WPH, 9-10-2020, Insein
ကျွန်တော်အခုပြောပြမယ့် အချက်ကို အားလုံး ကြိုတင်သိထားရင် ၂၀၂၀၊ နိုဝင်ဘာလ (၈)ရက်နေ့ မဲပေးရမယ့်နေ့မှာ ဘာလုပ်ကြရမလဲ ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။
အရေးကြီးတာက မဲရုံထဲက မဲရုံမှုးတွေနဲ့ မဲရုံတာဝန်ရှိသူတွေ၊ ပါတီကိုယ်စားပြု မဲရုံကိုယ်စားလှယ်တွေပါ။
ပြီးရင်တော့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်တွေဖြစ်ပါတယ်။
ကိုဗစ်ဟာ လူတွေရဲ့ကျန်းမာရေးအတွက်အရေးကြီးသလို ရွေးကောက်ပွဲဟာလည်း လူတွေရဲ့ဘဝလုံခြုံတိုးတက်ရေးနဲ့ အနာဂတ်မျိုးဆက်တွေအတွက် အထူးအရေးကြီးပါတယ်။
ဒီရွေးကောက်ပွဲကို ရွှေ့ချင်တဲ့သူတွေ၊ ဖျက်ချင်တဲ့သူတွေ၊ တစ်ချို့က မဲရုံမှာတာဝန်ယူပေးကြမယ့် ဆရာ၊ ဆရာမတွေကို မဲရုံတာဝန်တွေမယူရဲအောင် သွေးထိုးနေတဲ့သူတွေ၊ မဲလာပေးမယ့် နိုင်ငံသားတွေ မဲလာမပေးရဲအောင် တောခြောက်နေတဲ့သူတွေ အဲ့ဒီသူတွေရဲ့ လုပ်လာနိုင်တဲ့ အကွက်တစ်ကွက်၊ ဗျူဟာတစ်ခုကို ကျွန်တော်ကြိုမြင်မိလို့ ဒီစာကိုရေးရပါတယ်။
မဲရုံထဲမှာခြောက်မယ့်တစ္ဆေဟာ တခြားမဟုတ်ဘူး။ မဲလာပေးရင်း လူတွေကြောက်အောင် ကြမ်းပြင်ပေါ် လဲကျပြပါလိမ့်မယ်။ အဲ့လို လဲကျသွားတဲ့အခါ ဘေးကလူတွေက လန့်ကြပါလိမ့်မယ်။ မဲပေးဖို့ တန်းစီနေတဲ့သူတွေလည်း ရုတ်ရုတ် ရုတ်ရုတ် ဖြစ်ကြပါလိမ့်မယ်။ မဲရုံမှုးကလည်း ခြေမကိုင်မိ၊ လက်မကိုင်မိ၊ ဘယ်ကစလို့ ဘာလုပ်ရမယ်မသိဖြစ်ရင် မဲပေးနေတာကို ရပ်ထားတဲ့အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။ မနက် ၆နာရီကနေ ညနေ ၄နာရီအတွင်းပဲ မဲပေးရမယ့်သူတွေဟာ အလျင်မီအောင် ပေးရပါမယ်။ မတော်လို့ အဲ့ဒီလို အကြံသမားက ရုပ်ရှင်ဆန်ဆန် ပွဲပျက်အောင် ဖျက်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။
၁။ တကယ်ကျန်းမာရေးချို့ယွင်းလို့ လဲကျတာပဲဖြစ်ဖြစ်
၂။ မင်းသားကြီးမလုပ်ရတော့မယ့်အနေအထားမှာ ပက်မကြီးထိုးခွဲမယ့်အကြံနဲ့ ဟန်ဆောင်လဲကျတာပဲဖြစ်ဖြစ် အရေးပေါ်ဖြစ်လာရင်...
