ကာချုပ်ကိုအကြည်ညိုပျက်စေမှုနဲ့ ဘဝအလင်းပရဟိတအသင်း ဦးဆောင်ဆရာတော်ဖြစ်တဲ့
အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် ဂန္ဓကုဋီ ဦးဘသိန်းကျောင်း {ရွှေဝါရောင်} ဥူးသောဘိတ{အလင်္ကာကြယ်}က ကာချုပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်တဲ့အတွက် စစ်ဗိုလ်တစ်ယောက်က
၆၆{ဃ}နဲ့တရားစွဲတယ်
{ဆရာတော်ကျောင်းတိုက်က အပခံလိုက်ရတယ်}
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့{မဘသ}အမည်ခံတဲ့အဖွဲ့အစည်းကိုလည်း နာမည်နဲ့လုပ်ဆောင်ချက်
တစ်လွှဲတွေဖြစ်နေတဲ့ ဟာကွက်တွေအတွက် ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိတယ်
ဒါပေမယ့် -------------------
သူထောက်ပြတဲ့အရာတွေက သိပ်ကိုမှန်နေတော့
အနာပေါ်တုတ်ကျသလိုဖြစ်ပြီး နာကြတာပေါ့
အလိမ်အညာတွေပလီပလာတွေမပါဘူးနော်
ဒါအမှန်တရားတွေပြောတာ
စစ်တပ်ကလဲ နေရာတကာဝင်ပါ
သူမဆိုင်သည်ဖြစ်စေ ဆိုင်သည်ဖြစ်စေအကုန်လျှောက်လုပ်
နိုင်ငံရဲ့စီးပွားရေး! လူမူရေး မဆိုင်တာတွေဝင်လုပ်လက်ဝါကြီးအုပ်ချင် ဒါကြောင့်လဲ
ပြင်းပြင်းထန်ထန်ဝေဖန်တယ် အမှန်ကို အသာမခံဘဲ ဘာကြောင့်နာနေကြတာလဲ
စစ်တပ်နဲ့ နိုင်ငံစီပွားရေးဆိုင်လား
စစ်တပ်နဲ့ နိုင်ငံလူမူ့ ရေးဆိုင်လား
စစ်တပ်နဲ့ နိုင်ငံအုပ်ချုပ်မူ့ အာဏာဆိုင်လား
စစ်တပ်နဲ့ ပြည်သူကဏ္ဌဆိုင်လား
စစ်တပ်နဲ့ လယ်ယာမြေတွေလိုက်သိမ်းတာဆိုင်လား
မဆိုင်ဘူးလေ နိုင်ငံကိုကြည့်ကြပ်ကွပ်ကဲဖို့ 
အစိုးရအဖွဲ့အစည်းဆိုတာရှိပြီးသား
နိုင်ငံစီးပွားရေး ပြည်တွင်ပြည်ပ စီးပွားရေး လူမူ့ ရေးတွေစီမံခန့် ခွဲဖို့  သူနေရာသူရှိပြီးသား
ဒါကိုသူနဲ့ဆိုင်လိုလိုနဲ့ အရှက်မရှိလုပ်ချင်နေတယ် သူနေရာသူမနေကြလို့  အသက်ပေးပြီးနိုင်ငံအတွက်ပါအော်နေလည်း ပြည်သူတွေကမုန်းကြ ရွံကြတာ နွားလိုဘဲနားမလည်ကြဘူး
တွေးကြည့်စမ်း
တိုင်းပြည်က စစ်တပ်အတွက်ဖြစ်နေရမှာလား
စစ်တပ်က တိုင်းပြည်အတွက်ရှိနေရမှာလား
တစ်ကယ်တော့ စစ်တပ်ကသာတိုင်းပြည်အတွက်
အဆင်သင့်ရှိနေရမှာ တိုင်းပြည်က စစ်တပ်အတွက်ဖြစ်
