​က မိုင်းဆိုင်​မြို့စားကလည်း လက်​ရှိစ၀်​ခမ်​ဖု
စော်​ဘွား​လေးရဲ့ ဦးရီး​တော်​ပဲဖြစ်​​နေတယ်​။ကျိုင်းတုံ
နယ်​မှာအဲဒီအချိန်​ကရှိခဲ့တဲ့မြို့စား​တွေအားလုံး​ဟာ
ဆွေမျိုးသားချင်း​တွေချည်းပါပဲ။

တရုတ်​ပြည်​ကို​နောက်​​ဖေး​ပေါက်​က၀င်​ဖို့ကြံ​နေတဲ့
အင်္ဂလိပ်​အစိုးရဟာ မီးရထားလမ်း​ဖောက်​လုပ်​မှုကို
အ​ကြောင်းပြု ပြီး​စော်​ဘွား​တွေဆီက အကူအညီလိုလာခဲ့
တယ်​။အကယ်​၍မီးရထားလမ်း​ဖောက်​ရင်​ရှမ်း​စော်​ဘွား
အားလုံးရဲ့နယ်​ပယ်​အားလုံးနီးနီးကိုဖြတ်​သွားရမှာဖြစ်​လို့
ရှမ်းပြည်​နယ်​ရဲ့ ​နောက်​ဆုံးလက်​ကျန်​ပြဿ     နာ ကျိုင်းတုံ
ကို ကိုင်​တွယ်​ရပါ​တော့တယ်​။

ကျိုင်းတုံ​စော်​ဘွားဝင်​လာ​အောင်​ ဇင်းမယ်​(ချင်းမိုင်​)
မှာရှိတဲ့ ဗြိတိန်​​ကောင်​စစ်​၀န်​ရုံးက​နေ တစ်​ဆင့်ကြိုးစား
ကြည့်​ပေမယ့်မ​အောင်​မြင်​ခဲ့ဘူး။အ​ထောက်​​တော်​​တွေ
ဆက်​သား​တွေအ​ခေါက်​​ခေါက်​အခါခါ​စေလွှတ်​ပြီးဖြစ်
တာ​တောင်​ကျိုင်းတုံ​စော်​ဘွားက​ခေါင်းမညိမ့်ဘူး။
......သာပို၍ ​မြောက်​ဘက်​ကျ​သောနယ်​မှာကျိုင်းတုံ
နယ်​ကြီးဖြစ်​၍ ကျိုင်းတုံအ​ရှေ့ ဘက်​လည်းအ​တော်​ကျယ်
၏။ကျိုင်းတုံ​စော်​ဘွားသည်​ စာကိုယဉ်​​ကျေးစွာ​ရေးပြီး
သူကိုယ်​တိုင်​သစ္စာခံခြင်းမပြု သည့်အပြင်​ ​စော်​ဘွားခန့်
စာ ဆနဒ်​ကိုလည်း လာမယူ​ပေ။သူလည်းအလွန်​ငယ်​​သေး
၏။သူခမည်း​တော်​ကွယ်​လွန်​သည်​မှာမကြာ​သေး​ချေ။
တစ်​​ယောက်​​ယောက်​သူ့ဆီသွားပြီး​ချော​မော​ပြေပြစ်​​အောင်
လုပ်​မှ​တော်​မည်​ဟု စဉ်းစားဆုံးဖြတ်​ပြီး ဒီအတွက်​ Scott
ကို ကိုယ်​စားလှယ်​အဖြစ်​​ရွှေးချယ်​​သောအခါ စ​ကော့က
လည်းလိုလိုချင်​ချင်​ပင်​သွား​ရောက်​ခဲ့​ပေသည်​...။ဆိုတာ
ပါပဲ။

