Thursday, May 30, 2019

အမေရိကန်က ဆရာတော် ဇဝနလျှံ ရေးတဲ့စာ ...

,
ဝီရသူဟာ ဖွတ်နဲ့ စစ်တပ်အတွက် ကင်းယူပေမည့် ပွန်းလား ထိုးကြွေးခံရမည့်ပွန်းလား
----------------------------------
ဝီရသူကိုဖမ်းဖို့ကိစ္စက တယောက်ချင်းတဦးချင်းဆို အရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး။ ကျောထောက်နောက်ခံ မရှိတဲ့(ရှိသော်လည်း အားမကိုးရလောက်တဲ့)သူအတွက်ကတော့ အခုလိုပြောဆိုနေဖို့တောင် အချိန်မရပါဘူး။ အသိုင်းအဝိုင်းရှိသော်လည်း ကိုယ့်ရဲ့အဝန်းအဝိုင်းဟာ ဖမ်းရေးဆီးရေးနဲ့ဆိုင်တဲ့ ပြည်ထဲရေးနဲ့မပတ်သက်တဲ့အသိုင်းအဝိုင်းကလူဆိုလဲ တရားရုံးနဲ့  ဂဟေဆက်လို့ ကိုဆွေဝင်းတို့လို အညစ်အပတ်ခံရမှာပါပဲ။

သာသနာရေးဌာနက စီမံဆောင်ရွက်ပေမယ့် ပြည်ထဲရေးက မသိကျိုးကျွံပြုမူ မှုတွေကြောင့်
မျိုးချစ်ဆိုသူတွေဟာ ဝရမ်းတွေအလီလီကြားမှာ အေးဆေးပေါ်ပေါ်တင်တင်သွားလာနိုင်ကြတာဖြစ်တယ်။ ရဲရှေ့ ရဲစခန်းရှေ့ဝင်ထွက်ဖြတ်လျှောက်တာတောင် ဝရမ်းတို့ဖမ်းမိန့်တို့ဆိုတာ ရဲနဲ့မဆိုင်သလိုနေနေလိမ့်မယ်။  သမ္မတခန့်တဲ့ ဝန်ကြီးဌာနနဲ့ ကာချုပ်အဆိုတင်(တကယ်က ကာချုပ်ခန့်တာပါပဲ) တဲ့ ဝန်ကြီးဌာန အတူတကွရှိ မရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကိုကြည့်ရင် လယ်ပြင်ဆင်သွားသလို ထင်ရှားနေပါတယ်။ ဝီရသူ ကိစ္စမှာ သာသနာရေးက ဘယ်လောက်ပြောပြော ကျောထောက်နောက်ခံ စပွန်ဆာခိုင်တဲ့ ဝီရသူက  ဒါပဲထင်တယ်လို့ သာသနာရေးဝန်ကြီးကို လုပ်ပြနေတာကို ဝန်ကြီးခမျာ ငုတ်တုတ်မေ့နေရရှာတယ် ။ လကောင်ကြီးလို့ စင်ပေါ်က မိန်ရည်ရှက်ရည် အရှက်မရှိ အော်ခဲ့သူက တဆင့်ပြီးတဆင့် အတင့်ရဲလာတော့တာပါပဲ။

တကယ်က ဝီရသူဟာ မူယာ မာယာ ပလီပလာများပေမယ့် ကြောက်တတ်သူဆိုတာ သိသာပါတယ်။ ထောင်မကြောက်ဘူးဆိုပေမယ် သာသနာရေးဌာနက ဖုန်းဆက်တော့ ဖမ်းမှာလား လူဝတ်လဲမှာလားနဲ့  ရင်ထဲက စိုးရိမ်စိတ်ကို ဖုံးမရဖိမရအန်ထွက်လာတာကြည့်။  တကယ်ထောင်ထဲရောက်တော့လဲ ထောင်စရိုက် ထောင်ကျင့်ထောင်ကြံ ရာဇဝတိဒုစရိုက်သားတွေရဲ့ အနေအထိုင်အပြုအမူအတိုင်းနေခဲ့တယ်ဆိုတာ ဖျက်မရတဲ့ သူ့လက်ပေါ်က တက်တူတွေက သက်သေခံနေတယ်။(သင်္ကန်းလေးတရုံရုံနဲ့) သမဏသာရုပ္ပဖြစ်အောင်နေနေတယ်လို့ ထင်စရာရှိပေမယ့် ဖျက်မရတဲ့တက်တူလူမြင်မှာစိုးတာအဓိကပါ။ဆိုလိုတာက ထောင်ထဲရောက်လဲ ဒုစရိုက်ကောင်တွေနဲ့တသားထဲနေ အတုယူ တတ်တာတွေက နှုတ်ဝစီယုတ်ရင်းကြမ်းတမ်းမှုတွေက ထောင်စရိုက်ဆိုတာပြနေတာ။

