လဝကကိုပြဿနာရှာနေကြသောတိုင်းရင်းသား
မဟုတ်သူများသိစေရန်
=====================
၁။#မြန်မာပြည်မှာမွေးတိုင်း၊မြန်မာပြည်မှာနေတိုင်း
ဗမာမဟုတ်ပါ # (ဗမာဖြစ်ချင်တဲ့စိတ်ကိုကိုယ်ချင်းစာ
ပါတယ်၊ကိုယ့်လူမျိုးကိုဂုဏ်ယူပီး မြတ်နိုးကြပါ၊
လဝကရုံးကိုရောက်လာရင်တရုတ်က ရှမ်းလို့
ပြောတယ် အိန္ဒိယနွယ်ဖွားက ဗမာလို့ပြောတယ်
ဗမာနဲ့မရရင်ပြဿနာရှာတယ်)
၂။#ခွဲခြားဆက်ဆံတယ်ဆိုပီးတိုင်ကြတယ် #
(တကယ်တော့ဝန်ထမ်းတွေက ခွဲခြားဆက်ဆံတာ
မဟုတ်ဘူး၊၁၉၈၂-ခုနှစ်မြန်မာနိုင်ငံသားဥပဒေမှာ
တိုင်းရင်းသားကိုဘယ်ပုဒ်မနဲ့ဘယ်လိုဆောင်ရွက်ပါ
တိုင်းရင်းသားမဟုတ်သူကို ဘယ်ပုဒ်မနဲ့ဆောင်ရွက်ပါ
ဆိုပြီး ဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊
အမိန့် ညွှန်ကြားချက်တွေနဲ့အညီလုပ်ခိုင်းလို့
လုပ်နေရတာ၊ဥပဒေက ခွဲခြားထားတာ)
၃။ #ကိုးကွယ်တဲ့ဘာသာကိုအခြေမခံဘူး
လူမျိုးကို အခြေခံတယ် # (ဗုဒ္ဓဘာသာကိုးကွယ်တိုင်း
ဗမာမဟုတ်သလို အစ္စလာမ်ဘာသာကိုးကွယ်တိုင်းလဲ
အိန္ဒိယနွယ်ဖွား မဟုတ်ပါ၊ဒါပေမဲ့၉၅%တော့မှန်လိမ့်မယ်၊
အချို့ဗမာတွေ အိမ်ထောင်ဘက်ရဲ့ဘာသာကူးပြောင်း
သွားတာတွေရှိတယ်၊)
၎။ #ယခင်က ဗမာနဲ့ရပီး အခုဗမာနဲ့လုပ်မရတော့
တာကိုပြောနေကြတယ် #
( ကွင်းဆင်းခြင်းရဲ့ဆိုးကျိုးတွေ၊အမြန်စေခိုင်းချက်တွေ၊
ဝန်ထမ်းများဥပဒေမကျွမ်းကျင်မှုတွေ၊ ကာယကံရှင်တွေရဲ့
ဗမာနဲ့ရလိုမှုအတွက်တွေကြောင့် အားလုံးဗမာနဲ့ရ
ကုန်တယ်၊ ဗမာနဲ့မှားယွင်းထုတ်ပေးမိတာ
အများကြီးဘဲ၊ ဒါပေမဲ့အခုအချိန်မှာလူမျိုးအမှန်နဲ့
သာထုတ်ပေးဘို့ ညွှန်ကြားထားတယ်၊
ကာယကံရှင်ကို 420 နဲ့တရားမစွဲဘဲ သေချာရှင်းပြပီး
လူမျိုးအမှန်အတိုင်းပြန်လုပ်ပေးတယ်)
၅။ #လဝကပါဆိုမှစစ်ဆေးမှာပေါ့ #
(စစ်ဆေးရမှာက လဝကတာဝန်လေ၊
ကိုယ်ဘာလူမျိုးဖြစ်တယ် ဥပဒေအရနိုင်ငံသား
ဖြစ်တယ်ဆိုတာကို သက်သေပြရမှာက
အလွှာရှင်တာဝန်လေ၊ မစစ်ဆေးဘဲ မှားယွင်း
ထုတ်ပေးမိရင် ဝန်ထမ်းအရေးယူခံရမယ်၊
အလွှာရှင်က မိဘဘိုးဘွားကိုင်ဆောင်ခဲ့တဲ့
အထောက်အထား ရှာဖွေတင်ပြရမယ်လေ)
၆။#လူတိုင်းကို နိုင်ငံသားကတ်ထုတ်ပေးနေတာ
မဟုတ်ပါ #
(အလွှာရှင် တင်ပြတဲ့ အထောက်အထားနဲ့
မိဘဘိုးဘွားတွေကိုင်ဆောင်လက်မှတ်ပေါ်
မူတည်ပီး နိုင်ငံသားရတဲ့သူရမယ်၊ဧည့်နိုင်ငံသား
ရတဲ့သူရမယ်၊နိုင်ငံသားပြု ရတဲ့သူရမယ်၊
အထောက်အထားမပြည့်စုံဘဲ နိုင်ငံသား
လိုချင်နေလို့ဘယ်ရမလဲ၊ မပြည့်စုံလို့ အချိန်ကြာ
နေရတာကိုအပြစ်မပြောနဲ့လေ၊ပြည့်စုံရဲ့သားနဲ့
ကြာနေရင်တော့ ဝန်ထမ်းအပြစ်ပေါ့)
၇။#ဘယ်လိုခေါ်တာကြိုက်ပါသလဲ #
(ကုလားလို့ခေါ်မရ၊ သွေးနှောလို့မပြောရ၊
ဗမာလို့လဲခေါ်လို့မဖြစ်၊ ဆိုတော့အိန္ဒိယနွယ်ဖွားလို့