ယိုးဒယား နယ်​ခြား​ကော်​မရှင်​က Nay Elisa၊James
George Scott၊W.J.Archer၊Major E.G.Brrow
(​နောင်​ Sir Adman Barrow)၊​ထောက်​လှမ်း​ရေးအရာ
ရှိ Captain F.J.Pink(​နောင်​ Brigadeir General
F.J.Pink C.B.C.M.G)နဲ့ Dr.J.K.Closeတို့ပါဝင်​တဲ့
အဖွဲ့ဟာ ကျိုင်းတုံကိုချီတက်​ခဲ့တယ်​။Nay Elisaက
နယ်​သစ်​ရှာ​ဖွေသူလည်းဖြစ်​ပြီး An Introductory Sketch of
the History of The Shansအမည်​ရှိစာအုပ်
ကို​ရေးသားပြု စုခဲ့တယ်​။၁၈၈၉မှာ ဒီအဖွဲ့ဟာ စတင်​ချီ
တက်​တယ်​။မိုးနဲ၊မိုင်းပန်​၊​မောက်​မယ်​၊လင်း​ခေးစတဲ့​စော်​ဘွားအားလုံးကို
စ​ကော့စည်းရုံးသိမ်းသွင်းလိုက်​နိုင်​ခဲ့လို့
အိန္ဒိယရုံးက စ​ကော့ကိုချီးကျူးစကားဆို​နေချိန်
ကျိုင်းတုံ​စော်​ဘွားကအခုလိုဇတ်​ခင်းလာတာပါပဲ။

စ​ကော့တို့အဖွဲ့ဟာ လားဝန်​တင်​​တွေကိုယူပြီး ခပ်​မြန်​မြန်
သွားဖို့ဆုံးဖြတ်​လိုက်​တယ်​။မိုးလင်းစ က​နေ ​နေ့လည်
အထိ မရပ်​မနားဆက်​တိုက်​သွားပြီး ၂နာရီခန့်​အနား
ယူတယ်​။အဲဒီကတစ်​ဆင့်ဆက်​သွားတာ​နေ၀င်​တဲ့အထိ
ပန်း​သေးမွစ်​စလင်​တရုတ်​​တွေ​နောက်​လိုက်​​နေခဲ့တာပါပဲ။
မိုးနဲ​စော်​ဘွား​ယောက်​ဖ ကလည်း ​စေတနာ့ဝန်​ထမ်းလိုက်
ပါကူညီတယ်​။စ​ကော့မှတ်​တမ်းအရ စ​ကော့သွားတဲ့လမ်း
ဟာ ယ​နေ့ ကျ​နော်​ပြန်​ခဲ့တဲ့ လမ်းဖြစ်​မယ်​လို့ယူဆရ
တယ်​။ကွတ်​ဟိန်း၊ကာလိ က​နေ တာ​ကော်​တံတားလမ်း
ပါပဲ။ဘာလို့ဆို​တော့ သူ့မှတ်​တမ်းမှာ Takaw ferry
က​နေ ကူးတယ်​လို့ဆိုထားလို့ပါပဲ။သူ့အဖွဲ့မှာ သင်​တန်း
ဆင်းပန်​ချာပီစစ်​သား၁၈​ယောက်​၊နဲ့လူသစ်​အများအပြား
ပါတယ်​။မြန်​မာစာ​ရေးအချို့၊အ​စေခံအချို့စခန်းလုပ်​သား
တွေနဲ့ပန်း​သေး​တွေကသူတို့ဝန်​တင်​လား​တွေနဲ့လိုက်​ပါ
လာခဲ့ကြတယ်​။

