Monday, October 12, 2020

အစ္စလာမ်ကာကွယ်ရေး လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန်ကြံစည်သူ ၄ ဦးကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်

,

ကချင်ပြည်နယ်တောတွင်း၌ အစ္စလာမ်ကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ရေးနှင့် အစ္စလာမ်ဘာသာဝင်များအား ကာကွယ်မှုပေးရန်ဟုဆိုကာ မြေနေရာဝယ်ယူ၍ စခန်းတည်ဆောက်ရန်၊ အစ္စလာမ်ဘာသာဝင်လူငယ်များကို ဖောက်ခွဲရေးနှင့်စစ်သင်တန်းပေးရန် KIA ဌာနချုပ် လိုင်ဇာတွင် ဗိုလ်ချုပ်ဂွမ်မော်အပါအဝင် ကေအိုင်အေခေါင်းဆောင်းများနှင့်တွေ့ဆုံ၍ မြန်မာပြည်တွင်း၌ ဘာသာရေးစစ်ပွဲဆင်နွှဲရန် ကြိုးပမ်းကြံစည်ခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့် ၁-ခင်မောင်ဆွေ(ခ)ဗိုလ်မဲ၊ ၂-အဗ္ဗဒူရာမန်(ခ)အေရာမန်၊ ၃-မြင့်သိန်း(ခ)မူဆာဘာ(ခ)ဘာဘူ၊ ၄-ဇော်လေး(ခ)ဇော်မင်းထွေးတို့ လေးဦအား နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂(၁) အရ  မန္တလေးခရိုင်တရားရုံး(၄)မှ ဒီဇင်ဘာ ၂၂ မွန်းလွဲပိုင်းတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တသက်တကျွန်းကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။


၎င်းတို့လေးဦးအား ၂၀၁၄ ဒီဇင်ဘာလတွင် သပိတ်ကျင်းမြို့နယ် (၇) မိုင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းထောက်လှမ်း လက်ဦးမှုရယူ၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ဇန်နဝါရီ ၅ ရက်နေ့တွင် ၎င်းတို့လေးဦးအား နိုင်ငံတော်အား အကြမ်းဖက်ရန် စီစဉ်ဆောင်ရွက်မှု၊ နိုင်ငံတော်လုပ်ကြံမှု ပုဒ်မ ၅(ဋ္ဌ)ဖြင့် ထပ်မံအမိန့်ချမည်ဖြစ်ကြောင်း သိရသည်။


ထွန်း(နေပြည်တော်)

🇲🇲အမှန်တရားဘက်တော်သားများအုပ်စု


<Zawgyi>

အစ္စလာမ်ကာကွယ်ရေး လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန်ကြံစည်သူ ၄ ဦးကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်

------ ------ ------ ------ ------

ကချင်ပြည်နယ်တောတွင်း၌ အစ္စလာမ်ကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ရေးနှင့် အစ္စလာမ်ဘာသာဝင်များအား ကာကွယ်မှုပေးရန်ဟုဆိုကာ မြေနေရာဝယ်ယူ၍ စခန်းတည်ဆောက်ရန်၊ အစ္စလာမ်ဘာသာဝင်လူငယ်များကို ဖောက်ခွဲရေးနှင့်စစ်သင်တန်းပေးရန် KIA ဌာနချုပ် လိုင်ဇာတွင် ဗိုလ်ချုပ်ဂွမ်မော်အပါအ၀င် ကေအိုင်အေခေါင်းဆောင်းများနှင့်တွေ့ဆုံ၍ မြန်မာပြည်တွင်း၌ ဘာသာရေးစစ်ပွဲဆင်နွှဲရန် ကြိုးပမ်းကြံစည်ခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့် ၁-ခင်မောင်ဆွေ(ခ)ဗိုလ်မဲ၊ ၂-အဗ္ဗဒူရာမန်(ခ)အေရာမန်၊ ၃-မြင့်သိန်း(ခ)မူဆာဘာ(ခ)ဘာဘူ၊ ၄-ဇော်လေး(ခ)ဇော်မင်းထွေးတို့ လေးဦအား နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂(၁) အရ  မန္တလေးခရိုင်တရားရုံး(၄)မှ ဒီဇင်ဘာ ၂၂ မွန်းလွဲပိုင်းတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တသက်တကျွန်းကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။


၎င်းတို့လေးဦးအား ၂၀၁၄ ဒီဇင်ဘာလတွင် သပိတ်ကျင်းမြို့နယ် (၇) မိုင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းထောက်လှမ်း လက်ဦးမှုရယူ၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ဇန်န၀ါရီ ၅ ရက်နေ့တွင် ၎င်းတို့လေးဦးအား နိုင်ငံတော်အား အကြမ်းဖက်ရန် စီစဉ်ဆောင်ရွက်မှု၊ နိုင်ငံတော်လုပ်ကြံမှု ပုဒ်မ ၅(ဋ္ဌ)ဖြင့် ထပ်မံအမိန့်ချမည်ဖြစ်ကြောင်း သိရသည်။


ထွန်း(နေပြည်တော်)

🇲🇲အမှန်တရားဘက်တော်သားများအုပ်စု


https://m.facebook.com/story.php?story_fbid=133611398484100&id=100055057224681

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အစ္စလာမ်ကာကွယ်ရေး လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန်ကြံစည်သူ ၄ ဦးကို ထောင်ဒဏ်တသက်တကျွန်း ချမှတ် ”

Post a Comment

Related Posts Plugin for WordPress, Blogger...