ခေါ်ရမလား ၊ ပုဒ်မ ၆/၇ လို့ခေါ်ရမလား၊ တိုင်းရင်းသား
မဟုတ်သူလို့ခေါ်ရမလား၊ ဘယ်ဟာကြိုက်သလဲ၊
အားလုံးအတူတူပါဘဲ၊အရာကြီးနဲ့ဘာဘူ နဲ့ဘဲကွာတာပါ၊)
၈။#ဥပဒေအရနိင်ငံသား(ပုဒ်မ ၆/၇)ဆိုတာဘာလဲ #
( ၁၅ -၁၀ -၁၉၈၂ )မတိုင်မီမွေးလျှင် ပုဒ်မ- ၆ နောက်ပိုင်း
မွေးလျှင် ပုဒ်မ -၇ ၊ပုဒ်မ -၇ နဲ့အကျုံးဝင်/မဝင်ဆိုတာ
မိဘကိုဘဲစစ်ဆေးရမှာဖြစ်တယ်၊ ပုဒ်မ ၆ ဟုတ်မဟုတ်
တိုင်းတာရမဲ့ ပုဒ်မတွေအများကြီးရှိပေမဲ့ အဓိကကျတဲ့
၅ ခုကိုဘဲ ပြောမယ်
(က) UCC ကိုင်ဆောင်သူ (ခ)9(2)
(မိဘရဲ့နိုင်ငံသားလက်မှတ်မှာအမည်ပါဝင်သော
အရွယ်မရောက်သေးသည့်ကလေး၊အရွယ်ရောက်ပီး
တစ်နှစ်အတွင်းကျမ်းကျိန်ရမည်)
(ဂ) ၅(က) (နိုင်ငံသားမိဘတစ်ပါးပါးမှ
မွေးဖွားသူ၊ဖခင် နိင်ငံခြားသားဆိုလျှင် ၁၈ နှစ်နှင့်၁၉နှစ် ကြားကျမ်းကျိန်ရမယ်၊မိခင်နိုင်ငံခြားသားဆိုလျှင်
ကျမ်းကျိန်စရာမလိုဘူး)
(ဃ ) ၄ ( ၂) (ဘိုးဘွားလက်ထက်မှစ၍
ပင်ရင်းတိုင်းပြည်အဖြစ် နေထိုင်သူ။ ဘိုးဘွား ၄ ဦး
၁၉၄၈ ခုနှစ် မတိုင်မီ မြန်မာပြည် ရောက် /နေ /သေ
မိမိနဲ့မိဘနှစ်ပါး မွေး /နေ ဖြစ်ရမယ်)
(င ) 11(b) (ဘိုးဘွားများအနက်အနဲဆုံးတစ်ဦး
တိုင်းရင်းသားဖြစ်ရမယ်။တိုင်းရင်းသားဖြစ်ကြောင်း
အထောက်အထားပြနိုင်ရမယ်)
( က)မှ( ဃ)အထိက ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား
ဖြစ်မှု အက်ဥပဒေဖြစ်ပီး 11(b ) က ၁၉၄၇-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံ ဥပဒေ ဖြစ်တယ်။
၉။ #ညီအကိုမောင်နှမတော်တိုင်း နိုင်ငံသားမရပါ #
(မိဘတွေရဲ့ကိုင်ဆောင်လက်မှတ် ရရှိတဲ့ရက်နေ့ အပေါ်
မူတည်ပီး မောင်နှမအရင်းဖြစ်ပေမဲ့ နိုင်ငံသား
ရတဲ့သူရမယ်၊ဧည့်နိုင်ငံသား / နိုင်ငံသားပြုရတဲ့သူရမယ်၊
၁၉၈၂ ဥပဒေဘဲ၊ ဥပဒေကိုလေ့လာကြပါ)
၁၀။ #နောက်ဆုံးတစ်နည်းဘဲရှိတော့တယ် #
( ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေ အရ
အိန္ဒိယနွယ်ဖွားတွေ ဗမာ နဲ့မရနိုင်ပါ။
ဗမာနဲ့လိုချင်လျှင် ၈၂ ဥပဒေကို ဖျက်နိုင်လျှင်ဖျက်
ပြင်နိုင်လျှင်ပြင်ပါ။ မလုပ်နိုင်သေးဘဲ
လဝကမြို့နယ်ရုံးကအောက်ခြေဝန်ထမ်းတွေကို
ပြဿနာ မရှာပါနှင့်။ လူမျိုးတော့ပြင်လို့ရမှာ
မဟုတ်ဘူး၊နိုင်ကတ်မှာလူမျိုး ဖြုတ်ပီး အားလုံး
မြန်မာ လုပ်ကြပေါ့၊ မြန်ဆန်ဖို့အတွက်ဌာနကလဲ
ဖြေလျော့ပေးတဲ့အနေနဲ့ မြို့နယ်ရုံးတွေမှာ
ADထား ပီး ပုဒ်မ ၆/ ၇ အမှုတွဲတွေထဲက
၎( ၂) ကလွဲပီး ကျန်တာလက်မှတ်ထိုးခွင့်
ပြုလိုက်ပေါ့
OK နိုင်ငံသားအားလုံး covid ဘေးကင်းဝေးကြပါစေ။
Crd.
https://m.facebook.com/story.php?story_fbid=1082262848902013&id=100013549237301