ကျိုင်းတုံ
ဒီ​မြေကို ကျ​နော်​နင်းခဲ့ပါတယ်​။အကယ်​၍ ဒီအ​ကြောင်း
တွေကို ရန်​ကုန်​တ​စ်​​နေရာက ထိုင်​​ရေး​နေမယ်​ဆိုရင်​​တော့
ကိုယ်​တိုင်​​တောင်​နားလည်​ဖို့ခက်​လိမ့်မယ်​ထင်​တယ်​။
ဘာလို့ဆို​တော့ပထ၀ီကိုမမြင်​ဖူးဘဲစာ​တွေ့သက်​သက်​​ရေး
သလိုဖြစ်​​နေလို့ပါပဲ။အခု​တော့ ဒီ​ရေ​မြေကြီးကိုကိုယ်တိုင်
အချိန်​ယူဖြတ်​သန်း​လေ့လာခွင့်ရခဲ့လို့​ရေးရတာ
ပိုပြီးအနှစ်​သာရရှိသလိုခံစားရတယ်​။ယ​နေ့ ကျ​နော်
သွားခဲ့ပြန်​ခဲ့တဲ့ ကျိုင်းတုံလမ်းဟာ ၂၀၁၉အထိ
ဆိုး​နေ​သေးတယ်​ဆိုရင်​ အခုစ​ကော့သွား​နေချိန်​ ဘယ်
လိုအ​ခြေ​နေမှာရှိမလဲစဉ်းစားသာကြည့်​တော့​ပေါ့်။
ယ​နေ့ တာ​ကော်​တံတားကိုဖြတ်​ပြီးဝင်​လာရင်​ ကာလိဆိုတဲ့
မြို့ကို​ရောက်​မယ်​။ကာလိက​နေ ၂၅မိုင်​​မောင်းလာရင်
ကွန်​ဟိန်းဆိုတဲ့မြို့ကို​ရောက်​ပါလိမ့်မယ်​။သို့​သော်
ကွန်​ဟိန်းကို တာ​ကော်​၊ကာလိ ဘက်​က၀င်​တဲ့အချိန်
တော်​​တော်​​လေးရှည်​တဲ့ တံတားတစ်​စင်းကိုဖြတ်​ရလိမ့်မယ်​။
နမ့်​ပန်​​ချောင်းကြီးကိုဖြတ်​ပြီး တည်​​ဆောက်​ထားတဲ့
အငယ်​စား​ချောင်းကူးတံတားစရင်းဝင်​ဖြစ်​​ပေမယ့် 
ပေအရှည်​က ၁၁၈၅​ပေရှိတဲ့အတွက်​အ​တော်​ရှည်​တဲ့
တံတားလို့ဆိုရမှာပါ။ကျ​နော်​ကိုယ်​တိုင်​အံ့သြပြီး
၃​ခေါက်​​လောက်​ပြန်​ဆင်းပြီးကြည့်ခဲ့ရတယ်​။တံတားဆုံး
ရင်​ ​သေးငယ်​ပြီးယိုးယွင်း​နေတဲ့ကွန်​ဟိန်း လ၀က ရုံး
လေးကို ၀ဲဘက်​မှာမြင်​ရလိမ့်မယ်​။အဲ​တော့ အဲဒီအချိန်​က
စ​ကော့ဟာ ဒီလမ်းအတိုင်းထွက်​လာမှာဖြစ်​လို့အရင်​ဆုံး
ရင်​ဆိုင်​ရမှာသံလွင်​မဟုတ်​ဘူး။နမ့်ပန်​​ချောင်းပဲ။ဒီတံတား
ကို ၁၉၆၈မှစတင်​​ဆောက်​လုပ်​တာဖြစ်​လို့ အဲဒီအရင်​က
ဒီတံတားမရှိဘဲ ​ဖောင်း​တွေနဲ့ကူးခဲ့ကြရမှာ​သေချာတယ်​။
အဲတုန်းက ကာလိ၊ကွန်​ဟိန်းဆိုတာရွာ​တွေပါ။မ​နေ့တ​နေ့
ကမြို့ဖြစ်​လာခဲ့တာပါ။