မနေသင့်ဘူး သူရဲ့တာဝန်က နိုင်ငံကိုထိပါးလာတဲ့ဘယ်ပုဂ္ဂိုလ်မျိုးကို အစိုးရရဲ့ညွှန်ကြားချက်အတိုင်း ကာကွယ်ရှင်းထုတ်ရမှာဖြစ်တယ်
{လက်နက်ရှိပြီးတော့ ထင်ရာလျှောက်လုပ်တာမဟုတ်ဖူးနော် သူ့ အထက်ကအစိုးရလေ အစိုးရရဲ့ညွှန်ကြားချက်အတိုင်းလုပ်တာပြောတာ}
ဒီနေရာမှာရှင်းရှင်းလေးပြောချင်တာက
ဦးမင်းအောင်လှိုင် ဆိုတဲ့ပုဂ္ဂိုလ်ဟာ
ရှေးဘုရင်ခေတ်အသုံးအနှုန်းဝေါဟာရနဲ့ပြောရရင်
"စစ်သူကြီး" အဆင့်လောက်သာရှိတဲ့သူပါ " စစ်သူကြီး"
ဆိုတာ "စစ်သူကြီး"နဲ့တန်တဲ့နေရာမှာနေရပါတယ်ပ
ပလ္လင်ပေါ်တက်မော်ကြွာချင်တဲ့စိတ်နဲ့ဘယ်လိုမှမလိုက်ဖက်ပါဘူးတင့်လဲမတင့်တယ်ဘူး
ဘယ်ခေတ်တွေတုန်းကမှ စစ်သူကြီးတစ်ယောက်က
နိုင်ငံတစ်နိုင်ငံကိုသူ့ စိတ်ကြိုက်လုပ်ခဲ့ကြတာမရှိဘူး
သူ့ အထက်မှာဘုရင်ဆိုတာရှိပြီးသား
ဒီတော့ ဘာပဲလုပ်လုပ် ဘုရင်ကတိုက်ဆိုတိုက်
ကိုက်ဆိုက်ကိုက်ရတာဘဲ ဒါအမှန်ဆုံးဘဲ
ခုလဲစစ်တပ်ရဲ့အထက်မှာအစိုးရရှိရမယ်ဆိုတာ ဒါလူမှန်နေရမှန်ဘဲ သူနေရာသူမနေဘဲ နေရာတကာစွက်ဖက် နေကြသ၍ အသက်ပေးပြီးလုပ်ကြ
လဲ ပြည်သူ့ ချဉ်ဖတ် ဖြစ်နေကြဦးမှာဘဲလို့ ပြောကြားပါရစေ
2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလဲ
1-ဘယ်သူမဲမပေးသည်ဖြစ်စေ 25%လွှတ်တော်ထဲမှာပါကို
ပါရမယ်ဆိုတာ တရားတယ်ပေါ့လေ။
2-25%မတရားနေရာယူထားတာ 75%ထဲမှာ သူလျှိုတွေလဲထား အဆိုတစ်ခုအတည်ပြုမယ်ဆိုရင်
75%ကျော်မှ ဆက်လက်ဆောင်ရွက်ရမယ်တဲ့
ဒီနှစ်ချက်ကိုအရင်လေ့လာကြည့်ရင် စစ်တပ်ဟာ
ဘယ်လောက်လူပါးဝထားလဲဆိုတာ ထင်ထင်ရှားရှားသိလာ
ပါလိမ့်မယ် ------------------------------
2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလဲ
စစ်တပ်ကရေးဆွဲခဲ့တဲ့ဥပဒေသတွေ
သူတို့ လက်ထက်မှာဒီလိုလူတွေ ရေးဆွဲ ခဲ့တဲ့ဥပဒေဆိုတာ
ပြည်သူတွေအတွက် နာစေ သူတို့ တော့သာစေ ဆိုတဲ့အရာတွေများလို့  အားလုံးကကန့့် ကွက်နေကြတာတစ်ဖက်သတ်တွေကြီးဖြစ်နေလို့ 
စစ်တပ်မှာလက်နက်ရှိသလို
အစိုးရဘက်မှာ ပြည်သူတွေရှိတယ် ဒီခေတ်မှာလုပ်ရဲလုပ်ကြည့်လေ နိုင်ငံတကာကဝင်ဆော်တာခံရလိမ့်မယ့်