မိနစ်ပိုင်းအတွင်း ထိုလူကို မဲရုံအပြင်ထုတ်ပြီး ဆေးရုံချက်ချင်းပို့နိုင်ဖို့ အရေးပေါ်လူနာတင်ယာဉ်တွေ အဆင်သင့်ရှိနေရပါမယ်။
တစ်ရပ်ကွက်ကို အရေးပေါ်လူနာတင်ယာဉ်နဲ့ ယာဉ်မောင်း၊ အကူ ပရဟိတစေတနာ့ဝန်ထမ်း ၂ဦးဟာ Stand by ရှိနေဖို့လိုပါမယ်။
အရေးပေါ်ကားအခက်အခဲရှိတဲ့နေရာတွေမှာ စေတနာ့ဝန်ထမ်းတွေဟာ PPE ဝတ်စုံအဆင်သင့်ထားရှိပြီး အနီးဆုံး Ambulance ကားနဲ့ချိတ်ဆက် ဆောင်ရွက်ဖို့လိုပါတယ်။
ကျန်းမာရေးဘက်က မဲရုံတစ်ရုံချင်းစီအလိုက် ကျန်းမာရေးဆရာ/မ တွေထားပေးဖို့ဆိုတာကလည်း ဖြစ်နိုင်ချေနည်းပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ဘက်က ဘာတွေလုပ်ပေးဖို့လိုသလဲဆိုရင်...
မဲပေးရမယ့်နေ့မှာ အရေးပေါ်လူနာတင်ယာဉ်မောင်းမယ့်၊ ကူမယ့် စေတနာ့ဝန်ထမ်းတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့နဲ့ ကြိုတင်ညှိနှိုင်းစာရင်းပြုစုပြီး ကြိုတင်မဲ ပေးထားနိုင်ရေး ဆောင်ရွက်ပေးဖို့လိုပါတယ်။
မဲရုံတွေထဲမှာ အရေးပေါ်ဆက်သွယ်ရမယ့် Ambulance ကားတွေ
ပဲဖြစ်ဖြစ်၊ စီမံကွပ်ကဲပေးမယ့် တာဝန်ခံတွေရဲ့ တယ်လီဖုန်းနံပါတ်တွေပဲဖြစ်ဖြစ် ကပ်ထားပေးဖို့ လိုပါတယ်။
ပြည်သူလူထုကလည်း မိမိတို့နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး
မဲပေးပိုင်ခွင့် မနစ်နာရအောင်၊ မဆုံးရှုံးရအောင် ပါဝင်ကူညီပေးကြဖို့ လိုပါတယ်။ ဘယ်လိုကူညီရမလဲဆိုရင်...
မဲလာပေးကြတဲ့သူတွေ စိုးရိမ်ထိတ်လန့်မှုမရှိအောင်၊ ရုတ်ရုတ်သဲသဲ
မဖြစ်အောင်၊ လူစုလူဝေးကြီးနဲ့ ဝိုင်းအုံတာမျိုးတွေမရှိအောင် အချင်းချင်း ထိန်းကျောင်းပေးကြဖို့ဖြစ်ပါတယ်။
အကောင်းဆုံးကိုမျှော်လင့်ပြီး အဆိုးဆုံးကိုလည်း ကြိုတင်ပြင်ဆင်ထားကြဖို့ အကြံပြုလိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ယခု ကျွန်တော်အကြံပြုထားသလို၊ တွေးမိထားသလို ကြိုပြီးမြင်ထားလိမ့်မယ်လို့လည်းထင်ပါတယ်။
ကျွန်တော်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ မသမာသူတွေရဲ့ လှည့်ကွက်အောက် ပွဲပျက်သွားရတဲ့ အဖြစ်မျိုး မရှိရလေအောင်
ဒီစာကိုရေးရခြင်းဖြစ်ပါတယ်။
အားလုံးသော နိုင်ငံသားတွေ ရွေးကောက်ပွဲနေ့ မဲပေးနိုင်ကြပါစေ။
ကိုဗစ်ရန်မှလည်း လွတ်ကင်း လွန်မြောက်နိုင်ကြပါစေ။
(ဝေဖြိုးဟန် တစ်ထွာတစ်မိုက်အမြင်ဖြင့် အကြံပြုရေးသားသည်)
၉-၁၀-၂၀၂၀
Crd
https://www.facebook.com/100009148829040/posts/2643336445981290/