တောင်​စဉ်​ခုနှစ်​ထပ်​​ကွေ့ကာပတ်​ကာ ​မြွေလိမ်​​မြွေ​ကောက်
အနိမ့်အမြင့်အဆင့်ဆင့်ကို​ဖောက်​လုပ်​ထားတဲ့လမ်းမ​တွေ
ဟာ ​လွန်​ခဲ့တဲ့နှစ်​၂၀မ​ပြောနဲ့ လွန်​ခဲ့တဲ့၁၀နှစ်​က ကတ္တရာ
တောင်​ရှိဦးမှာမဟုတ်​ဘူး။ကျိုင်းတုံက​တော့လွန်​ခဲ့တဲ့
၅နှစ်​က ဘာမှမရှိ​သေးဘူး။မြန်​မာအစိုးရဟာ​မြေ​ပေါ်
ရေ​အောက်​အကုန်​ခိုးတယ်​။တိုင်းပြည်​ဘဏ္ဍာတို့ဥစ္စာဆိုပြီး
ဘုံးတယ်​။လူထုဘ၀သာယာဖို့ပြန်​လုပ်​​ပေးဖို့​တော့မစဉ်း
စားဘူး။ရှမ်းကုန်း​မြေမြင့်ဟာ မိုးရာသီမှာ​မြေပြို တာ
တွေခဏခဏဖြစ်​လို့ မြန်​မာအစိုးရကလည်း သူ့ရုပ်​နဲ့
လိုက်​တဲ့လမ်းကိုခင်းထားတာဖြစ်​လို့ မိုးရွာတာနဲ့လမ်းက
ပျက်​ပြီပဲ။မြေပြို ရင်ေ​​တာ့မစဉ်​စားနဲ့​တော့။ယ​နေ့နိုင်​ငံ
တကာမှာနည်းပညာတိုးတက်​ထွန်းကား​နေ​ပေမယ့်မြန်​မာ
အစိုးရဟာ ပတ်​၀န်းကျင်​တစ်​ခွင်​မှာဘယ်​သူနဲ့မှမတည့်
လို့ အိန္ဒိယက မီးရထားစက်​​ခေါင်းအစုတ်​ကလွဲရင်​ဘာမှ
စိတ်​ကူးယဉ်​လို့မရဘူး။လမ်းအတွက်​ဘတ်​ဂျက်​ကလည်း
အဆင့်ဆင့်ဖြတ်​ယူတာနဲ့ကုန်​တာ။မြန်​မာနိုင်​ငံ​ရေးရဲ့ 
ဆိုးဝါးမှုဟာ စစ်​​ခေါင်း​ဆောင်​က​နေ ​အောက်​​ခြေက
အညတရသူ​တောင်းစားအထိစိတ်​ဓာတ်​​တွေစုတ်​ပြတ်
သွား​​စေဖို့လုံ​လောက်​​စေခဲ့တယ်​။အဲ​တော့စ​ကော့သွား​နေ
တဲ့အချိန်​မ​ပြောနဲ့ ၈၈အရင်​က ကျိုင်းတုံသွားဖို့ဆိုတာဖြစ်​ကိုး
မဖြစ်​နိုင်​ဘူး။အနည်းဆုံးလမ်းမှာ၆လ​လောက်​အိပ်​ရလိမ့်
မယ်​ထင်​တာပဲ။၁၉၆၈မတိုင်​ခင်​က ကွန်​ဟိန်းတံတား
မရှိ​သေးဘူး။တာ​ကော်​တံတားလည်းမရှိ​သေးဘူး။ကူတို့
ခေါ်​ခေါ် ကတို့​​ခေါ်​ခေါ်(Ferry)ဆိုတာ ရှမ်း စကားမှာ
တာ လို့​ခေါ်တယ်​။လှေဆိပ်​၊​ဖောင်​ဆိပ်​ကူးတို့ဆိပ်​လို့
အနက်​ထွက်​မယ်​ထင်​ပါတယ်​။ပေ၅၀၀၀၊
၆၀၀၀၊၈၀၀၀​ကျော်​​တွေမြင့်တဲ့ ​တစ်​​တောင်​တက်
တစ်​​တောင်​ဆင်း တစ်​​တောဝင်​တစ်​​တောထွက်​​၊
လမ်းတစ်​ဖက်​မှာ အသူတရာ​ချောက်​၊တဖက်​မှာ​တော့
မိုးထိမြင့်​နေတဲ့​ကျောက်​သားပြင်​​တွေနဲ့လမ်းကျဉ်းကျဉ်း
လေးမှာ စ​ကော့တို့ ကျိုင်းတုံကိုခရီးနှင်​ခဲ့ကြတာပါ။
ဒါဟာ စ​ကော့မှတ်​တမ်းနဲ့ ကိုယ်​သွားခဲ့ဖူးလမ်း​ကြောတစ်
ခုလုံးရဲ့ အတိတ်​ကိုပြန်​​တွေးပြီး ပုံ​ပေါ်လာ​အောင်​ပြန်​​ရေး
ပြတာပါ။အခု​ပြောတာထက်​ လက်​​တွေ့သွားဖူးရင်
ဒီထက်​ဆိုးမှာသိလာရလိမ့်မယ်​။