ပြည်သူတွေတင်မြောက်ထားတဲ့ရွေးကောက်ခံအနိုင်ရပါတီရှိလျှက်နဲ့အာဏာထပ်သိမ်းနိုင်ဖို့မစဉ်းစားနဲ့ ဒါ1988မဟုတ်ဖူး
သူများနိုင်ငံကထုတ်လုပ်တဲ့လက်နက်နဲ့အခြားနိုင်ငံကို
တိုက်နေလို့ ကတောရီစရာတွေဖြစ်ကုန်မှာ ကိုယ်တိုင်ထုတ်လုပ်တဲ့နိုင်ငံက ပိုပြီးလက်နက်တွေအစစအရာရာကွားခြားပါတယ်
ဝယ်ယူတာနဲ့ ထုတ်လုပ်တာကကွားခြားလွန်းပါတယ်
မြန်မာနိုင်ငံစစ်တပ်က ပြည်တွင်းမှာဟောင်နေတာဟာ
ဘာကြောင့်လဲသေချာလေ့လာလိုက်တော့ နိုင်ငံခြားခရိုနီပြည်တွင်းခရိုနီ -အိမ်နီချင်းနိုင်ငံဖြစ်တဲ့သူ့ ပထွေး တရုတ်အားကိုးနဲ့မိုက်နေတာထင်ရှားလာတယ် ဒါကြောင့် စွာကျယ်စွာကျယ်လုပ်နေတာ။
နားလည်အောင်ပြောမယ် အစိုးရဖြစ်ဖြစ် စစ်တပ်ဖြစ်ဖြစ်
မဘသဖြစ်ဖြစ် NLD ဖြစ်ဖြစ် ကြံခိုင်ရေးဖြစ်ဖြစ် ဘယ်လိုအဖွဲ့အစည်းဖြစ်နေပါစေ ကိုယ့်ထမင်းကိုစားကြလဲ
အမှားအမှန်ကတော့ဘက်မလိုက်ဝေဖန်နေကြမှာဘဲ တစ်ခု
ဘဲ မှားတယ်ပြောတတ်ရင်ဘယ်နေရာတော့တော်သွားတယ်လို့ 
ပြောတတ်ရမှာဖြစ်ပါတယ် ဘက်လိုက်ပြီးမပြောကြလေပို
ကောင်းလေပါပဲ တစ်ခုတော့ဒဲ့ပြောချင်တာရှိတယ် ပြင်းပြင်းထန်ထန်ဝေဖန်တာမကလို့  ဘာနေနေ ဟုတ်ရင်နာကြ မဟုတ်ရင်မနာကြနဲ့
မဟုတ်ဖဲနဲ့ဝေဖန်တာလား ဟုတ်မှမဟုတ်တာ ဘာနာစရာရှိလဲ ဟုတ်ရဲ့သားနဲ့ ဝေဖန်တာလား အမှန်ကိုပြောတာဘဲ ဟုတ်လို့ ဟုတ်တယ်ပြောတာ
ဘာနာစရာရှိလဲ ရှင်းရှင်းလေးရယ်။
အဖိုးဗိုလ်အောင်းဆန်းရဲ့ ဦးဆောင်မှုနဲ့ အလွှာအသီးသီးက တိုင်းရင်းသားညီအကိုတွေရဲ့ စည်းလုံးညီညွှတ်မူတွေကြောင့် ရခဲ့တဲ့လွှတ်လပ်ရေးကို စစ်တပ်က မောင်ပိုင်ဦးစီးပြီး နာမည်ကောင်းဝင်ယူ ပြညသူတွေ အားလုံးပါဝင်ခဲ့တဲ့ တော်လှန်ရေးနေ့ ကို နာမည်ပြောင်း တပ်မတော်သာအမိ တပ်မတော်သာအဖဆိုလိုဆို တိုင်းပြည်ရဲ့အကျိုးကိုသူတို့ ချည်းဘဲဆောင်ရွက်ခဲ့သလိုလို အများကိုယ်စားမပြု သူတို့ သာလျှင်သူကောင်းပြုချင်တဲ့ စစ်တပ်ထိပ်ပိုင်းကလူတွေလုပ်ဆောင်ချက်က သိပ်ကိုအတ္တဆန်နေပါပြီ ။