ဒီလို ယုတ်ရင်းကြမ်းတမ်းတဲ့ ထောင်ထဲက ဟောက်စားငေါက်စား အကျင့်ဆိုးကို ဒုစရိုက်သားတကောင်လို ပြောတတ်ဆိုတတ် သူကို အောင်သောင်းတို့ ခင်ညွန့်တို့ နဲ့ ကြံ့ဖွတ် စစ်တပ်တို့ရဲ့ ကစားကွက်ထဲက အမျိုးသားရေးမှာ သေသေချာချာ ကိုကျောထောက်နောက်ခံပေးလိုက်တော့ ကြောက်တတ်တဲ့အကြောက်တရားဟာ သူထံမှာမရှိဘူးထင်ရလောက်အောင် သတ္တိကောင်းပြနေတော့တယ်။(အခုတော့ သင်္ကြန်သံချပ်ထိုးတဲ့ ခလေးမလေးတွေလောက်တောင် သတ္တိမရှိရှာဘူး။) ကြောထောက်နောက်ခံဆိုတာကလည်း သုံးလို့ရတုန်းသာ မားမားမတ်မတ်ရပ်ပြမှာ မရတဲ့တနေ့ ထိုးကျွေးမှာ။ ဝီရသူလို ဖွတ်ပါမွှားမပြောနဲ့သူတို့လုပ်ဖော်ကိုင်ဖက် အကောင်ကြီးကြီးတွေတောင် မလိုရင် နင်းချေပစ်တာ။

သမ္မတဖွဲ့တဲ့အစိုးရအဖွဲ့နဲ့ ကာချုပ်လက်အောက်က အစိုးရအဖွဲ့ဟာ သာမန်အားဖြင့် တခုတည်းသောအစိုးရလို့ ထင်ကောင်းထင်အောင်နေနေပေမယ့် အထူသဖြင့် အမျိုးသားရေးလို့ ဘန်းပြအော်နေသူတွေရဲ့ ပြစ်မှုတွေနဲ့ပတ်သက်လာရင် ပြည်ထဲရေးဟာ မလိုလားသူကို ဖိမယ် သူတို့ကြောထောက်နောက်ခံပြုသူတွေဆို မျက်ကွယ်ပြုမယ်။
အောင်ဝင်းခိုင်တို့ သုစိတ္တတို့ မိုက်ကယ်ကျော်မြင့်တို့ကသက်သေပါပဲ။

အခုဝီရသူ တိုင်းသိပြည်သိ ကမ္ဘာသိ လူဆိုးတယောက်မို့  အားကြိုးမာန်တက် လိုက်ဖမ်းပြမယ် ဒါပေမယ့် ဂယ်ပေါက်များများပေးပြီး ညာသံပေး ဝိုင်းမှာ။
ဖိအားတွေ ဆူညံနေလို့ ပြည်ထဲရေးက မဖြစ်မနေဖမ်းမှာလား ။ ကြံဖွတ်စစ်တပ်အတွက် ခိုင်းလို့ အကောင်းဆုံး လူတယောက်ကို ပြည်ထဲရေးက အဆုံးရှုံးခံမလား။
အခုပွဲက ဝီရသူတယောက်ထဲ ကိစ္စမဟုတ်တော့ ။ အစိုးရနှစ်ဖွဲ့ရဲ့ အားပြိုင်မှု၊

စစ်တပ်ကြံ့ဖွတ်ရဲ့ ပြည်ထဲရေးကအားကောင်းဆဲအားကောင်းပြီး ဝီရသူကို အချိန်အကြာကြီး ဖမ်မမိအောင်ကူညီနေမလား။
ဘာပဲဖြစ်ဖြစ် လူထုအနေနဲ့ကတော့ ဝီရသူကိုဖမ်းရင် လူယုတ်မာတကောင်ရဲ့ တိုင်းပြည်ရန်စွယ်ကို ရှင်းပြီးသားဖြစ်မယ်။ မဖမ်းပဲ လွှတ်ထားရင်လဲ့ စစ်တပ် ကြံ့ဖွတိ အမျိုးသားရေးသမားတို့ဆိုတာ ပြည်ထဲရေးရဲ့ အကာမကွယ်ကောင်းကောင်းရနေကြသူတွေဆိုတာ လူထုပိုထင်ထင်ရှားရှားသိမယ်။
ဝီရသူဘယ်လောက်ကြမ်းပြပြ ရမ်းပြပြ သူ့ထောက်ခံသူတချို့ရဲ့လက်ခုပ်သံကိုပဲသူကရမှာ ။ဆန့်ကျင်သူတွေရဲ့ ရွံရှာစက်ဆုပ်မှုနဲ့ ကမ္ဘာမှာ ဘာသာတရားအတွက် ကဲ့ရဲ့ခံရမှုတွေက တိုးတိုးဖြစ်ပေါ်နေမှာ။

Crd: Zawana Shan

ZN.H 🇦🇺



https://m.facebook.com/story.php?story_fbid=138594987231220&id=100032421573172

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အမေရိကန်က ဆရာတော် ဇဝနလျှံ ရေးတဲ့စာ ...”

Post a Comment

Related Posts Plugin for WordPress, Blogger...