စ​ကော့လမ်း​ကြောင်းကိုဘာလို့ တာဆန်း တံတားလမ်း
ကြောင်းလို့မယူဆရတာလည်းလို့​မေးစရာရှိတယ်​။
ကျိုင်းတုံကိုသွားဖို့ မူ​သေထားဖို့လမ်း​ကြောင်းကို​လေ့
လာရင်​ နမ့်စန်​ ဟာဆုံမှတ်​ပဲ။အရင်​ကလည်းဒီအတိုင်း
ပဲဖြစ်​မှာပါ။နမ့်စန်​က​နေ ကျိုင်းတုံကို တာ​ကော်​လမ်း
အတိုင်းသွားရင်​၂၀၈မိုင်​ရှိတယ်​။နမ့်စန်​က​နေ မိုးနဲ
လင်း​ခေး၊မိုင်​ပန်​၊မိုင်​တုံ၊မိုင်းဆတ်​လမ်းအတိုင်းသွားရင်
အနည်းဆုံးမိုင်​၅၀၀နီးပါးရှိတယ်​။ဒီလမ်းကျ​နော်​သွားခဲ့
တာပါ။မိုးနဲက​နေလင်း​ခေး၊လင်း​ခေးကမိုင်​ပန်​အထိလမ်း
ပေါက်​​ကောင်း​ပေါက်​မယ်​။စ​ကော့သွား​နေစဉ်​ မိုင်းပန်​က​နေ
တာဆန်းအထိ လမ်း​ပေါက်​မှာမဟုတ်​တာ​သေချာတယ်​။
မိုးနဲ​ကြောင်းက​နေ မိုင်းတုံ မိုင်းဆတ်​ကိုဖြတ်​ပြီး ကျိုင်းတုံ
ကိုစ​ကော့ပတ်​၀င်​မယ်​ဆိုတာဖြစ်​ကိုမဖြစ်​နိုင်​သလို
အဲဒီ​ခေတ်​ကအဲဒီလမ်းလည်းရှိမှာမဟုတ်​ဘူး။ယ​နေ့ကျ
နော်​သွားခဲ့တဲ့ အချိန်​ထိ ကတ္တရာမရှိ​သေးဘူး။နောက်
တစ်​​ကြောင်းက ​ပေ၆၀၀၀​ကျော်​မြင့်တဲ့လင်း​ခေး​တောင်
ကို​ကျော်​ပြီးတာဆန်း​ရောက်​သွားတယ်​ထားဦး။တာဆန်း
ဆိပ်​က​နေ သံလွင်​ကိုဖြတ်​ပြီး မိုင်​တုံ သွားဖို့ဆိုတာလုံးဝ
မဖြစ်​နိုင်​ဘူး။ဘာလို့ဆို​တော့ ကျ​နော့်​ခရီးစဉ်​​တောက်
လျှောက်​မှာ အကြီးဆုံး​ချောက်​ကမ်းပါး​တွေ၊အကြီးဆုံး
တောင်​​တွေ၊အခက်​ခဲဆုံးလမ်း​တွေစုပုံတည်​ရှိ​နေတာ
တာဆန်း-မိုင်းတုံလမ်းမှာဖြစ်​​နေလို့ပဲ။ဒါဟာ၂၀၁၉
မတ်​လ ၂၃ရက်​​နေ့မှာ ကျ​နော်​ဖြတ်​သွား​နေတာပါ။
ဒါ​ကြောင့်၁၈၈၉/၉၀ တုန်းက စ​ကော့အဲဒီလမ်းသွားမယ်
ဆိုလည်းမဖြစ်​နိုင်​​တော့သလို အဲဒီလမ်းရှိမယ်​ဆိုတာလည်း
မဖြစ်​နိုင်​​တော့ဘူး။ယ​နေ့အထိ အဲဒီလမ်းကိုရှမ်းပြည်​နယ်​သား
၁၀​ယောက်​မှာ ၉​ယောက်​မ​ရောက်​ဖူး​သေးဘူး။