စစ်သားဆိုတာလဲပြည်သူထဲကမွေးလာတာ ဗိုလ်ချုပ်ဆိုတာလဲ ပြည်သူတွေထဲကပဲမွေးလာတာပါ မွေးမွေးချင်း စစ်သားရယ် ဗိုလ်ချုပ်ရယ်ဆိုပြီး ခွဲခြားပြီးမွေးခဲ့ကြတာမဟုတ်ပါဘူး နယ်ချဲ့တွေ နဲ့ ဖက်စစ်တွေကိုတိုက်ထုတ် တိုင်းပြည်လွတ်လပ်ရေးအတွက်အသက်ပေးခဲ့ကြတဲ့ သွေးတွေရဲ့ရာဇဝင်မှာ ငါတို့ သာလျှင် ကယ်တင်ရှင်လို့  ဘယ်သူကမှ မကြွေးကြော်ခဲ့ကြပါဘူး။တိုင်းပြည်ကိုကာကွယ်ချင်တဲ့ စိတ်ရင်းအစစ်အမှန်နဲ့ ပြည်သူရဲဘော်တွေရယ်လို့  ပြည်သူ့ ကိုယ်စားပြု ပြည်သူ့ စစ်တပ်အဖြစ် ပြည်သူတွေလေးစားရတဲ့စစ်တပ် ကိုယ်ကျိုးအတွက်အသုံးချတာဟာ ဘယ်လိုမှသဘာဝမကျပါဘူး။ဗိုလ်ချုပ်အောင်ဆန်းက စစ်တပ်ကို တိုင်းပြည်ကာကွယ်ရေးအတွက်ဖွဲ့စည်းခဲ့တာပါ။
{အုပ်ချုပ်ဖို့ အတွက်မဟုတ်ဖူးနော်}ဒါကြောင့်လဲပြည်သူတွေရဲ့ အသက်တမျှလေးစားချင်ခင်ခြင်းကို ခံယူခဲ့ရတာပါ။ ဗိုလ်ချုပ်နေဝင်း အစပြုခဲ့တဲ့စစ်တပ်ရဲ့ သမိုင်းဟာ ယနေ့ မျက်မှောက်အချိန်အထိ ဗိုလ်ချုပ်အောင်ဆန်းဦးစီးလုပ်ဆောင်ခဲ့တဲ့ပြည်သူချစ် စစ်တပ်ရဲ့ ဂုဏ်အရှိန်အဝါကိုတုပနိုင်ခြင်းမရှိသေးပါဘူးဟု
ဆိုခဲ့သော် မှားမည်မထင်ပါ ဒါဟာ ဦးဆောင်မှု့ အပိုင်းမှာ ကိုယ်ကျိုးအတွက်ကြည့်တာနဲ့မကြည့်တာအတွက်ကွဲပြားခြင်းရဲ့ရလဒ်တွေဆိုတာဟ ငြင်းပယ်လို့ မရပါဘူး။
ကမ္ဘာပေါ်မှာ စစ်တပ်ရဲ့ သြဇာအာဏာနဲ့ တိုင်းပြည်အုပ်ချုပ်မူ့ အပိုင်းမှာ စွက်ဖက်တဲ့ နိုင်ငံတွေဟာ စစ်အင်အားကို အများရှိန်လောက်အောင်ပြသကောင်းပြသနိုင်ပါလိမ့်မယ်
တိုင်းပြည်တိုးတက်ရေးကဏ္ဌမှာတော့ ပြည်သူတွေဟာနင်းပြားဘဝဖြစ်နေကြဆဲဆိုတာ သာဓကတွေအများကြီးပါ။ဒါဟာ နိုင်ငံရေးနဲ့မှာ စစ်တပ်ရဲ့ပါဝင်ပတ်သက်မူ့ က အာဏာရှင်ဆန်တဲ့ ပတ်သက်မှု့ တွေ နိုင်ငံရေးထဲမှာ ရှိနေဦးမယ်ဆိုရင်တော့ စစ်တပ်ဟာ ပြည်သူကိုကိုယ်စားမပြုဘဲ အာဏာရှင်ထောက်ပံ့ရေးတပ်အဖြစ်ဆိုတာ မိမိကိုယ်မိမိသိသင့်ပါကြောင်း--------------------
ပြည်သူချစ်သောဗိုလ်ချုပ် နှင့်တပ်မတော်အဖြစ်တွေ့မြင်ချင်တဲ့---------------။
ပြည်သူတွေကမေးနေပြီး စစ်တပ်ဆိုတာ စစ်တိုက်တဲ့အဖွဲ့လား တရားစွဲတဲ့အဖွဲ့လားတဲ့ ကဲဖြေ
မောင်မာ{မုံရွာ}
စာသားဖြည့်စွက်ရေးသား 🇼🇸🇼🇸�JoeJoe 🇲🇲🇲🇲 {သာကီနွယ် KAWLIN}
https://m.facebook.com/story.php?story_fbid=309688086573975&id=100025983593158