စ​ကော့ကိုယ်​တိုင်​သူ့မှတ်​တမ်းတစ်​​နေရာမှာ
....​ဖေ​ဖော်​၀ါရီလ၊မတ်​လ ​လောက်​တွင်​ ​ရေမှာ၃​ပေမျှ
သာနက်​၍ ​ရေအနည်းဆုံးဖြစ်​သည်​။မိုးရာသီ၌မူကာ
အလွန်​​ရေစီးသန်​၍ ​ဘေးအန္တရာယ်​များလှသည်​။
ထိုအခက်​ခဲများမှတစ်​ပါးအခြားအခက်​ခဲမရှိ​တော့​ချေ။
လွိုင်​ပန်​​မောင်း၊လွိုင်​ပန်​မင်း၊လွိုင်​၀ီ​မောင်း​တောင်​တန်း
တို့မှာ ​ပေ၅၂၀၀၊၅၉၀၀၊၆၀၅၀အသီးသီးမြင့်ကြသည်​။
အားလုံးမှာရှည်​လျား​သော​တောင်​နှာ​မောင်းကြီးများရှိကြ
၍အတက်​အဆင်းခရီးများကိုဆက်​တိုက်​​တွေ့ကြရသည်​။
သံလွင်​မြစ်​ကိုဖြတ်​ကူးပြီးတာနှင့်တစ်​ပြိုင်​နက်​နယ်​​မြေ
ပြဿနာနှင်​ရင်​ဆိုင်​ရ​ပေ​တော့သည်​။....လို့ဆိုထားတယ်​။

ဦးလှဒင်​ဘာသာပြန်​ထားတဲ့သူ့မှတ်​တမ်းမှာ သူသွားခဲ့
ရတဲ့လမ်းအကျယ်​အ၀န်းဟာ လူ၂​ယောက်​​လျှောက်​စရာ
ပဲရှိလို့​တောင်​ကမ်းပါးကိုကပ်​ပြီး မိုး​ရေနဲ့ချွဲပြစ်​​နေတဲ့
လမ်း​ပေါ်​ခြေကုပ်​မြဲ​အောင်​သတိကြီးကြီးထားပြီးသွား
ခဲ့ရ​ကြောင်းဆိုထားပါ​သေးတယ်​။အဲ​တော့ချုပ်​ရင်
စ​ကော့လမ်း​ကြောင်းဟာ မိုးနဲ-နမ့်စမ်​-ခိုလမ်​-ကွန်​ဟိန်း-
ကာလိ-တာ​ကော်​-​နောင်​ချို-ဆင်​​မောင်း-တုံတာ-မိုင်းပျဉ်း
ရင်​ကွဲ​တောင်​ကိုတက်​ပြီးပြန်​ဆင်း​တော့ ချိုင်းဝှမ်းထဲက
ကျိုင်းတုံပဲဖြစ်​ပါလိမ့်မယ်​။စုစု​ပေါင်းမိုင်​ ၂၅၀နီးပါး
ခြေကျင်​တစ်​နည်း၊လားတိရိစ္ဆာန်​တို့စီး၍တစ်​ဖုံ မိုင်​၂၅၀
ကိုချီတက်​ခဲ့တာ လွယ်​တဲ့အလုပ်​​တော့မဟုတ်​ဘူး။

အကယ်​၍ မိုးနဲ​ကြောင်းကကျိုင်းတုံကိုချီမယ်​ဆိုရင်
မိုင်းဆတ်​အထိချီပြီး မိုင်းဆတ်​က​နေမိုင်းပျဉ်း၊မိုင်းပျဉ်း
က​နေကျိုင်းတုံကိုပတ်​၀င်​ရမှာဖြစ်​လို့ ဘယ်​လိုမှမဖြစ်
နိုင်​ဘူး။အဲတုန်းကတာချီလိတ်​ဆိုတာလည်းမရှိ​သေးသလို
မိုင်​တုံ-မိုင်းဆတ်​-တာချီလိတ်​လမ်းဆိုတာလည်းမ​ပေါ်​သေး
ဘူး။ကူမင်​တန်​၊ဗကပ၊၀တပ်​တို့နဲ့မြန်​မာစစ်​တပ်​ တိုက်​ပွဲ
တွေဖြစ်​​တော့မှဒီလမ်း​တွေ​ပေါ်တာပါ။ဒါ​ကြောင့်လည်းယ​နေ့
ကျ​နော်​တို့သွားနိုင်​ခဲ့တာဖြစ်​ပါတယ်​။ရှမ်းကုန်​​မြေမြင့်
ပေါ်မှာ ပထ၀ီအားနည်းချက်​ကို​ထောက်​ပြီး လမ်း​ခင်းမရပါ
လို့ အများ​ပြောစကားကိုသိပ်​လက်​ခံလို့​တော့မရဘူး။
ကမ္ဘာမှာ နည်းပညာ​တွေတိုးတက်​ထွန်းကားသွားလို့​ရေ
အောက်​မှာပါလမ်း​ဖောက်​​နေကြပြီဖြစ်​ပါတယ်​။ဒါ​ကြောင့်
ဒီလမ်းကို ပထ၀ီအတားအဆီး​ကြောင့်​ဖောက်​လည်းပျက်
မှာပဲလို့​ပြော​နေဆို​နေကြတာ​တွေနဲ့ပက်​သက်​ပြီး လက်​ခံ
လို့မရဘူးဖြစ်​​နေတယ်​။

ရှမ်းကုန်း​မြေမြင့်မှာ ပထ၀ီရဲ့ တားဆီးခြင်းရှိတယ်
ဆိုတာကိုလက်​ခံပါတယ်​။သံလွင်​မြစ်​ကြီးဟာ ရှမ်း​​မြေပုံ
ရဲ့ ခါးလည်​က​နေပတ်​စီးတဲ့အပြင်​ ​တောင်​​တွေကြားက
ဖြတ်​စီးရတာ​ကြောင့်​ရေတံခွန်​​တွေ၊​ချောင်းကျယ်​ကြီး
တွေဖြစ်​​ပေါ်တာ၊မိုး​ရေ​ကြောင့်ဖြစ်​​ပေါ်တဲ့​ချောင်း​တွေနဲ့
တောင်​ကျ​ရေရဲ့ အရှိန်​​ကြောင့်ပျက်​စီးရမှု​တွေရှိမယ်
ဆိုတာလက်​ခံပါတယ်​။ရှမ်းထက်​အဆ​ပေါင်းများစွာ
မြင့်တဲ့ နီ​ပေါလ်​နိုင်​ငံမှာလည်း ဒီလိုအခက်​ခဲ​တွေရှိပါတယ်​။
အဲ​တော့ ဒီပထ၀ီအတားအဆီးဟာ နိုင်​ငံ​ရေးပြဿ     နာ
ကြောင့်​ကျော်​လွှားလို့မရတာပဲဖြစ်​ပါလိမ့်မယ်​။မရဘူး
ဆိုတာ​တော့မဖြစ်​နိုင်​ဘူး။ရှမ်းကုန်း​မြေမြင့်ရဲ့ ပထ၀ီ
ဟာ ဆိုးလွန်းတယ်​လို့သတ်​မှတ်​လို့မရဘူး။ပြုပြင်​ယူ
လို့ရနိုင်​မယ်​လို့မြင်​တယ်​။

ဆက်​ပါဦးမည်​။

ကို SalaiZawWin ကို AndrewSway broတို့ ပထ၀ီအတားအဆီးနဲ့ပက်​သက်​ပြီးသိထားတာရှိရင်​မျှပါဦး။

ပုံ-​၁၁၇၅ ​ပေရှည်​ ကွန်​ဟိန်းတံတားပုံ


https://m.facebook.com/story.php?story_fbid=139077747234432&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်​.....၇”

Post a Comment

Related Posts Plugin for WordPress, Blogger...